Connect with us

Hi, what are you looking for?

သတင်း

ဖားကန့် စစ်ကောင်စီဗျူဟာကုန်းကို လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ဟု KIA ပြော

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ ဆိုင်းတောင် လက်ကီးမန်းဟိုတယ်၌ စစ်ကောင်စီစစ်ကြောင်းများဆက်ရှိနေ၍ တိုက်ပွဲဆက်ဖြစ်နိုင်ဟုဆို

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် ဖားကန့် မြို့အခြေစိုက် စစ်ကောင်စီဗျူဟာကုန်းစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဖားကန့် ဒေသစစ်ရေးအခြေအနေနှင့်ပတ်သက်ပြီး ဗိုလ်မှူးကြီးနော်ဘူက ယနေ့ စက်တင်ဘာ ၂၀ရက် ညပိုင်းတွင် ရှင်းပြခြင်းဖြစ်သည်။

” ဒီနေ့ ဖားကန့်ဗျူဟာကုန်းဘက်ကို လက်နက်ကြီးနဲ့ KIA တွေဘက်က ပစ်တယ်ဆိုတဲ့ သတင်းကြားရပါတယ်။ နောက် စကစကလည်း လေကြောင်းနဲ့ ပြန်တိုက်တယ်ဆိုတဲ့ သတင်းလည်းကြားပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

Public Service Announcement

Public Service Announcement

ဖားကန့်ဒေသ စစ်ရေးအခြေအနေများနှင့်ပတ်သက်၍ ပြည့်ပြည့်စုံစုံသတင်းမရသေးဟုလည်း ၎င်းက ဆိုသည်။

“ဆိုင်းတောင် လက်ကီးမန်းဟိုတယ်မှာရှိနေတဲ့ နေနေတဲ့ စကစစစ်ကြောင်းတွေလည်း ဒီအတိုင်းပဲ ရှိနေတယ်တဲ့။ မဆုတ်ဘူးမထွက်ဘူး။ ဒါကြောင့် အဲဒီဘက်ကတော့ တိုက်ပွဲကတော့ ဆက်ဖြစ်ဖို့ အလားအလာတော့ ပိုများတယ်လို့ အကြောင်းကြားလာပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူကပြောသည်။

စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ” လက်နက်ကြီးတွေနဲ့ထုနေတာ။ အခု ဖားကန့်မြို့ရှိပြည်သူများထွက်ပြေးနေတယ်”ဟု ပြောသည်။

ဖားကန့်ဒေသတွင် တိုက်ပွဲဖြစ်နေ၍ ယနေ့တွင် မိုးညှင်းမြို့တွင်လည်း စစ်ကောင်စီတပ် အင်အားအများအပြားချထားသည်ဟု မိုးညှင်းမြို့ခံတစ်ဦးက ပြောသည်။

ဖားကန့်မြို့နယ် ဆိုင်းတောင်ရှိ စစ်ကောင်စီတပ်များကို KIAနှင့် PDF ပူးပေါင်းတပ်များက စက်တင်ဘာ ၇ရက်က စတင်တိုက်ခိုက်ခဲ့ရာ စက်တင်ဘာ ၁၂ရက်တွင် ဆိုင်းတောင်ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်ကီးမန်းဟိုတယ်၌ ကျန်နေသည့် စစ်ကောင်စီတပ်များနှင့် တိုက်ပွဲဖြစ်နေခြင်းဖြစ်သည်။

ဆိုင်းတောင်တိုက်ပွဲတွင် စစ်ကောင်စီဘက်က လေကြောင်း ၊လက်နက်ကြီးပစ်ကူပေးတိုက်ခိုက်လျက်ရှိပြီး ဒေသခံ ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ယနေ့ ဩဂုတ် ၄ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေဆင်းလာလို့ ရေဘေးနဲ့ မြေပြိုမှု‌ဘေး ထပ်မံကြုံတွေ့နေပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။