Connect with us

Hi, what are you looking for?

သတင်း

မြဝတီတွင်​ရေစကြီး၊ ရေဘေးသင့်​ဒေသ ပိုများလာ

မြန်မာနိုင်ငံအထက်ပိုင်းမှလွဲ၍ကျန်ဒေသများ မိုးကြီးနေပြီး ရေဘေးသင့်​ဒေသများ တိုးလာကာ ယနေ့(စက်တင်ဘာလ ၁၁ရက်)တွင် မြဝတီမြို့အပါအဝင် ကရင်ပြည်နယ်မှ မြို့နယ်အချို့ ရေဘေးစတင်ကြုံတွေ့နေရသည်။

မြဝတီ မြို့တွင် ​ရေကြီး​နေစဥ်။ ဓါတ်ပုံ-CJ

မိထက်/People’s Spring

မြန်မာနိုင်ငံအထက်ပိုင်းမှလွဲ၍ကျန်ဒေသများ မိုးကြီးနေပြီး ရေဘေးသင့်​ဒေသများ တိုးလာကာ ယနေ့(စက်တင်ဘာလ ၁၁ရက်)တွင် မြဝတီမြို့အပါအဝင် ကရင်ပြည်နယ်မှ မြို့နယ်အချို့ ရေဘေးစတင်ကြုံတွေ့နေရသည်။

မြန်မာ-ထိုင်းနယ်စပ်မြို့ဖြစ်သည့်မြဝတီမြို့တွင် မိုးသည်းထန်စွာရွာပြီးနောက်သောင်ရင်းမြစ်ရေလျှံပြီး မြို့ပေါ်ရပ်ကွက်များရေကြီးနှစ်မြုပ်နေပြီဟု ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

မိုးဆက်ရွာနေပြီး ရေလည်း တိုးနေ၍ ဒေသခံများ စိုးရိမ်နေကြသည်။

ကရင်ပြည်နယ်တွင် မြဝတီ၊ ဘားအံ၊ ကော့ကရိတ်၊ ကျုံဒိုး၊ ကြာအင်းဆိပ်ကြီးမြို့နယ်တို့၌ မြေနိမ့်ပိုင်းရပ်ကွက်များ ရေဝင်နေပြီး ရေဘေးကြုံတွေ့​နေကြောင်း ဒေသခံများကပြောသည်။

လက်ရှိတွင် ထိုင်းနိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သောရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင်စံချိန်တင်ရေကြီးနေပြီး မြို့ပေါ်ရပ်ကွက်များရေကြီးနစ်မြုပ်နေသည်။ တချို့​နေအိမ်များမှာ​ရေကြီးပြီး အိမ်ပင်​ရေမြှပ်လုလု အ​ခြေအ​နေကြုံ​နေကြသည်။

ကယ်ဆယ်ရေးအတွက် ဒေသခံများသည် အရေးပေါ်အကူအညီများတောင်းခံနေရဆဲဖြစ်သည်။

ထိုအပြင် ရှမ်းပြည်နယ်အရှေ့ပိုင်းမှ ပန်ဆန်းအပါအဝင် ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၊ မိုင်းဆတ်၊ ကျိုင်းတုံမြို့တို့၌လည်း ရပ်ကွက်အချို့ ရေဘေးကြုံနေသည်။ ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးမြို့၊ ပင်းတယ၊ ရွာငံ၊ကလော၊အောင်ပန်းစသည့် မြို့နယ်တို့တွင် မိုးသည်းထန်စွာရွာနေပြီး ဒေသတွင်း မြစ်ချောင်းများရေလျှံနေသည်ဟု ဒေသခံများကပြောသည်။

အလားတူရှမ်းပြည်နယ်နှင့်ထိစပ်နေသောမန္တလေးတိုင်းမှ ကျောက်ဆည်အပါအဝင်မြို့နယ်အချို့၌လည်း မိုးသည်းထန်စွာရွာနေပြီးဒေသတွင်းလမ်းပိုင်းဆက်သွယ်ရေးများ ပြတ်တောက်နေသည်ဟု သတင်းရရှိသည်။

