Connect with us

Hi, what are you looking for?

သတင်း

မြဝတီတွင်​ရေစကြီး၊ ရေဘေးသင့်​ဒေသ ပိုများလာ

မြန်မာနိုင်ငံအထက်ပိုင်းမှလွဲ၍ကျန်ဒေသများ မိုးကြီးနေပြီး ရေဘေးသင့်​ဒေသများ တိုးလာကာ ယနေ့(စက်တင်ဘာလ ၁၁ရက်)တွင် မြဝတီမြို့အပါအဝင် ကရင်ပြည်နယ်မှ မြို့နယ်အချို့ ရေဘေးစတင်ကြုံတွေ့နေရသည်။

မြဝတီ မြို့တွင် ​ရေကြီး​နေစဥ်။ ဓါတ်ပုံ-CJ

မိထက်/People’s Spring

မြန်မာနိုင်ငံအထက်ပိုင်းမှလွဲ၍ကျန်ဒေသများ မိုးကြီးနေပြီး ရေဘေးသင့်​ဒေသများ တိုးလာကာ ယနေ့(စက်တင်ဘာလ ၁၁ရက်)တွင် မြဝတီမြို့အပါအဝင် ကရင်ပြည်နယ်မှ မြို့နယ်အချို့ ရေဘေးစတင်ကြုံတွေ့နေရသည်။

မြန်မာ-ထိုင်းနယ်စပ်မြို့ဖြစ်သည့်မြဝတီမြို့တွင် မိုးသည်းထန်စွာရွာပြီးနောက်သောင်ရင်းမြစ်ရေလျှံပြီး မြို့ပေါ်ရပ်ကွက်များရေကြီးနှစ်မြုပ်နေပြီဟု ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

မိုးဆက်ရွာနေပြီး ရေလည်း တိုးနေ၍ ဒေသခံများ စိုးရိမ်နေကြသည်။

ကရင်ပြည်နယ်တွင် မြဝတီ၊ ဘားအံ၊ ကော့ကရိတ်၊ ကျုံဒိုး၊ ကြာအင်းဆိပ်ကြီးမြို့နယ်တို့၌ မြေနိမ့်ပိုင်းရပ်ကွက်များ ရေဝင်နေပြီး ရေဘေးကြုံတွေ့​နေကြောင်း ဒေသခံများကပြောသည်။

လက်ရှိတွင် ထိုင်းနိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သောရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင်စံချိန်တင်ရေကြီးနေပြီး မြို့ပေါ်ရပ်ကွက်များရေကြီးနစ်မြုပ်နေသည်။ တချို့​နေအိမ်များမှာ​ရေကြီးပြီး အိမ်ပင်​ရေမြှပ်လုလု အ​ခြေအ​နေကြုံ​နေကြသည်။

ကယ်ဆယ်ရေးအတွက် ဒေသခံများသည် အရေးပေါ်အကူအညီများတောင်းခံနေရဆဲဖြစ်သည်။

ထိုအပြင် ရှမ်းပြည်နယ်အရှေ့ပိုင်းမှ ပန်ဆန်းအပါအဝင် ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၊ မိုင်းဆတ်၊ ကျိုင်းတုံမြို့တို့၌လည်း ရပ်ကွက်အချို့ ရေဘေးကြုံနေသည်။ ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးမြို့၊ ပင်းတယ၊ ရွာငံ၊ကလော၊အောင်ပန်းစသည့် မြို့နယ်တို့တွင် မိုးသည်းထန်စွာရွာနေပြီး ဒေသတွင်း မြစ်ချောင်းများရေလျှံနေသည်ဟု ဒေသခံများကပြောသည်။

အလားတူရှမ်းပြည်နယ်နှင့်ထိစပ်နေသောမန္တလေးတိုင်းမှ ကျောက်ဆည်အပါအဝင်မြို့နယ်အချို့၌လည်း မိုးသည်းထန်စွာရွာနေပြီးဒေသတွင်းလမ်းပိုင်းဆက်သွယ်ရေးများ ပြတ်တောက်နေသည်ဟု သတင်းရရှိသည်။

