Connect with us

Hi, what are you looking for?

News

မုံရွာတွင် သီးတင်းကျွတ်လပြည့်ညက ရဲစခန်းနှစ်ခုအပါအဝင် သုံးနေရာတွင်ဗုံးကွဲ

မုံရွာမြို့တွင် သီတင်းကျွတ်လပြည့်ည(ယမန်နေ့ည)က ရဲစခန်းနှစ်ခုအပါအဝင် နေရာသုံးနေရာတွင် မိုင်းခွဲခဲ့ကြောင်း PDF – South Monywaက အသိပေးသည်။

မုံရွာမြို့တွင် သီတင်းကျွတ်လပြည့်ည(ယမန်နေ့ည)က ရဲစခန်းနှစ်ခုအပါအဝင် နေရာသုံးနေရာတွင် မိုင်းခွဲခဲ့ကြောင်း PDF – South Monywaက အသိပေးသည်။

အောက်တိုဘာလ ၂၀ရက် သီတင်းကျွတ်လပြည့်နေ့ည ၈နာရီခွဲအချိန်က မုံရွာမြို့ အမှတ် (၁) ရဲစခန်း၊အမှတ် (၂) ရဲစခန်းနှင့် မြန်မာ့စီးပွားရေးဘဏ် များ၌ မိုင်းထောင် ဖောက်ခွဲခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ရဲစခန်းနှစ်ခုပေါက်ကွဲမှုတွင် ရဲတပ်သားများထိခိုက်သေဆုံးနိုင်ဟု ယူဆကြောင်း၊ တော်လှန်ရေးရဲဘော်များမှာ သတင်းရယူရန် စောင့်ကြည့်နေရန် မဖြစ်နိုင်ပါသောကြောင့်သတင်းအတိအကျကို ဖော်ပြနိုင်မည်မဟုတ်ကြောင်း PDF – South Monywaက အသိပေးသည်။

သီတင်းကျွတ်လပြည့်နေ့ညတွင် စုစုပေါင်းစစ်ဆင်ရေး ၅ ခု ပြုလုပ်ခဲ့သော်လည်းဖေါ်ပြပါ စစ်ဆင်ရေး သုံးခုသာ အောင်မြင်ပြီးကျန်ရှိသော စစ်ဆင်ရေး ၂ ခု မအောင်မြင်ရခြင်းအတွက် မိဘပြည်သူများအား တောင်းပန်ကြောင်းလည်း ပါရှိသည်။ ယခု စစ်ဆင်ရေးငါးခု စလုံး၌ ကျွန်ုပ်တို့ဘက်မှ အထိအခိုက် လုံးဝ မရှိကြောင်း PDF – South Monywaက ထုတ်ပြန်သည်။

သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့မှာ မိဘပြည်သူများ စစ်အာဏာရှင်စနစ်ဆိုးအောက်မှ လွတ်မြောက်ရန် အုတ်တစ်ချပ် သဲတစ်ပွင့်အနေဖြင့် ကြိုးစားပေးခဲ့ကြပါကြောင်း PDF – South Monywaက အသိပေးသည်ဟု ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မုံရွာမြို့ရဲ့ ရပ်ကွက်အချို့မှာ မိုးရွာလိုက်တိုင်း ​ရေနှုတ်​မြောင်းမရှိတဲ့အတွက် ရေဝပ်ပြီး ရေနစ်မြုပ်​နေတာ​ကြောင့် ​နောက်ဆက်တွဲကျန်းမာ​ရေးပြသာနာ​တွေဖြစ်လာမှာကို ဒေသခံတွေစိုးရိမ်​​နေကြပါတယ်။

သတင်း

တပတ်ကျော်အတွင်း အိမ်ခြံမြေပွဲစားတွေ ပြန်ပေးဆွဲခံရမှု ၂မှုဖြစ်လာ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

Facebook