Connect with us

Hi, what are you looking for?

သတင်း

ရွှေဒါးကျရွာကိုစစ်တပ်စစ်ကြောင်းထိုးပြီးမီးရှို့

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

စက်တင်ဘာ – ၁ ၊၂၀၂၆

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

ချောင်းဦးမြို့ရဲ့အနောက်ဘက်မှာရှိတဲ့ ရွှေဒါးကျရွာထဲကို သြဂုတ်လ ၃၀ ရက် မှာစစ်တပ်စစ်ကြောင်း ဝင်ရောက်လာတာဖြစ်ပြီး သြဂုတ်လ ၃၁ ရက် ညနေပိုင်းနဲ့ ဒီနေ့ စက်တင်ဘာလ ၁ ရက်မနက်ပိုင်းတို့မှာ မီးရှို့တာပါ။

ရွာမှာပဲ စစ်တပ် ရှိနေဆဲ ဖြစ်တာကြောင့် ပြန်ဝင်မရတဲ့အတွက် နေအိမ် ဘယ်နှစ်လုံး မီးလောင်သွားတယ်ဆိုတာကို အသေးစိတ်မသိရသေးဘူးလို့ သတင်းရင်းမြစ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အင်အားရာဂဏန်းပါတဲ့ စစ်တပ်စစ်ကြောင်းဟာစစ်ကိုင်းတိုင်းမြို့တော် မုံရွာကတဆင့် မုံရွာနဲ့ချောင်းဦးအကြားက ရွာတွေကို စစ်ကြောင်းထိုးနေတာပါ။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၅ ရက်နေ့မှာ ချောင်းဦးမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပ.လ.ဖ) က စစ်တပ် သတင်းပေး စွပ်စွဲချက်နဲ့ ရွှေဒါးကျရွာက ဘုန်းကြီးကို ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။

စစ်ဆေးတဲ့ကာလအတွင်း ရွှေဒါးကျကျေးရွာရဲ့ဘုန်းကြီး ပျံလွန်တော်မူပြီးနောက် စစ်တပ်က ရွှေဒါးကျရွာဆီစစ်ကြောင်းထိုးလာတာလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ တောင်ငူမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်းတစ်လျှောက် စစ်တပ်စစ်ကြောင်းထိုးနေပြီးတော်လှန်ရေးတပ်တွေနဲ့ စစ်ဆိုင်ထားတယ်လို့ ဗျူဟာအမှတ်(၂၃) ပဲခူးတိုင်းစစ်ဌာန တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်က အာဏာသိမ်းစစ်တပ်စစ်ကြောင်း မိုင်းထိပြီး ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးတပ်တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ် မဇောကျေးရွာအုပ်စုကို စစ်တပ်က စစ်ကြောင်းထိုးပြီး အရပ်သား ၂ဦးကို သတ်ဖြတ်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရှမ်း-ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့အနီး စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာ အထိနာပြီး နောက်ဆုတ်သွားတယ်လို့ ‌မြေပြင်သတင်းရင်းမြစ်တချို့က လူထုနွေဦး ပြောပါတယ်။

Facebook