Connect with us

Hi, what are you looking for?

News

ချင်းပူးပေါင်းတပ်နှင့်တိုက်ပွဲ စစ်ကောင်စီတပ်မှယာဉ် ​ခြောက်စီးပျက်စီး၊ သေဆုံးထိခိုက်သူများ

CNF၏ လက်အောက်ခံတပ် ချင်းအမျိုးသားတပ်မတော် (CNA)နှင့် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(CDF) တို့ ပူးပေါင်း၍ ဖလမ်းမှ ဟာခါးဘက်သို့ စစ်အင်အားဖြည့် တင်းရန်လာသည့် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေခြင်းဖြစ်သည်။

–ထန်တလန်ရဲစခန်း၊ ဟားခါးမြို့ဝင်ဂိတ်နှင့် မတူပီရှိစစ်ကောင်စီတပ်ဂိတ်များကိုလည်း တိုက်ခိုက်

ချင်းလက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့သည် အောက်တိုဘာ ၁၃ရက်မှစ၍ ဖလမ်း-ဟားခါးလမ်းပိုင်း၌ တိုက်ပွဲများ ဖြစ်ပွား​နေရာ စစ်ကောင်စီတပ်မှ ယာဉ် ၆စီး ပျက်စီးပြီး သေဆုံးသူ နှင့် ဒဏ်ရာရာသူများ ရှိကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြော သည်။

CNF၏ လက်အောက်ခံတပ် ချင်းအမျိုးသားတပ်မတော် (CNA)နှင့် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(CDF) တို့ ပူးပေါင်း၍ ဖလမ်းမှ ဟာခါးဘက်သို့ စစ်အင်အားဖြည့် တင်းရန်လာသည့် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေခြင်းဖြစ်သည်။

“ဖလမ်းကနေ လာတဲ့ စစ်ကောင်စီရဲ့ ယာဉ်တန်းက ဒီနေ့အထိ ကျွန်တော်တို့ ပိတ်ထားလို့ လမ်းတစ်ဝက်မှာ ဖလမ်းမြို့နယ်ထဲမှာ သောင်တင်နေဆဲဖြစ်ပါတယ်။ ကျွန်တော်တို့ ၁၄ရက် ညက အဲဒီ ယာဉ်တန်းကို တိုက် ခိုက်တယ်။ အဲဒီမှာ ယာဉ်တန်းကား ခြောက်စီးက ပျက်စီးသွားတာပေါ့။ ပြီးတော့ ဒေသခံတွေအပြောအရဆိုရင် စစ်ကောင်စီဘက်က ၅ယောက်သေတယ်။ ပြီးတော့ ၁၅ယောက် ဒဏ်ရာရထားတာပေါ့” ဟု ဆလိုင်းထက်နီက ယနေ့ညနေပိုင်း၌ People’s Spring သို့ ပြောသည်။

Public Service Announcement

Public Service Announcement

အောက်တိုဘာ ၁၃ရက် ဟားခါးမြို့အနီး တိုက်ပွဲတွေလည်း စစ်ကောင်စီတပ်မှ ငါးဦးသေဆုံးပြီး ဒဏ်ရာရသူများ ရှိခဲ့သည်။

လတ်တလောတွင် ဟားခါး – ဖလမ်းလမ်းပိုင်းတွင် ချင်း​တော်လှန်​ရေးအဖွဲ့များကအကြမ်းဖက်စစ်​ကောင်စီတပ်ကို ဖျက်တောက်ထားသည်ဟု ပြောသည်။

“ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့က ဟားခါးကို မဝင်နိုင်အောင် ကာထားတာဖြစ်တယ်။ သူတို့ ဝင်နိုင်မှာလည်း မဟုတ်ပါဘူး။ ပြီးတော့ ဟားခါးနဲ့ ထန်တလန်ဘက်အသွား ကျွန်တော်တို့ ပိတ်ထားတာပေါ့။ အဓိကတော့ ကျွန်တော်တို့ ဌာနချုပ်လုံခြုံရေးရယ် ကျွန်တော်တို့ စိုးမိုးနေတဲ့ ဒေသတွေလုံခြုံရေးအတွက်ရယ် အဓိက ထားပြီးတော့ ဟားခါးမြို့၊ ထန်တလန်မြို့တွေကတော့ အတက်နိုင်ဆုံးတပ်တွေအပြင်မထွက်နိုင်အောင် တိုးမလာနိုင်အောင် ပိတ်ထားတာပေါ့” ဟု ဆလိုင်းထက်နီက ပြောသည်။

ယာဉ်တန်း အသုံးမပြုဘဲ တောလမ်းက တိုးလာပါကလည်း CDF/CNA တပ်များအနေဖြင့် နယ်မြေခံများဖြစ်၍ စစ်ကောင်စီတပ်သားများအတွက် အခက်အခဲ ဖြစ်စေမည်ဟု ၎င်းက ဆက်​ပြောသည်။

“တိုးနိုင်မှာလည်း မဟုတ်ပါဘူး။ ဖြစ်နိုင်ရင်တော့ စစ်ကောင်စီရဲ့ အောက်ခြေစစ်သားတွေ အဲဒီလို တိုက်ပွဲတွေဖြစ်နေမယ့်အစား ကောင်းကောင်းလေး သူတို့က လက်နက်ချပြီးတော့ ပြည်သူ့ရင်ခွင်ထဲကို ခိုလှုံဖို့ သူတို့အတွက် အကောင်းဆုံးဖြစ်ပါလိမ့်မယ်လို့ ပြောချင်ပါတယ်”ဟု ဆလိုင်းထက်နီက ပြောသည်။

