Connect with us

Hi, what are you looking for?

နိုင်ငံတကာ

Liveလွှင့်နေချိန် ဇနီးဟောင်းကို မီးရှို့သတ်တဲ့ တရုတ်နိုင်ငံသား သေဒဏ်ချမှတ်ခံရ

လာမိုရဲ့ ခန္ဓာကိုယ် ၉၀ ရာခိုင်နှုန်းလောက်က မီးသင့် လောင်ကျွမ်းသွားခဲ့ပါတယ်။ သူဟာ ဆေးရုံမှာ နှစ်ပတ်လောက်ကြာအောင် ဝေဒနာ ပြင်းပြင်းထန်ထန် ခံစားရပြီးမှ ကွယ်လွန်သွားခဲ့ပါတယ်။ လာမိုနဲ့ တန်လျူတို့ဟာ မနှစ်က ဇွန်လမှာ တရားဝင် ကွာရှင်းထားခဲ့ပြီး ဖြစ်ပါတယ်။

အွန်လိုင်းမှာ Liveလွှင့်နေတုန်း ဇနီးဟောင်းကို မီးရှို့သတ်ခဲ့တဲ့ တရုတ်နိုင်ငံသား တစ်ဦးကို သေဒဏ် ချမှတ်လိုက်ကြောင်း သိရပါတယ်။

ဒီလူသတ်မှုဟာ တရုတ်တစ်နိုင်ငံလုံးကို တုန်လှုပ်စေခဲ့ပြီး တရားခံ တန်လျူရဲ့ လုပ်ရပ်အပေါ် အပြင်းအထန် ရှုတ်ချမှုတွေ ထွက်ပေါ်ခဲ့ပါတယ်။ သေဆုံးသူဟာ အသက် ၃၀ အရွယ် လာမိုဆိုတဲ့ အမျိုးသမီးပါ။ သူဟာ ဆီချွမ်ဒေသမှာ နေထိုင်တဲ့ တိဘက်အနွယ်ဝင် အမျိုးသမီး တစ်ဦးဖြစ်ပြီး ဗီဒီယိုတွေ တိုက်ရိုက် Liveလွှင့်ပြီး Streaming လုပ်လေ့ ရှိပါတယ်။ လာမိုမှာ သူ့ကို အားပေးတဲ့ သီးသန့် Follower ပရိသတ်တွေလည်း ရှိပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းကတော့ သူဟာ ဗီဒီယိုတစ်ခု Liveလွှင့်နေတုန်း အမျိုးသား တစ်ဦးက ရုတ်တရက် ရောက်ရှိလာပြီး လာမိုကို ဓာတ်ဆီတွေလောင်း၊ မီးရှို့ခဲ့ပါတယ်။ ဒီထိတ်လန့်စရာ မြင်ကွင်းကို အမျိုးသမီးရဲ့ Follower တော်တော်များများက Live Streaming တွေ့မြင်ခဲ့ကြပါတယ်။ နောက်ပိုင်း စစ်ဆေး အတည်ပြုချက်တွေအရ ကျူးလွန်သူဟာ လာမိုရဲ့ ခင်ပွန်းဟောင်း တန်လျူဆိုတာ စစ်ဆေး ပေါ်ပေါက်လာခဲ့ပါတယ်။

လာမိုရဲ့ ခန္ဓာကိုယ် ၉၀ ရာခိုင်နှုန်းလောက်က မီးသင့် လောင်ကျွမ်းသွားခဲ့ပါတယ်။ သူဟာ ဆေးရုံမှာ နှစ်ပတ်လောက်ကြာအောင် ဝေဒနာ ပြင်းပြင်းထန်ထန် ခံစားရပြီးမှ ကွယ်လွန်သွားခဲ့ပါတယ်။ လာမိုနဲ့ တန်လျူတို့ဟာ မနှစ်က ဇွန်လမှာ တရားဝင် ကွာရှင်းထားခဲ့ပြီး ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

