Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာနေအိမ်တစ်လုံးကို ဝင်စီးပြီး တရုတ်နိုင်ငံသားတွေအပါအဝင် လူ ၁၀ ဦးခန့်ကို စစ်တပ်ဖမ်းဆီး

မန္တလေးမြို့ ၊မဟာအောင်မြေမြို့နယ်ထဲကနေအိမ်တစ်လုံးကို မနေ့ ( စက်တင်ဘာလ ၂ရက်) က အာဏာသိမ်းစစ်တပ်က ဝင်ရောက်စီးနင်းပြီး တရုတ်နိုင်ငံသားတွေအပါအဝင် လူ ၁၀ ဦးခန့်ကို ဖမ်းဆီးသွားတယ်လ်ို့ မြို့ခံတွေဆီကသိရပါတယ်။

မန္တလေးမှာ အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင်အချို့ကို မြို့တွင်းပိုင်းမှာတွေ့ရပုံ ( ပုံဟောင်း)

စက်တင်ဘာ – ၃၊၂၀၂၆

မန္တလေးမြို့ ၊မဟာအောင်မြေမြို့နယ်ထဲကနေအိမ်တစ်လုံးကို မနေ့ ( စက်တင်ဘာလ ၂ရက်) က အာဏာသိမ်းစစ်တပ်က ဝင်ရောက်စီးနင်းပြီး တရုတ်နိုင်ငံသားတွေအပါအဝင် လူ ၁၀ ဦးခန့်ကို ဖမ်းဆီးသွားတယ်လ်ို့ မြို့ခံတွေဆီကသိရပါတယ်။

ကျားဖြန့် ( အွန်လိိုင်းငွေလိမ်) လုပ်ငန်းလုပ်ကိုင်တယ်ဆိုပြီး မနေ့ မနက် ၁၀ နာရီခန့်က စစ်တပ် ၊ ရဲ နဲ့ ပြည်သူ့စစ်ခေါ် ပျုစောထီးတွေက အဲဒီနေအိမ်ကို ဝင်ဖမ်းသွားတာပါ။

ဖမ်းခံရသူ ၁၀ ဦးဝန်းကျင်မှာ တရုတ်နိုင်ငံသားအချို့ပါဝင်ပြီး မြန်မာနိုင်ငံသား အမျိုးသား၊အမျိုးသမီး လူငယ်ပိုင်းတွေ၊လူလတ်ပိုင်းတွေ လည်းပါကြတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနေအိမ်မှာ ကျားဖြန့်လုပ်ကိုင်တယ်လို့ သတင်းတွေထွက်နေခဲ့တာဖြစ်ပြီးလတ်တလောမှာတော့ဖမ်းဆီးထားသူတွေကိုဘယ်ပုဒ်မတွေနဲ့ အမှုဖွင့်ထားတယ်ဆိုတာမသိရသေးပါဘူး။

ပြီးခဲ့တဲ့ လပိုင်းကလည်း မန္တလေး ၊မဟာအောင်မြေမြို့နယ်မှာ ကျားဖြန့် လုပ်ကိုင်တယ်ဆိုတဲ့ နေအိမ်ကို ရဲ နဲ့ စစ်တပ်က ဝင်ဖမ်းရာမှာ ထွက်ပြေးသူတစ်ဦးကို ပစ်ခတ်တာကြောင့် သေဆုံးခဲ့တဲ့ဖြစ်စဉ်ဖြစ်ထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

အညာမြို့ကြီးဖြစ်တဲ့ မန္တလေးမြို့ဟာ နဂိုကတည်းကမှ ပူလွန်းတဲ့မြို့ပါ။ အခု အယ်လ်နီညိုကြောင့် အပူပေါ် အပူထပ်ဆင့်နေချိန် အာဏာသိမ်းစစ်ကောင်စီရဲ့ လျှပ်စစ်မီး ဖြတ်တောက်မှုကြောင့် ဘူးလေးရာ ဖရုံဆင့်နေပါပြီ။

သတင်း

ထောင်တွင်းစစ်အုပ်စုက နိုင်ငံရေးအကျဉ်းသားတွေအပေါ် ဖိနှိပ်မှုတွေ တိုးလုပ်နေ

သတင်း

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ရစ်ခ်တာစကေး ၄.၂ အဆင့်နဲ့ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ အာဏာသိမ်းစစ်တပ်က ဆိုလာတပ်ထားတဲ့ နေအိမ်တွေကို လိုက်လံစာရင်းကောက်နေကြောင်း မြို့ခံတွေက ပြောပါတယ်။