Connect with us

Hi, what are you looking for?

News

မတ္တရာအရှေ့ပိုင်းဒေသကို စစ်ကောင်စီတပ်ဝင်စီးပြီး ဒေသခံများအား ပစ်ခတ်ဖမ်းဆီးနေဟုဆို

အခြားတစ်နေရာတွင်လည်း ထိုသို့ တိမ်းရှောင်နေသည့် လူငယ် အချို့ရှိရာ ယင်းနေရာသို့ စစ်ကောင်စီတပ်က ပစ်ခတ်တိုက်ခိုက် စီးနင်းခဲ့သည်ဟု ဒေသခံက ပြောသည်။ အဆိုပါ နေရာတွင် လူငယ် ၂၁ဦးရှိရာ ၁၀ဦးနှင့် အဆက်အသွယ်ရသော်လည်း ၁၁ဦး အဆက် အသွယ်မရသေးဟု ၎င်းက ဆိုသည်။

People's Spring
People's Spring

မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်အရှေ့ပိုင်းရှိ ကျေးရွာများသို့ စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်းပြီး ဒေသခံများကို ပစ်ခတ်ဖမ်းဆီးခြင်းများ လုပ်ဆောင်နေကြောင်း တိမ်းရှောင်နေရသည့် ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်များသည် အောက်တိုဘာ ၁၆ရက် နံနက်အစောပိုင်းမှစ၍ မတ္တရာမြို့နယ် ရေကြည်အုပ်စု ဇီးဖြူပင်ကျေးရွာ တစ်၀ိုက်သို့ တက်လာပြီး အနီးဝန်းကျင်ရှိ ကျေးရွာများနှင့် တောတောင်များဘက်သို့ နယ်မြေရှင်းလင်းရေး ခေါင်းစဉ်ဖြင့် ဝင်ရောက်စီးနင်းခဲ့သည်ဟုဆိုသည်။

“တောင်နီရွာနားမှာ ကျွဲသတ်တောင်ဆိုတာရှိတယ်။ အဲဒီနားမှာ မိန်းမတစ်ယောက် ယောက်ျား တစ်ယောက် အပစ်ခံထားရတယ်လို့ ပြောတယ်။ နောက်တစ်ခါ တောင်ဇောင်းကို တောလမ်းက ထွက်တဲ့ဘက်မှာလည်းယောက်ျားလေး ၂ယောက် အပစ်ခံထားရလို့ သေနေတယ်တဲ့။ ဖြတ်သွား ဖြတ်လာရင်း တွေ့သမျှပစ်တယ်ဆိုတဲ့ပုံစံ။ ဒီမှာက ထင်းခုတ်၊ဝါးခုတ်စားတဲ့သူတွေ ရှိတယ်။ မျှစ်ချိုးတဲ့ အချိန်ဆို မျှစ်ချိုးတဲ့သူတွေရှိတယ်။ မျှစ်ကတော့ ပါးသွားပါပြီ။ ၀ဥတူးတဲ့ဒေသခံတွေရှိတယ်” ဟု ဒေသခံက ပြောသည်။

အဆိုပါဒေသ၌ မန္တလေးမြို့တွင် အဖမ်းအဆီးကြမ်း၍ လာရောက် တိမ်းရှောင်သည့်လူငယ်များရှိကြောင်း ၎င်း က ဆိုသည်။

Public Service Announcement

Public Service Announcement

“ အဲဒီမှာ မန္တလေးကနေလာရှောင်နေတဲ့ ကလေးတစ်သိုက်ရှိတယ်။ အဲဒီ ကလေးတွေတဲကို ဒီကောင်တွေ ဝင်ဖမ်းတာ သတင်းကြိုရလို့ လွတ်သွားတယ်။ လွတ်သွားတဲ့အခါ လာပြီး တည်းခိုတဲ့နေရာနားက တဲက လူတစ်ယောက် ဖမ်းသွားတယ်။ စျေးဆိုင်ပိုင်ရှင်တစ်ယောက်လည်း အဖမ်းခံရတယ်။ နောက် ဖိုးရာဇာလို့ခေါ်တဲ့ ဇီးဖြူပင်ကျေးရွာက တစ်ယောက် အဖမ်းခံရတယ်” ဟု ဒေသခံက ပြောသည်။

အခြားတစ်နေရာတွင်လည်း ထိုသို့ တိမ်းရှောင်နေသည့် လူငယ် အချို့ရှိရာ ယင်းနေရာသို့ စစ်ကောင်စီတပ်က ပစ်ခတ်တိုက်ခိုက် စီးနင်းခဲ့သည်ဟု ဒေသခံက ပြောသည်။ အဆိုပါ နေရာတွင် လူငယ် ၂၁ဦးရှိရာ ၁၀ဦးနှင့် အဆက်အသွယ်ရသော်လည်း ၁၁ဦး အဆက် အသွယ်မရသေးဟု ၎င်းက ဆိုသည်။

“၂၁ယောက်မှာ အခုအချိန်မှာ အဆက်အသွယ်ရတာ ၃ယောက် တစ်ဖွဲ့ ၊၇ယောက် တစ်ဖွဲ့ရှိတယ်။ ၇ယောက် တစ်ဖွဲ့မှာ သေနတ်မှန်ထားတဲ့သူတစ်ယောက်ရှိတယ်။ လက်နက်ကြီးအစမှန်ထားသူ တစ်ယောက်ရှိတယ်။ ပစ်ခတ်ချိန်က မိနစ် ၂၀လောက်ကြာတယ်ပြောတယ်။ မနေ့က တစ်ရက်လုံး တစ်ညလုံး အစာရေစာမစားရသေးဘူးတဲ့ ”ဟု ဒေသခံက ပြောသည်။

ပစ်ခတ်သွားသည့် စစ်ကောင်စီတပ်တွင် တိုင်းရင်းသားများပါဝင်ကြောင်း သိရသည်ဟု ဆိုသည်။

“သူတို့အဖွဲ့ထဲမှာ ပုံစံနှစ်မျိုးကွဲတယ်။ တစ်ဖွဲ့က ရှာထိုးဦးထုပ်နဲ့ မြန်မာနိုင်ငံအလံ တံဆိပ်ပါတဲ့တစ်ဖွဲ့။ သေနတ်တွေမှာ ၁၁၆(လ)လို့ရေးထားတယ်။ အဲဒီထဲမှာ လမ်းပြအဖြစ် ပါသွားတဲ့ ကောင်လေးက ပြန်လွတ်လာတာရှိတယ် သူ့ကို ပြန်လွှတ်ပေးလိုက်တာ အဲဒီတစ်ယောက်က ဘာတွေ့လိုက်ရလဲဆိုတော့ မြန်မာစကား မပြောတက်တဲ့သူတွေဗျာတဲ့။ တချို့ကလည်း ဆေးမင်ကြောင်ထိုးထားတာ ပအိုဝ်းသွေးလို့ ထိုးထားတယ်တဲ့”ဟု ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်သည် မတ္တရာမြို့နယ်ရှိ ကျေးရွာများသို့ ဝင်ရောက်စီးနင်းတိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်နေသည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ မီးသတ်ကယ်ဆယ်ရေးယာဉ်ရဲ့ စက်သုံးဆီဝယ်ယူခွင့် QR ကို ပွားကာ စက်သုံးဆီ လိမ်လည်ထုတ်ယူသွားကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

Facebook