Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ စစ်တပ်က ဆိုလာတပ်ထားတဲ့နေအိမ်တွေ စာရင်းကောက်နေ

မန္တလေးမြို့မှာ အာဏာသိမ်းစစ်တပ်က ဆိုလာတပ်ထားတဲ့ နေအိမ်တွေကို လိုက်လံစာရင်းကောက်နေကြောင်း မြို့ခံတွေက ပြောပါတယ်။

(ဆိုလာတပ်ဆင်​နေသော နေအိမ်တစ်အိမ်အား တွေ့ရစဥ်။ ဓါတ်ပုံံ-Screen Grab)

အောက်တိုဘာ ၁၄၊ ၂၀၂၆။ မေရီ/People’s Spring

မန္တလေးမြို့မှာ အာဏာသိမ်းစစ်တပ်က ဆိုလာတပ်ထားတဲ့ နေအိမ်တွေကို လိုက်လံစာရင်းကောက်နေကြောင်း မြို့ခံတွေက ပြောပါတယ်။

ယခု အောက်တိုဘာ ဒုတိယပတ်အတွင်း မန္တလေးမြို့ပေါ်က နေအိမ်တွေမှာ ဆိုလာစနစ်တပ် ဆင်ထားတဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်ရဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှုးနဲ့အဖွဲ့တွေက လာရောက်စစ်ဆေးကာ စာရင်းကောက်ယူသွားကြောင်း မြို့ခံအချို့က ပြောပါတယ်။

“အိမ်မှာဆိုလာဘယ်နှစ်ချပ်တပ်ထားလဲ လာမေးပြီး စာရင်းကောက်သွားတာ။ ဘာကြောင့်ကောက်တယ်ဆိုတာတော့ ပြောမသွားဘူး”လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရန်ကုန်မြို့မှာတော့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ ရန်ကုန်စည်ပင်ကော်မတီဟာ လာမယ့် နိုဝင်ဘာ ၁ ရက်ကစပြီး ဓာတ်လှေကားပါတဲ့ အဆောက်အဦးတွေမှာ ဓာတ်လှေကားနဲ့ Emergency Lighting သုံးဖို့ လုံလောက်တဲ့ ဆိုလာစနစ် သုံးဖို့၊ စီးပွားရေးသုံး အဆောက်အဦးတွေမှာလည်း ဆိုလာစနစ် ထည့်သွင်းဖို့ အောက်တိုဘာ ၁ ရက်က ညွှန်ကြားခဲ့ပါတယ်။

မန္တလေးမြို့မှာတော့ ဆိုလာစနစ်နဲ့ပတ်သက်ပြီး သီးခြားညွှန်ကြားထားတာ မတွေ့ရသေးပါဘူး။

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့သား အောင်ပြည့်စုံဟာ ဆိုလာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကို တစ်ဦးတည်းတင်သွင်းခွင့် ရရှိထားပါတယ်။ စစ်ခေါင်းဆောင်တွေဟာ ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းကပဲ အသေးစားလုပ်ငန်းငယ်တွေကိုပါ ဆိုလာစနစ်တပ်ဆင်ဖို့ ဖိအားပေးခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ် အလူးကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က ညအချိန် ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၅ဦးသေဆုံးကာ အများအပြား ဒဏ်ရာရခဲ့တဲ့ တိုက်ခိုက်မှု ပြီးနောက် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတွေနဲ့ အဲဒီဒေသကို ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အာဏာရှင်စစ်တပ်အောက်က ရုန်းထွက်အလင်းဝင်ကြဖို့ KIA တပ်မှူး တိုက်တွန်း

သတင်း

မကွေးတိုင်း၊မြိုင်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ရှမ်းမြောက်က မိုးမိတ်မြို့မှာ တိုက်ပွဲတွေပြင်းထန်နေတဲ့ နေရာအနီးက (၇)မိုင်ရွာဒေသခံတွေကို တော်လှန်ရေးတပ်တွေနဲ့ ပတ်သက်နေတယ်လို့စွပ်စွဲပြီး စစ်တပ်က ခြိမ်းခြောက်ဖမ်းဆီးနေတဲ့အတွက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။