Connect with us

Hi, what are you looking for?

သတင်း

ရှမ်းပြည်တောင်ပိုင်းမှာ ရေဘေးကြောင့် လူ ၁၄၀ ကျော်သေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်းက တောင်ကြီးမြို့နယ်နဲ့ လွိုင်လင်ခရိုင် တို့မှာ ယာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားရာ သေဆုံးသူ ၁၄၀ ဦီးထိ ရှိပြီး လူ ၁၀၀ ကျော် ပျောက်ဆုံးနေဆဲလို့ ပအိုဝ်းလူငယ်အစည်းအရုံး(PYO) က အသိပေးပါတယ်။

ရေကျပြီးနောက် တွေ့မြင်ရတဲ့ ရှမ်းပြည်တောင်ပိုင်းက ကလောမြို့ (ဓာတ်ပုံ - July Angel)

ဆိုင်းမင်း/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်းက တောင်ကြီးမြို့နယ်နဲ့ လွိုင်လင်ခရိုင် တို့မှာ ယာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားရာ သေဆုံးသူ ၁၄၀ ဦီးထိ ရှိပြီး လူ ၁၀၀ ကျော် ပျောက်ဆုံးနေဆဲလို့ ပအိုဝ်းလူငယ်အစည်းအရုံး(PYO) က အသိပေးပါတယ်။

တောင်ကြီး ၊ ပင်လုံ၊ လွိုင်လင် ၊ မိုင်းပွန် ၊ဗန်းမက် ၊မောက်မယ် မြို့တို့မှာ ကျေးရွာပေါင်း ၁၅၀ ကျော်က ဒေသခံပြည်သူ အနည်းဆုံး တစ်သိန်းကျော်ရေဘေးသင့်ခဲ့တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

စက်တင်ဘာလ ၁၀ ရက်စပြီး မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် ရှမ်းပြည်တောင်ပိုင်းမှာ ရေကြီးတာ ၊တောင်ပြိုတာ ၊ မြေပြိုတာတွေ ရုတ်တရက်ဖြစ်ပျက်ခဲ့တာပါ။

အဲဒီသဘာဝဘေးကြောင့် ဒေသခံ ပြည်သူတွေရဲ့ နေအိမ်တွေ ပျက်စီးတာ အပြင် လူအသေအပျောက်များခဲ့ပြီး အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်း ဖြတ်တောက်ခံရမှုတွေကြောင့်လည်း အရေးပေါ် အကူအညီတွေ ၊ ကယ်ဆယ်ရေး မရတာတွေ ရှိနေတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး(PYO) က ဆိုပါတယ်။

လက်ရှိမှာ စစ်ရှောင်တွေအပါအဝင် ရေဘေးသင့်ပြည်သူ အနည်းဆုံး တစ်သိန်းကျော်ရှိနေပြီး စားနပ်ရိက္ခာ၊ဆေးဝါး၊နေရာထိုင်ခင်းတွေ အရေးပေါ်လိုအပ်နေတယ်လို့ လည်း အသိပေးပါတယ်။

စစ်ကောင်စီရဲ့ စာရင်းမှာတော့ ရေဘေးကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူ ၂၂၆ ဦးသေဆုံးပြီး ၇၇ ဦးပျောက်ဆုံးနေတယ်လို့ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းကပြည်သူသိန်းနဲ့ချီပြီး ရေဘေးသင့်နေချိန်မှာစစ်ကိုင်းမြို့အခြေစိုက် တပ်မ(၃၃)ရဲ့လက်အောက်ခံ စစ်တပ်တပ်ရင်း (၁၀)ရင်းဟာ ရခိုင်ပြည်နယ်ကို တန်ပြန်ထိုးစစ်ဆင်ဖို့ မွမ်းမံစစ်သင်တန်းတွေလုပ် နေတယ်လို့ စစ်အုပ်စုနဲ့နီးစပ်သူ​တွေက​ပြောပါတယ်။

သတင်း

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)ကရေဘေးအရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းတွေကို စတင်ဆောင်ရွက်​နေပြီလို့ဒီနေ့ ဩဂုတ်လ ၁၃ရက်မှာကြေငြာလိုက်ပြီး အကူအညီတွေ မျှတဖို့ ​ရေဘေးသင့်ပြည်သူတွေက တောင်းဆိုပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန် မတ္တရာမြို့နယ်အတွင်းတပ်စွဲထားတဲ့ စစ်တပ်က လက်နက်ကြီးတွေ၊ ဒရုန်းတွေ နဲ့ ပစ်ခတ်ဗုံးကြဲနေလို့ စစ်ကိုင်းမြို့နယ်၊တောင်ရင်းကျေးရွာက အမျိုးသား ၁ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အနောက်ခြမ်းမှာ ရေဘေးကြောင့် (၁၈)နှစ်အရွယ်လူငယ် ၁ဦး ရေမြော ပါသေဆုံးခဲ့ပြီး ကျေးရွာ ၁၅ရွာ ရေနစ်မြှုပ်နေတယ်လို့ ရွှေပန်းကုန်းတိုက်နယ်၊ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ပြောပါတယ်။