Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲ ယူကရိန်းတပ်တွေ ဝင်ရောက် တိုက်ခိုက်နေကြောင်း သမ္မတ ဇီလန်စကီး အတည်ပြု

ရုရှားနိုင်ငံ ပိုင်နက်ထဲထိ ဝင်ရောက်ပြီး ယူကရိန်း စစ်တပ်က စစ်ဆင်ရေးတစ်ခု လုပ်ဆောင်နေတယ် ဆိုတာကို ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပထမဆုံးအကြိမ် အတည်ပြုခဲ့ပါတယ်။

ရုရှားနိုင်ငံ ပိုင်နက်ထဲထိ ဝင်ရောက်ပြီး ယူကရိန်း စစ်တပ်က စစ်ဆင်ရေးတစ်ခု လုပ်ဆောင်နေတယ် ဆိုတာကို ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပထမဆုံးအကြိမ် အတည်ပြုခဲ့ပါတယ်။

ယူကရိန်း တပ်ဖွဲ့ဝင်တွေဟာ နယ်စပ်ကို ဖြတ်ကျော်ပြီး ရုရှားနိုင်ငံ အနောက်ပိုင်းမှာရှိတဲ့ ကာ့စ်ခ်ဒေသထဲမှာ စစ်ရေး လှုပ်ရှားမှုတွေ လုပ်ဆောင်နေတယ်လို့ ဩဂုတ် ၁၀ ရက်နေ့မှာ ဇီလန်စကီးက ကြေညာခဲ့ပါတယ်။ ဒါဟာ ယူကရိန်းတပ်တွေ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်လာကြောင်း ရုရှားက စွပ်စွဲပြီး ၅ ရက် အကြာမှာ ထုတ်ပြန်တဲ့ အတည်ပြုချက် ဖြစ်ပါတယ်။

ကျူးကျော်သူ ရုရှားနိုင်ငံရဲ့ ပိုင်နက်ထဲထိ ဝင်ရောက်ပြီး ဖိအားပေးတဲ့ စစ်ဆင်ရေးမျိုး ယူကရိန်း စစ်တပ်က လုပ်ဆောင်နေတယ်လို့ ဇီလန်စကီးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဇီလန်စကီးက အရမ်းစွန့်စားရတဲ့ အဲဒီ စစ်ဆင်ရေးမှာ လိုလိုလားလား ဆန္ဒအလျောက် ပါဝင်တိုက်ခိုက်ပေးခဲ့တဲ့ ယူကရိန်း စစ်သူရဲကောင်းတွေကို ကျေးဇူးတင်ကြောင်း၊ စစ်ဆင်ရေးကို အကောင်အထည် ဖော်ဖို့အတွက် ယူကရိန်း စစ်ဦးစီးချုပ် အိုလက်ဇန္ဒာ ဆာစကီနဲ့ အသေးစိတ် ညှိနှိုင်း တိုင်ပင်ခဲ့ကြောင်း သူက ဆိုပါတယ်။

ရုရှားရဲ့ ကျူးကျော်စစ် ကာလတလျှောက် ခံစစ်အတွက်သာ အာရုံစိုက်ခဲ့တဲ့ ယူကရိန်းဟာ အခုလိုမျိုး ရန်သူ့ပိုင်နက်ထဲထိ ထိုးဖောက် တိုက်ခိုက်ဖို့ ဘာကြောင့် ရွေးချယ်ခဲ့သလဲ ဆိုတာကိုတော့ ဇီလန်စကီးက ထုတ်ပြောမသွားပါဘူး။ ကျူးကျော်သူတွေအပေါ် လိုအပ်တဲ့ ဖိအားပေးရင်း တရားမျှတမှု မျှခြေကို ပြန်ယူဆောင်နိုင်ကြောင်း ယူကရိန်း လက်တွေ့ ပြသတာ ဖြစ်တယ်လို့ ဇီလန်စကီးက ပြောပါတယ်။

ရုရှားမီဒီယာတွေရဲ့ ဖော်ပြချက်အရ ယူကရိန်း တပ်တွေဟာ နယ်စပ်ကနေ ၁၀ ကီလိုမီတာလောက် အကွာထိ ကျွံဝင်လာခဲ့ပြီး ဒေသတွင်းမှာ အရေးပေါ် ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်နေရတယ်လို့ သိရပါတယ်။

ရုရှားရဲ့ Tass သတင်းဌာနက နယ်မြေလုံခြုံရေး အခြေအနေတွေကြောင့် ဒေသခံ ၇၆၀၀၀ လောက်ကို ရွှေ့ပြောင်းပေးခဲ့ပြီး ဖြစ်ကြောင်း၊ ရုရှား လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ ယူကရိန်း တပ်တွေကို တွန်းလှန်မောင်းထုတ်ဖို့ အစွမ်းကုန် အားထုတ်နေကြောင်း ဖော်ပြသွားခဲ့ပါတယ်။

ကိုးကား: BBC⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ ပြတ်လပ်မှုနဲ့အတူ ယူကရိန်းအတွက် ရက်စက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ ဆောင်းရာသီကို မျှော်လင့်ထားရလိမ့်မယ်လို့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဝန်ခံ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ရဲ့ သွေးစည်းညီညွတ်မှုကို အကဲစမ်းဖို့ ရုရှားက အကန့်အသတ်နဲ့ ရန်စ တိုက်ခိုက်တာမျိုးတွေ ရှိလာနိုင်ကြောင်း အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာ

ရုရှားဆီက မျိုးဆက်သစ် Su-57E တိုက်လေယာဉ်တွေ ဝယ်ယူဖွယ်ရှိကြောင်း သတင်းတွေကို အိန္ဒိယက ငြင်းပယ်သွားခဲ့ပါတယ်။

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။