လက်ရှိကြုံတွေ့နေသောရေဘေး ပိုမိုဆိုးရွားလာနိုင်ပြီး ရေဘေးကြုံရသည့်မြို့နယ်များအတွက် ကူညီကယ်ဆယ်ရေး စိုးရိမ်ဖွယ်အခြေအနေဖြစ်ကြောင်း လူမှုကူညီရေးအဖွဲ့များကပြောသည်။

တောင်တရုတ်ပင်လယ်တွင် ပြီးခဲ့သည့်ရက်ကဖြစ်ပေါ်ခဲ့သော တိုင်ဖွန်းမုန်တိုင်း ယာဂီမှ အကြွင်းအကျန်တိမ်တိုက်များဝင်ရောက်နေစဉ် မြန်မာနိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းနေခြင်းဖြစ်သည်။

စစ်ကောင်စီသည် ရေဘေးသတိပေးချက် လုံလောက်စွာ ထုတ်ပြန်ခဲ့ခြင်းမရှိသလို ကယ်ဆယ်ရေးလုပ်ဆောင်ရန်လည်း အဆင်သင့်ရှိမနေကြောင်း ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့်တောင်ပိုင်းမှ ရေဘေးသင့်ဒေသခံများကပြောသည်။

ယာဂီမုန်တိုင်းအရှိန်ကြောင့်ဖြစ်ပေါ်လာသည့် တိမ်တိုက်များနှင့်လေ ပွေလှိုင်းများသည် ရှမ်းပြည်နယ်ကို ဝင်ရောက်ပြီးနောက်မန္တလေးတိုင်းကိုဆက်လက်ဖြတ်သန်းမည်ဖြစ်၍ မန္တလေးတိုင်း၊ မကွေးတိုင်းမြောက်ပိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းအရှေ့ပိုင်း၊ ရန်ကုန်တိုင်း၊ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် မိုးများလာနိုင်ကြောင်း မိုး​လေဝသ​စောင့်ကြည့်​သော ကွန်ယက်များကသတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရေဘေးနဲ့ မြေပြိုဘေး ဆိုးရွားစွာကြုံတွေ့ခဲ့ရတဲ့ လောင်းလုံးမြို့နယ်၊ တောကျဲကျေးရွာမှာ ဒီကနေ့ ရုပ်အလောင်း ၁လောင်း ထပ်မံတူးဖော်တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့မှာအာဏာသိမ်းစစ်တပ်ဖွဲ့စည်းပေးထားတဲ့ ပြည်သူ့စစ်အဖွဲ့တွေကအရပ်သားတွေကို ပေါ်တာဆွဲဖမ်းဆီးပြီး ငွေညှစ်တာတွေ ဖြစ်ပျက်နေတယ်လို့ မြ၀တီမြို့ခံသတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

နီပေါနိုင်ငံ အလယ်ပိုင်းက ကုန်းမြင့်ဒေသတွေမှာ ရေကြီးမှုတစ်ခု ကြုံတွေ့ခဲ့ပြီး အိမ်တွေ၊ အဆောက်အအုံတွေ၊ တံတားတွေ ရေစီးနဲ့ မျောပါ ပျက်စီးကုန်သလို လူ ၅ ဦးထက်မနည်း ပျောက်ဆုံးနေကြောင်း သိရပါတယ်။

သတင်း

ဧရာဝတီတိုင်း၊မြန်အောင်မြို့နယ်ထဲကမမြဆည် တာဘောင်အိကျမှုပိုဆိုးလာပြီး ကျိုးကျမယ့်အန္တရာယ်ကြောင့် ဆည်အောက်ဖက်ကျေးရွာတွေက ဒေသခံတွေ ဘေးလွတ်ရာတိမ်း​ရှောင်နေကြရပါတယ်။