Connect with us

Hi, what are you looking for?

သတင်း

ပဲခူးရေဘေး လူနှစ်ဦး ဓာတ်လိုက်သေဆုံး

ပဲခူးမြို့မှ ရေဘေးသင့်သူများအား အရပ်ဖက် အဖွဲ့အချို့က ကူညီကယ်ဆယ်ရေးလုပ်ဆောင်စဉ်။ ဓာတ်ပုံ - CJ

မိထက်/People’s Spring

ပဲခူးမြစ်‌ရေမြင့်တက်ပြီး ရေကြီးနေသည့် ပဲခူးမြို့တွင် ပြတ်ကျနေသည့် လျှပ်စစ်ကြိုးမှ ဓာတ်လိုက်ပြီး အမျိုးသားနှစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့သည်။

တနေ့တည်း လူနှစ်ဦး ဓာတ်လိုက်သေဆုံးမှုသည် ယနေ့(ဇူလိုင်လ ၃၀ရက်)‌ နေ့လယ်ပိုင်း၌ ဖြစ်ပွားခဲ့ခြင်းဟု သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

ရွှေမော်ဓောဘုရားလမ်း အမှတ်(၁)ကျောင်းရှေ့အနီး၌ လူငယ်တစ်ဦး၊ နိုင်းငနိုင်တောင် ရပ်ကွက် တနေရာ၌ (၃၀)ကျော် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ခြင်း ဒေသခံများကပြောသည်။

” ရေဘေးကတွေ့၊ မီးက ပြတ်ချင်ပြတ်၊လာချင်လာနဲ့ တော်တော်လေးကို အဆင်မပြေတာဗျ။ လူသေဆုံးလည်း EPCကကောင်းတွေက သာသာလေးပဲ။ ဘယ်ကောင်မှ တာဝန်မယူဘူး”ဟု ပဲခူးမြို့ခံတစ်ဦးက ပြောသည်။

ပဲခူးမြစ်ရေသည် ပဲခူးမြို့အတွင်း စိုးရိမ်ရေမှတ် အထက်၌ ၄ပေကျော်မြင့်တက်နေပြီး မြို့ပေါ်ရပ်ကွက်မှ မြေနိမ့်ပိုင်းများတွင် ရေ‌ဘေးကြုံတွေ့နေသည်။ ပဲခူးမြို့တွင် ရေဘေးသင့်ပြည်သူ ငါးသောင်းကျော်ရှိနေပြီး ရေဘေးကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထားရသည်။

ပဲခူးတိုင်းအတွင်းရပဲခူးမြစ်၊စစ်တောင်းမြစ်၊ ရွှေကျင်မြစ်တို့လည်း စိုးရိမ်ရေမှတ်အထက် မြင့်တက်နေပြီး မြို့နယ်အများစုမှာ ရေကြီးနစ်မြုပ်မှုကြုံတွေ့နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ယနေ့ ဩဂုတ် ၄ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေဆင်းလာလို့ ရေဘေးနဲ့ မြေပြိုမှု‌ဘေး ထပ်မံကြုံတွေ့နေပါတယ်။

သတင်း

ရေဘေးကယ်ဆယ်ရေး စစ်ကောင်စီ စနစ်တကျမစီမံနိုင်လို့ အန္တရာယ်ပိုကြီးလာ

သတင်း

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ လေးမျက်နှာ-ငါးသိုင်းချောင်းလမ်းပိုင်းဆက်သွယ်ထားတဲ့ တံတားတစ်စင်း ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးခဲ့တယ်လို့ ကယ်ဆယ်ရေးလုပ်ကိုင်သူတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်