Connect with us

Hi, what are you looking for?

သတင်း

ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် အဖွဲ့ စခန်းစွန့်ထွက်ပြေး

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်သားများနှင့် ပြည်သူ့စစ်အဖွဲ့များ အထိုင်ချထားသည့်နေရာကို တော်လှန်ရေးပူးပေါင်းတပ်များ၏ မကြာခဏတိုက်ခိုက်ခံရမှုကြောင့် စခန်းစွန့်ထွက်ပြေးသွားကြောင်း ကရင်အမျိုးသားကာကွယ်ရေးတပ် ဖွဲ့ KNDO၊ တပ်ရင်း(၇) တပ်ခွဲ(၅)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

သိမ်းဆည်းရရှိခဲ့သော စစ်ကောင်စီတပ်သားများ၏ အသုံးအဆောင်ပစ္စည်းများကိုတွေ့ရစဥ်။ ဓာတ်ပုံ-ပေးပို့

ကျော်ဇော/People’s Spring

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်သားများနှင့် ပြည်သူ့စစ်အဖွဲ့များ အထိုင်ချထားသည့်နေရာကို တော်လှန်ရေးပူးပေါင်းတပ်များ၏ မကြာခဏတိုက်ခိုက်ခံရမှုကြောင့် စခန်းစွန့်ထွက်ပြေးသွားကြောင်း ကရင်အမျိုးသားကာကွယ်ရေးတပ် ဖွဲ့ KNDO၊ တပ်ရင်း(၇) တပ်ခွဲ(၅)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ပုလောမြို့နယ်၊ ပုလောကုန်ကျေးရွာတွင် အင်အား ၃၀ကျော်ဖြင့် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်ပူးပေါင်းအဖွဲ့သည် ဇူလိုင်နောက်ဆုံးပတ်တွင် စခန်းစွန့်သွားခြင်းဖြစ်ပြီး ယင်းစခန်းနေရာကို ဇူလိုင် ၂၉ရက်က နယ်မြေရှင်းလင်းရေးလုပ်ဆောင်နိုင်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

“သိမ်းဆည်းရမိတဲ့ပစ္စည်းကတော့ ထွေထွေ ထူးထူးမရှိဘူး။ အဓိကကတော့ ကျနော်တို့ နယ်မြေရှင်းလင်းရေးလုပ်ရတဲ့အနေအထားပေါ့။ သူတို့ရဲ့စခန်းကို စွန့်ခွာပြီးမှ ထွက်ပြေးတဲ့အနေအထားမို့ သူတို့သုံးစွဲပြီးသားလက် ကျန်လေးတွေ၊ ပြီးတော့ စစ်ကောင်စီရဲ့ ပြည် သူ့စစ်ယူနီဖောင်းတွေပေါ့။ ဒါတွေအားလုံးကို ပြည်သူပိုင်အနေနဲ့ သိမ်းဆည်းခဲ့တယ်”ဟု KNDO တပ်ခွဲ(၅)မှ တာဝန်ရှိသူက ပြောသည်။

သိမ်းဆည်းရရှိသော စစ်သုံးပစ္စည်းများတွင် တူမီးနှစ်လက်၊ လေသေနတ်တစ်လက်နှင့် ခဲယမ်းထည့်သည့် သေတ္တာများ၊ ပြည်သူ့ယူနီ ဖောင်းများပါဝင်ကြောင်း ၎င်းက ရှင်းပြ သည်။

ဇူလိုင် ၇ရက်ကလည်း ပုလောမြို့နယ် (၅)မိုင်ကျေးရွာဘက်သို့ စစ်ကောင်စီတပ် ခလရ (၂၈၅)မှ အင်အား ၅၀ကျော်ဖြင့်စစ်ကြောင်းထိုးလာရာ KNDO တပ်ရင်း ၇၊ တပ်ခွဲ ၅ နှင့် PDF ပူးပေါင်းတပ်များက လမ်းမှစောင့်ကြိုတိုက်ခိုက်ခဲ့သေးသည်။

အဆိုပါ (၅)မိုင်ရွာအနီး တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦးအပါအဝင် ငါးဦးသေဆုံးပြီး သေနတ်ခုနစ်လက်နှင့် ခဲယမ်းအများအပြားရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့စစ်တွေအသတ်ခံရပြီးနောက် စစ်တပ်အင်အား၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုး

သတင်း

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ် မဇောကျေးရွာအုပ်စု တုံးဗျောရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ကို ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက် ၄လက် သိမ်းရခဲ့တယ်လို့ KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ် မြစ်ကြီးနား-တနိုင်းသွား လီဒိုလမ်းမပေါ်က နောင်းမီရွာဒေသခံ ၄ဦးကို စစ်တပ် လက်အောက်ခံ မင်းဇေသန့်ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း အဲဒီအဖွဲ့က ဝန်ခံခဲ့ပေမဲ့ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေ ပြန်ပေးအပ်တာမရှိဘူးလို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။