သတင်း ရေး – ထားဝယ်လမ်းပိုင်းတွင် စစ်ကောင်စီယာဥ်တန်းအား မိုင်းဆွဲတိုက်ခိုက်၊ ထိခိုက်သေဆုံးမှုရှိနိုင် ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်၊ စစ်ကောင်စီလက်ပါးစေများနှင့် နီးနီးစပ်စပ်မနေကြရန်တိုက်တွန်းထားသည်။ LuduNwayOoဇူလိုင် 29, 2022
သတင်း လဲချားမြို့နယ် နောင်လိုင်ရွာမှ တပ်သားသစ် ၂၀၀ကို ဩဂုတ်၁ရက်နောက်ဆုံးထား ပေးအပ်ရန် RCSSက ခြိမ်းခြောက်တောင်းဆိုထားဟု တအာင်းပါတီထုတ်ပြန် RCSS တပ်သည် ဇူလိုင် ၁ရက်တွင် ဒေသခံလူထုများကို အစည်းအဝေးခေါ်ပြီး ကျေးရွာသားများကို တပ်သားသစ် အယောက် ၂၀၀နှင့် ဆန်အိတ် ၂၃၀ ပိုင်း(ကာလတန်ဖိုး ကျပ်သိန်း ၈၀ကျော်) ပေးရန် ပြောကြားခဲ့ရာ ဆန်အိတ်များကို ရွာက ပေးပို့ခဲ့သည်ဟု ဆိုသည်။ LuduNwayOoဇူလိုင် 29, 2022
သတင်း စမ်းချောင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်က လူငယ်အချို့အား သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီး စစ်ကာင်စီတပ်အနေဖြင့် မည်သည့်အတွက်ကြောင့် လူငယ်အချို့အား အကြောင်းမဲ့ ပစ်ခတ်ဖမ်းဆီးခြင်းကိုမူ သိရှိရခြင်း မရှိသေးပေ။ LuduNwayOoဇူလိုင် 29, 2022
သတင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ မဲဆောက်၌ ပြုလုပ် အဆိုပါ ဆန္ဒပြပွဲကို ၈၈မျိုးဆက် ကျောင်းသားများဦးဆောင်ပြီး မဲဆောက်ရှိ စက်ရုံ၊ အလုပ်ရုံ၊ အထွေထွေလုပ်သားများပူးပေါင်းပါဝင်ခဲ့ကြောင်း ဦးဆောင်သူတစ်ဦးက ပြောသည်။ LuduNwayOoဇူလိုင် 29, 2022
သတင်း တစ်ဒေါ်လာ ၂၈၀၀ကျပ်ဖြင့် ဒေါ်လာဈေးစံချိန်တင်တက် ပြင်ပဈေးကွက်တွင် နေရာအချို့တွင် တစ်ဒေါ်လာလျှင် ၂၅၅၀ကျပ်ခန့်ဖြင့် အရောင်းအဝယ်ပြုလုပ်နေသော်လည်း အများစုမှာတစ်ဒေါ်လာကျပ် ၂၈၀၀ကျော်ဖြင့်သာအရောင်းအဝယ်ဖြစ်နေသည်ဟုငွေလဲလှယ်နေသူအချို့ကပြောသည်။ LuduNwayOoဇူလိုင် 29, 2022
သတင်း သေဒဏ်ပေးမှုများ တရားဝင်ဆိုင်းငံ့ထားရန် ဂျာမနီနိုင်ငံခြားရေးက ဘာလင်ရှိ မြန်မာသံရုံးတာဝန်ခံကို ဆင့်ခေါ်သတိပေး ဂျာမနီသည် အကြမ်းဖက်စစ်ကောင်စီ၏ ဥပဒေမဲ့သေဒဏ်ပေးကွပ်မျက်မှုကို အပြင်းထန်ဆုံး ရှုတ်ချပြီး ကွပ်မျက်မှုကို တရားဝင်ဆိုင်းငံ့ထားရန်နှင့် အကြမ်းဖက်၊ ဖိနှိပ်မှုများကို အဆုံးသတ်ရန် တောင်းဆိုခဲ့ကြောင်းသိရသည်။ LuduNwayOoဇူလိုင် 29, 2022
သတင်း သန်လျင် ရေတပ်သင်္ဘောကျင်းဌာနချုပ်မှ ရေတပ်ဗိုလ်ကြီးတစ်ဦး CDM ပြုလုပ် အဆိုပါ ဗိုလ်ကြီးအား ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF ) မှ အစစအရာရာစီစဉ်မှုဖြင့် ယခုတွင်မူ လုံခြုံစိတ်ချရသော လွတ်မြောက် နယ်မြေတစ်ခုသို့ ပို့ဆောင်ထားကြောင်း အသိပေး သည်။ LuduNwayOoဇူလိုင် 29, 2022
သတင်း ဩစတြေးလျမြို့တော်ရှိ NUGကိုယ်စားလှယ်ရုံးဖွင့်ပွဲသို့ နိုင်ငံခြားရေး ဝန်ကြီးဌာနအကြီးတန်းအရာရှိများ တက်ရောက်မည်ဟုဆို မြန်မာအသိုင်းအဝန်းရှိ တော်လှန်ရေးအားပေးထောက်ခံသူများက NUG ကိုယ်စားလှယ်ရုံးအတွက် ပရိဘောဂ၊ အသုံးအဆောင်ပစ္စည်းများနှင့် ရုံးခန်းငှားရမ်းခကို လှူဒါန်းထားခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ မြန်မာသံရုံးနှင့် ၂ ကီလိုမီတာခန့်သာ ကွာဝေးသည် ဟုဆိုသည်။ LuduNwayOoဇူလိုင် 29, 2022
သတင်း ကနီတွင် ဒေသခံပြည်သူ ၂၄ဦး အစုလိုက်၊အပြုံလိုက် သတ်ဖြတ်ခံရမှု (၁)နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကျင်းပ အဆိုပါ အောက်မေ့ဖွယ် အခမ်းအနား၌ ဒီမိုကရေစီအင်အားစုများ ၊ တော်လှန် ပြည်သူများ တက်ရောက်ကြပြီး အမှတ်တရအောက်မေ့ဖွယ်စကားများ ၊ စစ်အာဏာရှင် ဆန့်ကျင်ရေး တရားများ ဟောပြောခဲ့ကြသည်။ LuduNwayOoဇူလိုင် 29, 2022
သတင်း ထီးချိုင့်နယ်သို့ဝင်လာသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်၊ စစ်ကောင်စီ တပ် သေဆုံးမှုရှိ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ သုံးဦးထက်မနည်းသေဆုံး ထိခိုက်နိုင် ကြောင်း ဖော်ပြထားသည်။ LuduNwayOoဇူလိုင် 29, 2022