Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီယာဥ်နှစ်စီးကို ARA ကမိုင်းခွဲတိုက်ခိုက် ငါး ဦးထက်မတည်း​သေဆုံးနိုင်ဟု ထုတ်ပြန်၊ အောက်တိုဘာ ၁၅ ရက်တိုက်ပွဲတွင် ဖမ်းဆီးခံရ​သောရဲ​ဘော်နှစ်ဦးကျဆုံး

မြို့နယ်အခြေပြု နာရေးကူညီမှုအသင်းအဖွဲ့ အချို့မှ သွားရောက်ကူညီခွင့်ကိုလည်း အကြမ်း ဖက်စစ်တပ်မှ လက်မခံခဲ့ကြောင်း သိရသည်။

People's Spring
People's Spring

အကြမ်းဖက်စစ်ကောင်စီတပ်သားများ ပါသောအိမ်စီးကားအန်စာတုံးယာဥ် ၂စီးကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာငါးဦးထက်မနည်း သေဆုံးဒဏ်ရာရရှိခဲ့​ကြောင်း အရာတော်မြို့နယ်တော်လှန်ရေးအင်အားစု (ARA)က ယနေ့(​အောက်တိုဘာ၁၇)ထုတ်ပြန်သည်။

အောက်တိုဘာ ၁၇ ရက် မွန်းလွှဲ ၂ နာရီ ၂၀ မီနစ်ခန့်က ရွှေဘိုဘက်မှ မုံရွာမြို့ဘက်သို့လာသော အကြမ်းဖက်စစ်​ကောင်စီတပ်သားများလိုက်ပါလာသည့်အံစာတုံးကားများကို ၂ ကြိမ်ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ရာမှ စစ်ကောင်စီတပ်သားများ သေဆုံးခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

အောက်တိုဘာ ၁၅ ရက်က အရာတော်မြို့နယ် ပါရမီကျေးရွာနှင် ကြာပင်လှကျေးရွာကြားတွင် စစ်ကောင်စီ တပ်ကို မိုင်းဆွဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်သား သေဆုံးမှုကို အတည် ပြုနိုင်ခြင်းမရှိသေးပေ။ထိုဖြစ်စဥ်အတွင်း အရာတော်မြို့နယ် တော်လှန် ရေးအင်အားစု (ARA)မှ တော်လှန်ရေး ရဲဘော်နှစ်ဦးဖမ်းဆီးခံရပြီး စစ်ကောင်စီက ပစ်သတ်ခဲ့သည်။

“ရဲဘော်တွေက ဒီကောင်တွေလက်ထဲ ပါသွားတော့ အကောင်းပါ သေချာပါတယ်။ မိသွားပြီးမှ နေရာတင် ပစ်သတ်ခံလိုက်ရတာ။ ဒီကောင်တွေက ပစ်သတ်ပြီးတာတောင် အားမရပဲ ရဲဘော်တွေကို နေရာအမျိုးမျိုးရွေ့၊ အနီးနားမှာ ကင်း ပုန်း‌တွေဝပ်ပြီး လာကောက်တဲ့သူတွေကိုပစ်ဖို့ ငါးစာလို ထိုင်မျှားနေတာ ၊ ကျွန်‌တော်တို့ ကောက်ဖို့ကြိုးစားတိုင်း စစ်ခွေးတွေ ထွက်ထွက်လာလို့ မကောက်နိုင်ခဲ့ဘူး”ဟု အရာတော်မြို့နယ် တော်လှန်ရေးအင်အားစု (ARA) မှ ဗိုလ်‌လင်းယုန်က ပြောသည်။

Public Service Announcement

Public Service Announcement

မြို့နယ်အခြေပြု နာရေးကူညီမှုအသင်းအဖွဲ့ အချို့မှ သွားရောက်ကူညီခွင့်ကိုလည်း အကြမ်း ဖက်စစ်တပ်မှ လက်မခံခဲ့ကြောင်း သိရသည်။

ကျဆုံးသွားသောရဲဘော်နှစ်ဦး၏ ရုပ်အလောင်းများ သည် နှစ်ရက်တိုင် အကြမ်းဖက်စစ်သားများ ရွေ့သည့်နေရာများတွင်ရှိနေခဲ့ပြီး ယနေ့ (အောက်တိုဘာ ၁၇ ရက်)ညနေပိုင်းမှ အနီး အနားရှိကျေးရွာ ရပ်မိရပ်ဖများမှသဂြိုလ်‌ ပေးနိုင်ခဲ့သည်ဟု ARA က အတည်ပြုသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

Facebook