Connect with us

Hi, what are you looking for?

သတင်း

ဗုံးကြဲလို့ ကလေးငယ်အပါအဝင် ၅ဦးသေဆုံးခဲ့တဲ့ ဘီးလင်း အလူးကြီးရွာကို စစ်တပ်က ထပ်မံတိုက်ခိုက်

မွန်ပြည်နယ် ဘီးလင်းမြို့နယ် အလူးကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က ညအချိန် ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၅ဦးသေဆုံးကာ အများအပြား ဒဏ်ရာရခဲ့တဲ့ တိုက်ခိုက်မှု ပြီးနောက် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတွေနဲ့ အဲဒီဒေသကို ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

(စစ်တပ်ဗုံးကြဲလို့ သေဆုံးသူတွေနဲ့ ပျက်စီးနေတဲ့ နေအိမ်တွေ။ ဓာတ်ပုံ - KNU)

အောက်တိုဘာ ၁၄၊ ၂၀၂၆။ထားမြတ်/People’s Spring

မွန်ပြည်နယ် ဘီးလင်းမြို့နယ် အလူးကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က ညအချိန် ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၅ဦးသေဆုံးကာ အများအပြား ဒဏ်ရာရခဲ့တဲ့ တိုက်ခိုက်မှု ပြီးနောက် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတွေနဲ့ အဲဒီဒေသကို ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

KNU တပ်မဟာ(၁)နယ်မြေ ဖြစ်တဲ့ ဘီးလင်းနဲ့ ကျိုက်ထိုမြို့နယ်တွေမှာ လတ်တလော တိုက်ပွဲဖြစ်ပွားမှု မရှိပေမဲ့ စစ်တပ်က ကျေးရွာတွေကို လေကြောင်းဗုံးကြဲတာ၊ လက်နက်ကြီးပစ်တာ၊ ဒရုန်းနဲ့ တိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်လျက်ရှိရာ အောက်တိုဘာ ၁၃ရက် ည ၇နာရီလောက်မှာ တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာပါ။

စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အလူးကြီးရွာနေ ပြည်သူ ၅ဦးသေဆုံးကာ ၁၀ ဦး ဒဏ်ရာရခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ သေဆုံးသူတွေထဲမှာ အသက် ၁၃နှစ် အရွယ် ကလေးငယ် ၁ဦး ၊သက်ကြီးရွယ်အို ၂ဦး ၊ အသက်လေးဆယ်ကျော် အမျိုးသမီး ၂ဦး တို့ ဖြစ်ပါတယ်။ ဒဏ်ရာရသူ ၁၀ဦးရှိခဲ့ပြီး ကလေးငယ်၊ အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတွေ ပါဝင်ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီလိုလေကြောင်း တိုက်ခိုက်မှုနဲ့ တပြိုင်တည်း ဒေသတွင်းရှိ စစ်ကောင်စီရဲ့ တပ်မ(၄၄) လက်အောက်ခံ ခမရ(၃)က လက်နက်ကြီးတွေနဲ့ အလူးကြီးရွာအနီးဝန်းကျင်ကို ပစ်ခတ်ခဲ့သလို အသေခံ ဒရုန်းတစီးနဲ့ လည်း ကြဲချတိုက်ခိုက်ခဲ့ကြောင်းလည်း သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

ဒါ့အပြင် စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၁၃ လုံး ပျက်စီးခဲ့ကြောင်လည်း အသိပေးပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ကျိုက်ထိုမြို့နယ်အတွင်းကကျေးရွာတွေကိုလည်း အကြောင်းမဲ့ လက်နက်ကြီး၊ လေကြောင်းဗုံးကြဲတာတွေ ပြုလုပ်ခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူတွေ မကြာခဏ သေဆုံးထိခိုက်ဖြစ်ခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အာဏာသိမ်းစစ်တပ်က ဆိုလာတပ်ထားတဲ့ နေအိမ်တွေကို လိုက်လံစာရင်းကောက်နေကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

အာဏာရှင်စစ်တပ်အောက်က ရုန်းထွက်အလင်းဝင်ကြဖို့ KIA တပ်မှူး တိုက်တွန်း

သတင်း

မကွေးတိုင်း၊မြိုင်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ရှမ်းမြောက်က မိုးမိတ်မြို့မှာ တိုက်ပွဲတွေပြင်းထန်နေတဲ့ နေရာအနီးက (၇)မိုင်ရွာဒေသခံတွေကို တော်လှန်ရေးတပ်တွေနဲ့ ပတ်သက်နေတယ်လို့စွပ်စွဲပြီး စစ်တပ်က ခြိမ်းခြောက်ဖမ်းဆီးနေတဲ့အတွက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။