တန်လျူဟာ အရင်ကတည်းက လာမိုအပေါ် ကိုယ်ထိလက်ရောက် ရန်ပြုတာမျိုးတွေ ရှိခဲ့ပါတယ်။ အိမ်ထောင်သက် တလျှောက်လုံးမှာ လာမိုဟာ ခင်ပွန်းရဲ့ နှိပ်စက် ရိုက်နှက်မှုတွေ မကြာခဏ ခံခဲ့ရဖူးတယ်လို့လည်း သိရပါတယ်။

အောက်တိုဘာ ၁၄ ရက် တရားခွင်မှာတော့ တရားသူကြီးက တန်လျူအနေနဲ့ လူသတ်ကြောင်း ပြစ်မှု ထင်ရှားတဲ့အတွက် သေဒဏ်ကျခံဖို့ စီရင်ချက် ချမှတ်လိုက်ပါတယ်။ ပြီးတော့ လာမိုရဲ့ ကျန်ရစ်သူ မိသားစုကိုလည်း တရားခံက နစ်နာကြေး ပေးလျော်ရမှာ ဖြစ်ပါတယ်။

တရားသူကြီးက တန်လျူ ကျူးလွန်တဲ့ လူသတ်မှုဟာ ရုတ်တရက် ဒေါသထွက်သွားတာမျိုး မဟုတ်ဘဲ ကြိုတင် ကြံစည်မှုနဲ့ အလွန်အမင်း ရက်စက် ကြမ်းကြုတ်မှုတွေ ရှိနေတယ်လို့လည်း သုံးသပ်ခဲ့ပါတယ်။ ဒီအမှုကို တရုတ်မှာ ပြည်သူအများစု စိတ်ဝင်တစား သတင်းစောင့်ကြည့်နေခဲ့ကြပြီး တရားရုံး စီရင်ချက်အပေါ် ကြိုဆို ထောက်ခံခဲ့ကြပါတယ်။

တန်လျူက သူဟာ ဇနီးဟောင်းနဲ့ ပြန်ပေါင်းထုပ်ဖို့ ချဉ်းကပ် တောင်းဆိုခဲ့ပေမယ့် လာမိုက ခါးခါးသီးသီး ငြင်းဆန်နေတာကြောင့် အညှိုးထားမိခဲ့ကြောင်း ဝန်ခံပါတယ်။ ဒီခါးသီးမှုတွေကပဲ လူသတ်မှု ကျူးလွန်တဲ့ အဆင့်ထိ ရောက်သွားစေတယ်လို့ သူက ထွက်ဆိုပါတယ်။

ဒီအမှုနဲ့ ဆက်စပ်ပြီး တရုတ်မှာ အမျိုးသမီးတွေ အနိုင်ကျင့် ခံနေရတဲ့ ပြဿနာတွေအပေါ် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုတွေလည်း ရှိလာပါတယ်။ အမျိုးသမီး အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေကတော့ ထုံးတမ်း အစဉ်အလာတွေအရ တရုတ်မှာ အိမ်တွင်း အကြမ်းဖက်မှုတွေကို အမျိုးသမီးတွေက လူသိ မခံလိုဘဲ အိမ်တွင်းရေး ကိစ္စ အနေနဲ့သာ သဘောထားလေ့ ရှိခြင်းကလည်း ပြဿနာတွေကို ကိုင်တွယ်ဖို့ ပိုမို ခက်ခဲစေကြောင်း ထောက်ပြထားကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

မန္တလေးမြို့ ၊မဟာအောင်မြေမြို့နယ်ထဲကနေအိမ်တစ်လုံးကို မနေ့ ( စက်တင်ဘာလ ၂ရက်) က အာဏာသိမ်းစစ်တပ်က ဝင်ရောက်စီးနင်းပြီး တရုတ်နိုင်ငံသားတွေအပါအဝင် လူ ၁၀ ဦးခန့်ကို ဖမ်းဆီးသွားတယ်လ်ို့ မြို့ခံတွေဆီကသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။