လက်ရှိကြုံတွေ့နေသောရေဘေး ပိုမိုဆိုးရွားလာနိုင်ပြီး ရေဘေးကြုံရသည့်မြို့နယ်များအတွက် ကူညီကယ်ဆယ်ရေး စိုးရိမ်ဖွယ်အခြေအနေဖြစ်ကြောင်း လူမှုကူညီရေးအဖွဲ့များကပြောသည်။

တောင်တရုတ်ပင်လယ်တွင် ပြီးခဲ့သည့်ရက်ကဖြစ်ပေါ်ခဲ့သော တိုင်ဖွန်းမုန်တိုင်း ယာဂီမှ အကြွင်းအကျန်တိမ်တိုက်များဝင်ရောက်နေစဉ် မြန်မာနိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းနေခြင်းဖြစ်သည်။

စစ်ကောင်စီသည် ရေဘေးသတိပေးချက် လုံလောက်စွာ ထုတ်ပြန်ခဲ့ခြင်းမရှိသလို ကယ်ဆယ်ရေးလုပ်ဆောင်ရန်လည်း အဆင်သင့်ရှိမနေကြောင်း ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့်တောင်ပိုင်းမှ ရေဘေးသင့်ဒေသခံများကပြောသည်။

ယာဂီမုန်တိုင်းအရှိန်ကြောင့်ဖြစ်ပေါ်လာသည့် တိမ်တိုက်များနှင့်လေ ပွေလှိုင်းများသည် ရှမ်းပြည်နယ်ကို ဝင်ရောက်ပြီးနောက်မန္တလေးတိုင်းကိုဆက်လက်ဖြတ်သန်းမည်ဖြစ်၍ မန္တလေးတိုင်း၊ မကွေးတိုင်းမြောက်ပိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းအရှေ့ပိုင်း၊ ရန်ကုန်တိုင်း၊ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် မိုးများလာနိုင်ကြောင်း မိုး​လေဝသ​စောင့်ကြည့်​သော ကွန်ယက်များကသတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်နဲ့တန့်ဆည်မြို့နယ်တွေမှာရက်ဆက်မိုးကောင်းနေတာကြောင့်ဒေသတွင်းမူးမြစ်ကမ်းတလျှောက်ရှိရွာအချို့ ရေဝင်နေပြီးဒေသခံတွေနဲ့စစ်ရှောင်ပြည်သူတွေ ရေဘေးရင်ဆိုင်နေရတယ်လို့ဒေသတွင်းသတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

မြို့နယ်‌‌၂၀ထက်မနည်း ရေကြီးနစ်မြုပ်၊ နေအိမ်အချို့ ပျက်စီး

ဆောင်းပါး

ကျနော်တို့ မြန်မာနိုင်ငံမှာ ရေဘေးက နှစ်စဥ် လာလေ့ရှိပြီး တစ်နှစ်ထက်တစ်နှစ် ပိုပိုဆို၀းလာခဲ့တယ်။ သစ်တောပြုန်းတီးတာ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးတာတွေကြောင့် ပိုမိုဆိုးရွားတဲ့ ရေဘေးအန္တရာယ်ကို မကြာခဏ ရင်ဆိုင်ရတယ်။ ဒီနှစ်မှာဆိုရင် ဧရာဝတီတိုင်းက လေးမျက်နှာမှာ ငဝန်မြစ်ရေကာတာကျိုးလို့ ရေကြီးနေတဲ့အပြင် အထက်ပိုင်းက မန္တလေး၊ စစ်ကိုင်း၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ...

သတင်း

လေးမျက်နှာရေဘေးမှာရေမြုပ်နေတဲ့အိမ်တွေကို ထမင်းထုပ်လိုက်ဝေတဲ့ဒေသခံလူငယ်တဦးရေစီးနဲ့ မျောပါသေဆုံးသွားပါတယ်။