Connect with us

Hi, what are you looking for?

သတင်း

ဘောလခဲမြို့နယ်ရှိ စစ်ကောင်စီရေကျော်စခန်းကို ကရင်နီပူးပေါင်းတပ် သိမ်းပိုက်

ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်ရှိ စစ်ကောင်စီစခန်းတစ်ခုကို ကရင်နီပူးပေါင်းတပ်များ သိမ်းပိုက်ရရှိကြောင်း သတင်းရရှိသည်။

ယနေ့နံနက်က စစ်ကောင်စီရေကျော်စခန်းမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများနှင့် ကရင်နီတပ်ဖွဲ့ဝင်များကို တွေ့ရစဥ်။ဓာတ်ပုံ - Karenni Hope၊ CJ

ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်ရှိ စစ်ကောင်စီစခန်းတစ်ခုကို ကရင်နီပူးပေါင်းတပ်များ သိမ်းပိုက်ရရှိကြောင်း သတင်းရရှိသည်။

ယနေ့(သြဂုတ် ၈ရက်) နံနက်ပိုင်းတွင် ရေကျော်အမည်ရှိ စစ်ကောင်စီစခန်းကို သိမ်းပိုက်မှုတွင် လက်နက်ခဲယမ်းများနှင့် စစ်ကောင်စီတပ်သား အလောင်းများရရှိသည်ဟု ကရင်နီ စစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

“မယ့်စလောင်း ကိုသိမ်းတုန်းက ထွက်ပြေးသွားတဲ့ စကစ တပ်သားတွေလို့ သိရတယ်။အလောင်း ခြောက်လောင်း တွေ့ရတယ်။လက်နက်ခဲယမ်းကတော့ လက်နက်ကြီးရော၊ အသေးရောပါတယ်”ဟု ၎င်းက ပြောသည်။

ဘောလခဲမြို့နယ်ရှိ မယ့်စလောင်းတောင်စခန်းကို ဇွန်လ ၂၅ရက်တွင် ကရင်နီပူးပေါင်းတပ်များက ကနဦးသိမ်းပိုက်ခဲ့ပြီး လက်ရှိ သိမ်းပိုက်ရရှိသည့် ရေကျော်စခန်းတွင် မယ့်စလောင်းမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားများဖြင့် တပ်စွဲထားခြင်းဖြစ်သည်။

အဆိုပါစခန်းတွင် ရှမ်းပြည်နယ်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၂)လက် အောက်ခံတပ်ရင်း ခမရ(၅၀၅)နှင့် ဘောလခဲအခြေစိုက်တပ်တို့ ပူးပေါင်းတပ်စွဲထားကြောင်း သိရသည်။

ကရင်နီပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆိုနှင့် ဖားဆောင်း မြို့နယ်တို့တွင်လည်း တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားနေပြီး လွိုင်ကော် – ဒီးမော့ဆို လမ်းပိုင်းများကို အသုံးမပြုရန် ကရင်နီပူးပေါင်းတပ်များက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။