အောက်တိုဘာ – ၁၄ ၊၂၀၂၆ ၊နိုင်ပကောင်း/People’s Spring
မွန်ပြည်နယ်၊ဘီးလင်းမြို့နယ်ထဲကKNU တပ်မဟာ(၁)နယ်မြေရှိအလူးကြီးကျေးရွာကိုမနေ့ ( အောက်တိုဘာ ၁၃ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတိုက်ခိုက်ခဲ့ရာအရပ်သားတွေထိခိုက်သေဆုံးတာ ၊ ဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်က အသိပေးထားပါတယ်။
မနေ့ ညပိုင်း ၇ နာရီဝန်းကျင်နဲ့ ၁၀ နာရီကျော်ခန့် မှာသထုံခရိုင်၊ KNU တပ်မဟာ(၁)နယ်မြေအလူးကြီးကျေးရွာထဲကိုဗုံးကြဲတိုက်ခိုက်သလိုဘီးလင်းမြို့နယ်အခြေစိုက်အမှတ်(၃)ခြေမြန်တပ်ရင်းကနေလည်း လက်နက် ကြီးတွေနဲ့ လှမ်းပစ်ခတ်ခဲ့တာပါ။
အဲဒီလေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အလူးကြီးကျေးရွာကဒေသခံငါး ဦးသေဆုံးပြီးရှစ်ဦးဒဏ်ရာရရှိကာအိမ်ခြေ ၁၀ လုံးခန့် ပျက်စီးသွားတယ်လို့ဒေသတွင်းသတင်းရင်းမြစ်ကအသိပေးပါတယ်။

Public Service Announcement
စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုအန္တရာယ်ကြိုတင်ကာကွယ်ဖို့အတွက်ရွာသူရွာသားတွေအနေနဲ့ ဗုံးခိုကျင်းတွေတူးပြီး အထူးသတိပြုနေထိုင်သွားလာကြဖို့လည်း အဲဒီ သတင်းရင်းမြစ်က တိုက်တွန်းပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်း အောက်တိုဘာ ၁၂ ရက်ကလည်း ကျိုက်ထိုမြို့နယ် ၊ ငှက်ပျောတောရွာမှာ စစ်တပ်ရဲ့ တပ်မ(၄၄)ကနေ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်တာကြောင့်အရပ်သားနှစ်ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်ဖြစ်ထားပါတယ်။



















































