Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းတွင် စစ်ရှောင်ပြည်သူသောင်းချီရှိနေပြီး စားနပ်ရိက္ခာလိုအပ်နေ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ခံများအပါအဝင် မြို့နယ်ရှိ ကျေးရွာ ၁၀ရွာခန့်မှ ပြ​ည်သူသောင်းချီ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများလိုအပ်နေကြောင်း စစ်ရှောင်ကူညီနေသူများက ပြောသည်။

ထွက်ပြေးတိမ်းရှောင်လာသော စစ်ရှောင် ပြည်သူအချို့အား တွေ့ရစဥ်။ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ခံများအပါအဝင် မြို့နယ်ရှိ ကျေးရွာ ၁၀ရွာခန့်မှ ပြ​ည်သူသောင်းချီ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများလိုအပ်နေကြောင်း စစ်ရှောင်ကူညီနေသူများက ပြောသည်။

သြဂုတ် ၁၅ ရက်ကစတင်ခဲ့သည့် ဒီပဲယင်းမြို့သိမ်းတိုက်ပွဲကြောင့် မြို့ခံများအပါအဝင် မြို့နယ်ရှိ ကျေးရွာ ၁၀ရွာခန့်မှ ပြ​ည်သူသောင်းချီ ထွက်ပြေးတိမ်းရှောင်နေရပြီး ရိက္ခာများအခက်အခဲရှိနေကြောင်း S&C မီး​​​ဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့၏ တာဝန်ခံ ကိုစိုးမိုးအောင်က ပြောသည်။

Public Service Announcement

Public Service Announcement

“မြို့နားအကုန်ပတ်ချာလည်ရှောင်ရတော့ စစ်ရှောင်က သောင်းဂဏန်းပတ်ချာလည်ရှိမယ်။ မြို့ပေါ်တွေရော ရွာနီးချုပ်စပ်တွေရော ပြေးရတာ။ ဒီပဲယင်းမြို့ပေါ်ပတ်ဝန်းကျင်နဲ့ ဒီပဲယင်းမြို့နားပတ်ချာလည်တွေ ပေါင်းလိုက်တော့ တော်တော်လေးများသွားတယ်။”ဟု ကိုစိုးမိုးအောင်က ပြောသည်။

ယနေ့အထိ စစ်ဘေးတိမ်းရှောင်နေရသည်မှာ ၅ ရက်ခန့်ရှိပြီဖြစ်ပြီး စစ်ရှောင်စခန်းအများစုမှာ ရိက္ခာအခက်အခဲများ ပိုမိုကြုံလာရကြောင်း ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောသည်။

“ကျွန်တော်တို့ နည်းနည်း စိုးရိမ်စရာတစ်ခုရှိတာက ဟိုးတုန်းကလို နယ်တွေဘက်ထဲဝင်ပြီးတော့ တခါပြန်ပြီး စစ်ကြောင်းပြန်ထိုးမှာကိုတော့ စိုးရိမ်ရတဲ့အနေအထားတော့ရှိတယ်။ လက်ရှိကတော့ အခြေအနေကို စောင့်ကြည့်နေရတယ်။စစ်ကြောင်းထိုးမီးရှို့မှာကို စိုးရိမ်တာ။”ဟု S&C မီး​​​ဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့၏ တာဝန်ခံ ကိုစိုးမိုးအောင်က ပြောသည်။

စစ်ရှောင်ပြည်သူများမှာ ယခင်ကပြုလုပ်ပေးထားသည့် စစ်ရှောင်နေရာများ၌ ယာယီခိုလှုံနေရကြောင်း သိရသည်။

ဒီပဲယင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက ၃ ရက်ကြာ တိုက်ခိုက်ပြီးနောက် သြဂုတ် ၁၈ရက်နံနက်ပိုင်းတွင် မြို့သိမ်းနိုင်ခဲ့သည်။ ဒီပဲယင်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် ၂ ဦး ၊ ဌာနဆိုင်ရာ ဝန်ထမ်း ၄၁ ဦးနှင့် မိသားစုဝင် ၈၀ ဦးကိုထိန်းသိမ်းထားကြောင်းစစ်ကိုင်းတိုင်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ သို့သော် လေကြောင်းပစ်ကူများနှင့် စစ်တပ်က အင်အားတိုးစစ်ကြောင်းထိုးမှုကြောင့် PDFရဲဘော်များ ဒီပဲယင်းမြို့တွင်းမှ ယာယီဆုတ်ခွာပေးထားကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က တပ်ကြပ် ၁ဦး သေဆုံးကာ MA-1 သေနတ် သိမ်းဆည်းရမိခဲ့ကြောင်း အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

သဖန်းဆိပ်ဆည်ဖောက်ချလို့ ​ရေ​ဘေးသင့်ခဲ့တဲ့စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က ရေဘေးသင့်ပြည်သူတွေအတွက် မော်လိုက်မြို့နယ်ပြည်သူ့ကာကွယ်ရေးရဲဘော်တွေနဲ့ဒေသခံတွေက အလှူငွေ ကျပ်သိန်း၅၀၀ နီးပါး ထောက်ပံ့ပေးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းက စစ်တပ် မီးရှို့ဖျက်ဆီးလို့ မီးဘေးသင့်ခဲ့ရသူတွေနဲ့ ရေဘေးသင့်ပြည်သူတွေကို သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာ​တွေနဲ့ ကျန်းမာရေးစောင့်ရှောက်တာတွေ ဒီက​နေ့ (သြဂုတ် ၂၅) ပြုလုပ်ပေးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေကို သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူပေးတာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတွေ ဒီကနေ့ (သြဂုတ် ၂၀) က ပြုလုပ်ပေးခဲ့ပါတယ်။