Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်ကောင်စီရဲ့ ရဟတ်ယာဉ် ကချင်မှာ ပျက်ကျ

ကချင်ပြည်နယ် မိုးမောက်မြို့နယ် ကုန်းလောကျေးရွာအနီးမှာ ဒီနေ့မနက် ၁၀ နာရီကျော်က အကြမ်းဖက်စစ်ကောင်စီရဲ့ ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့တယ်လို့ သတင်းရရှိပါတယ်။

ရဟတ်ယာဉ်ပျက်ကျရာနေရာမှ မီးခိုးများထွက်နေစဉ် (ဓာတ်ပုံ - CJ)

ရဟတ်ယာဉ်ပျက်ကျမှုမှာ သေဆုံးဒဏ်ရရရှိသူ ရှိမရှိ မသိရသေးသလို ကေအိုင်အေဘက်က ပစ်ချတာဟုတ်မဟုတ်ကိုတော့ အတည်မပြုနိုင်သေးပါဘူး။

ရဟတ်ယာဉ်ဟာ လေပေါ်မှာ ပေါက်ကွဲသွားတာမျိုးမတွေ့ရဘဲ မြေကြီးပေါ် ပျက်ကျလာတာကြောင့် သူ့ဘာသာ ပျက်ကျတာမျိုးဖြစ်နိုင်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒေသတွင်းမီဒီယာ The 74 မီဒီယာကတော့ ရဟတ်ယာဉ်ပျက်ကျရာနေရာအနီးက ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒဏ်ရာရရှိသူဟာ အသက် ၂၀ အရွယ် မိန်းကလေးတစ်ဦးလို့ လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဘရာဇီးနိုင်ငံမှာ ရဟတ်ယာဉ်နှစ်စီး လေထဲ တိုက်မိရာက ထင်ရှားတဲ့ အမေရိကန် ဂီတ ပညာရှင် တစ်ဦးအပါအဝင် စုစုပေါင်း ၆ ဦး သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် စစ်တပ် ရဟတ်ယာဉ်ကို ပစ်ချခဲ့ကြောင်း စွပ်စွဲပြီး အီရန်ကို အမေရိကန်က စစ်ရေးအရ လက်တုံ့ပြန် တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နိုင်ငံ ကမ်းလွန်က ဟောမုဇ်ရေလက်ကြားနားမှာ အမေရိကန် စစ်တပ်ရဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့ကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

လေ့ကျင့်ပျံသန်းရင်း ဗြိတိန် တော်ဝင်ရေတပ် ရဟတ်ယာဉ် ပျက်ကျခဲ့တာကြောင့် ၃ ဦး သေဆုံးခဲ့ပါတယ်။