Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့နယ်၊နမ္မ ကျောက်မီးသွေးတွင်းကို စစ်ကောင်စိဗုံးကြဲ လူထိခိုက်မှုမရှိ

လားရှိုးမြို့နယ် ၊နမ့်ပေါင်ကျေးရွာအနီးရှိနမ္မ ကျောက်မီးသွေးတွင်းကို စစ်ကောင်စီက ယနေ့(စက်တင်ဘာလ ၁၀ရက်)မွန်းလွဲ ၁ နာရီခန့်တွင် လေကြောင်းမှဗုံးကြဲခဲ့သည်။

နမ္မ ကျောက်မီးသွေးတွင်း ကို ဗုံးကြဲခံရပြီး​နောက်​တွေ့ရစဥ်။ဓါတ် CJ

မိထက်/People’s Spring

လားရှိုးမြို့နယ် ၊နမ့်ပေါင်ကျေးရွာအနီးရှိနမ္မ ကျောက်မီးသွေးတွင်းကို စစ်ကောင်စီက ယနေ့(စက်တင်ဘာလ ၁၀ရက်)မွန်းလွဲ ၁ နာရီခန့်တွင် လေကြောင်းမှဗုံးကြဲခဲ့သည်။

ဗုံးကြဲလေယာဉ်ဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်ပြီးအဆောက်အဦအချို့ပျက်စီးကာ လူထိခိုက်ခဲ့မှုမရှိခဲ့ကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) နှင့် နီးစပ်သူတစ်ဦးကပြောသည်။MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ကို စစ်ကောင်စီက ၃ရက်ဆက်ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်။

စက်တင်ဘာလ ၉ ရက်နံနက်က လားရှိုးမြို့ ၊ ရပ်ကွက်(၁)ကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၁၂ ဦးထက်မနည်းဒဏ်ရာရရှိခဲ့ကြောင်း MNDAAက သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာလ ၈ ရက်နံနက်ကလည်း လားရှိုးမြို့ရပ်ကွက်(၁၂)ရှိအားကစားရုံနှင့် ရေပူစမ်းအနီးရှိ Silver Sky ဟိုတယ်အနီးကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ဒေသခံများပိုင်ဆိုင် သောကားများပျက်စီးခဲ့သည်။

နမ္မ ကျောက်မီးသွေးတွင်း ကို ဗုံးကြဲခံရပြီး​နောက်​တွေ့ရစဥ်။ဓါတ် CJ

စစ်ကောင်စီတပ်က လားရှိုးမြို့အပါအဝင် တိုက်ပွဲဖြစ်ပွားမှုမရှိသည့် နေရာများကို လေကြောင်းတိုက်ခိုက်နေခြင်းသည် ရိုင်းစိုင်းသောလူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်ကြောင်းMNDAA က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ ပြန်ထိန်းချုပ်ဖို့ အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်နေလို့ မြို့နယ်တကြောလုံးမှာ တိုက်ပွဲတွေဖြစ်ပွားနေကြောင်း ဒေသခံ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စာသင်နေတဲ့ ကလေးငယ် ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသခံစစ်ရှောင်ကူညီနေသူ‌တချို့က ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ မောင်တောမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်း(နတလ)ကျောင်းဟောင်းအနီးဝန်းကျင်ကို အာဏာသိမ်းစစ်တပ်က ဒီနေ့ ဇွန်လ ၂၄ ရက် မနက်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သူအချို့ ရှိတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်ကို နေ့စဉ် လေကြောင်းအပြင်းအထန် ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်နေတာဟာ တိုက်ပွဲမှာ အထိနာနေလို့ ဖြစ်နိုင်ကြောင်း ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။