Connect with us

Hi, what are you looking for?

သတင်း

ရေး – ထားဝယ်လမ်းပိုင်းတွင် စစ်ကောင်စီယာဥ်တန်းအား မိုင်းဆွဲတိုက်ခိုက်၊ ထိခိုက်သေဆုံးမှုရှိနိုင်

ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်၊ စစ်ကောင်စီလက်ပါးစေများနှင့် နီးနီးစပ်စပ်မနေကြရန်တိုက်တွန်းထားသည်။

လမ်းပိုင်းတစ်ခုတွင် စစ်ကောင်စီတပ်မှ ယာဥ်တစ်စီး မိုင်းထိထားစဥ်(ပုံဟောင်း - CJ)
လမ်းပိုင်းတစ်ခုတွင် စစ်ကောင်စီတပ်မှ ယာဥ်တစ်စီး မိုင်းထိထားစဥ်(ပုံဟောင်း - CJ)

ရေဖြူမြို့နယ် ရေး – ထားဝယ်လမ်းပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်ယာဥ်တန်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ရေဖြူ(ပကဖ)က ယနေ့ (ဇူလိုင် ၂၉)ထုတ်ပြန်သည်။

ယနေ့နံနက် ၇ နာရီခန့်က ရေး – ထားဝယ်လမ်း မိုင်တိုင် (၂၈)နှင့် (၂၉)ကြားတွင် အစီးရေလေးစီးပါ စစ်ကောင်စီတပ်ယာဥ်ကို မိုင်းနှစ်လုံးဖြင့် ဖောက် ခွဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါတိုက်ခိုက်မှုတွင် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းမှာ သုံးစီးမြောက်ယာဥ်မှာ မိုင်းထိသွားပြီး ပြင်းထန်သောပေါက်ကွဲမှုကြောင့် ယာဥ်ပေါ်သော စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးရှိနိုင်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

Public Service Announcement
Public Service Announcement

“စစ်အာဏာရှင်များ အမြန်ဆုံးကျဆုံးစေရန် ရည်ရွယ်၍ ကျွန်တော်တို့ ညီအစ်ကိုများသည် မည်သည့်အချိန်မဆို စစ်ကောင်စီအား ခုခံတိုက်ခိုက်ချေမှုန်းသွားမည်ဖြစ် သည်”ဟု ရေဖြူ (ပကဖ) က အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်၊ စစ်ကောင်စီလက်ပါးစေများနှင့် နီးနီးစပ်စပ်မနေကြရန်တိုက်တွန်းထားသည်။

ယင်းအပြင် အထက်ပါတိုက်ခိုက်မှုသည် ကျေးရွာနေပြည်သူ လူထုများနှင့် လုံးဝ(လုံးဝ)မသက်ဆိုင်ဘဲ ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် မဟာမိတ်တပ်ဖွဲ့ညီနောင်များ၏ လုပ်ဆောင်ချက်သာ ဖြစ်ကြောင်း အသိပေးသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာအနီး တိုက်ပွဲမှာ စစ်တပ်က ၁၂ဦးသေဆုံးပြီး လက်နက် ၈လက် သိမ်းရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။