ထိုအပြင်ချင်းလက်နက်ကိုင်တပ်များအနေဖြင့်အောက်တိုဘာ ၁၅ရက်က ထန်တလန် – ဟားခါး လမ်းပိုင်းရှိ ဟားခါးမြို့အဝင်ဂိတ်ကို သွားရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် ထန်တလန် မြို့ရှိ ရဲစခန်း၌ တပ်စွဲနေသည့် စစ်ကောင်စီတပ်များကိုလည်း တိုက်ခိုက်ခဲ့ကြောင်း CNF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“အဲဒီမှာ အထိအခိုက်များမယ်လို့ တွက်တယ်။ ဘာလို့လည်းဆို သူတို့ မနက်ပိုင်း တန်းစီလုပ်တဲ့အချိန်မှာ ကျွန်တော်တို့ လက်နက်ကြီးနဲ့ သွားထုတာ။ပြီးတော့ ဒီမနက်ပိုင်းလည်း မနက်အစောကြီး လက်ဖြောင့် စနိုက်ပါနဲ့ အဲဒီ ရဲစခန်းက စစ်ကောင်စီ စစ်သားတွေသွားပစ်ခတ်တာရှိတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။

ထန်တလန်မြို့တွင်းတိုက်ခိုက်မှုသတင်းနှင့် ပတ်သက်ပြီး CDFက သတင်းထုတ်ပြန်ခဲ့ရာ အောက်တိုဘာ ၁၅ရက် ပစ်ခတ်မှုတွင် ရဲတပ်သားတစ်ဦးသေဆုံးပြီး CDF ဘက်က ထိခိုက်ဒဏ်ရာရ မရှိဟု ဆိုသည်။

ယခုချိန်ထိ ပြည်သူဖက်သို့ မပူးပေါင်းလိုသည့် စကစတပ်သားများ၊စကစလက်အောက်ခံ ရဲတပ်သားများ အား ထန်တလန် CDFက အချိန်မရွေး တွေ့သည့်နေရာတွင်ပစ်ခတ်မည်ဟုလည်းသတိ့​ပေး ထားသည်။

စစ်ကောင်စီ တပ်မတော်သားများ နှင့်ရဲတပ်သားများ အနေဖြင့် ပြည်သူဖက်သို့ပူးပေါင်းလိုပါကCDF-ထန်တလန်အနေဖြင့် လိုက်လိုက်လဲလဲကြိုဆိုမည်ဖြစ်ပြီး လုံခြုံသည့်နေရာအထိပို့ဆောင်ပေးမည်ဖြစ်ကြောင်း ထပ်လောင်း အသိပေးထားသည်။

ထို့အပြင် ချင်းလက်နက်ကိုင်တပ်ဖွဲ့ဝင်များသည် မတူပီရှိ စစ်ကောင်စီတပ်၏ ဂိတ်ကို လည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

“မနေ့ကပဲ ချင်းပြည်နယ်တောင်ပိုင်း မတူပီ ဗျူဟာရဲ့ ခလရ(၃၀၄)ဂိတ်ကို ကျွန်တော်တို့ ပစ်တယ်။ စစ်ကောင်စီဘက်က ၂ယောက်ကျတယ်။” ဟု CNF ပြောရေးဆိုခွင့် ရှိသူ ဆလိုင်းထက်နီက ပြောသည်။

လက်ရှိ အနေအထားတွင်စစ်ကောင်စီတပ်သားများအနေဖြင့် မိမိမကျွမ်းကျင်ရာနေရာဒေသ၌ စစ်ဆင်ရေးလုပ်ပါက အခက်အခဲများစွာ ရှိနေမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

စစ်အာဏာရှင်များအတွက် အသက်အသေမခံသင့်ဟုလည်း ဆလိုင်းထက်နီက ပြောသည်။

“ပြည်သူဘက်ကို ပါဝင်ဖို့ စစ်ကောင်စီလက်အောက် ငယ်သားတွေကို အထူးသဖြင့် တိုက်တွန်းချင်တာပေါ့” ဟု ၎င်းက​ပြောသည်။

စစ်တပ်အာဏာသိမ်းပြီး ဧပြီလကုန်ပိုင်းက စတင်ခဲ့ပြီး ချင်းပြည်နယ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများပြားခဲ့ပြီးနောက် ယခုရက်ပိုင်းတွင်ချင်းတောင်ပိုင်းနှင့် မြောင်ပိုင်း ဒေသများသို့ စစ်ကောင်စီတပ်က စစ်​ကြောင်း နှစ်ကြောင်းဖြင့်အင်အားအလုံးအရင်းဖြည့်တင်းပြီးစစ်​ကြောင်းထိုးလာခြင်းဖြစ်သည်။

(ချင်းပြည်နယ်သို့ ထိုးစစ်ဆင်ရန်လာ​ရောက်​သော စစ်တပ်တင့်ကားတစ်စီးကို ​တွေ့ရစဥ်၊ ဓာတ်ပုံ – CJ)

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook