Connect with us

Hi, what are you looking for?

သတင်း

လဲချားမြို့နယ် နောင်လိုင်ရွာမှ တပ်သားသစ် ၂၀၀ကို ဩဂုတ်၁ရက်နောက်ဆုံးထား ပေးအပ်ရန် RCSSက ခြိမ်းခြောက်တောင်းဆိုထားဟု တအာင်းပါတီထုတ်ပြန်

RCSS တပ်သည် ဇူလိုင် ၁ရက်တွင် ဒေသခံလူထုများကို အစည်းအဝေးခေါ်ပြီး ကျေးရွာသားများကို တပ်သားသစ် အယောက် ၂၀၀နှင့် ဆန်အိတ် ၂၃၀ ပိုင်း(ကာလတန်ဖိုး ကျပ်သိန်း ၈၀ကျော်) ပေးရန် ပြောကြားခဲ့ရာ ဆန်အိတ်များကို ရွာက ပေးပို့ခဲ့သည်ဟု ဆိုသည်။

တအာင်းပါတီ
တအာင်းပါတီ

▪️လက်ရှိတွင် ရွာသား ၅၀ခန့်အား ညအချိန် လာရောက်ဖမ်းဆီးထားပြီး ဆန်အိတ် ၂၀၀ကျော်ကိုလည်းတောင်း၍ ပေးခဲ့ရဟုဆို

တအာင်းတိုင်းရင်းသားများ စုစည်းနေထိုင်သည့် ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့နယ် နောင်လိုင်ကျေးရွာမှ ဒေသခံ ၅၀ ခန့်ကို ရှမ်းလက်နက်ကိုင်တပ်ဖွဲ့(RCSS)က ညအချိန် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး တပ်သားသစ် ၂၀၀ ပြည့်သည်အထိ ဩဂုတ် ၁ရက် နောက်ဆုံးထားပေးအပ်ရန် ခြိမ်းခြောက် ပြောဆိုထားသည်ဟု မိုင်းကိုင်မြို့နယ် တအာင်း(ပလောင်)အမျိုးသားပါတီ(TNP) က ထုတ်ပြန်သည်။

တအာင်းပါတီ
တအာင်းပါတီ

RCSS တပ်သည် ဇူလိုင် ၁ရက်တွင် ဒေသခံလူထုများကို အစည်းအဝေးခေါ်ပြီး ကျေးရွာသားများကို တပ်သားသစ် အယောက် ၂၀၀နှင့် ဆန်အိတ် ၂၃၀ ပိုင်း(ကာလတန်ဖိုး ကျပ်သိန်း ၈၀ကျော်) ပေးရန် ပြောကြားခဲ့ရာ ဆန်အိတ်များကို ရွာက ပေးပို့ခဲ့သည်ဟု ဆိုသည်။

“ဆန်အိတ်ကတော့ သွားပေးပြီးပြီ။ တပ်သားသစ်ကိုတော့ သွားမပေးနိုင်တဲ့အတွက်ကြောင့်။ သူတို့ တောင်းတဲ့နှုန်းက တော်တော်များတဲ့နှုန်းပေါ့။ အိမ်ခြေ ၃၀၀ လောက်ပဲရှိတဲ့ရွာကို တပ်သားသစ် အယောက် ၂၀၀ တစ်ဘရိတ်တည်းတောင်းတာဆိုတော့ ရွာသားတွေအတွက် တော်တော်လေး အခက်အခဲတွေ့တာပေါ့”ဟု မိုင်းကိုင် TNP ပါတီ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇူလိုင်၂၃ရက် ညပိုင်းတွင် RCSS တပ်ဖွဲ့များက ကျေးရွာသို့သေနတ်ပစ်ဖောက် ဝင်ရောက်ပြီး ကျေးရွာသား ၅၀ ဝန်းကျင်ကို ဖမ်းဆီးသွားကြောင်း၊ RCSS တပ်များ ဝင်ရောက်လာမှုကြောင့် ယင်းည၌ပင် ရာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

RCSS တပ်သည် ဇူလိုင် ၂၅ရက်တွင် ကျေးရွာတာဝန်ရှိသူများကို ဆင့်ခေါ်ပြီး တပ်သားသစ် အယောက် ၂၀၀ကို ဩဂုတ် ၁ရက်နောက်ဆုံးထား လာရောက်အပ်နှံရည်ဟု ပြောဆိုခဲ့ပြီး အကယ်၍ တပ်သားသစ် အယောက် ၂၀၀ မအပ် နိုင်ပါက ကျေးရွာရှိ အမျိုးသမီး၊ ကလေး၊ သက်ကြီးရွယ်အိုပါမကျန် ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ထုတ်ပြန်ချက်၌ပါရှိသည်။

“လက်ရှိနောက်ဆုံးအခြေအနေက သူတို့က သတိပေးထားတဲ့အပေါ်မူတည်ပြီး တပ်သားသစ် အယောက် ၂၀၀ သွင်းပေးဖို့ ပေါ့နော် ဆိုတော့ လာမယ့် ဩဂုတ် ၁ရက် ဆိုတော့ ၅ရက်လောက်ပဲ အချိန်ပေးတာဆိုတော့ ရွာသားတွေကလည်း ဆိုင်ရာဆိုင်ရာ တောထဲမှာ အကုန်လျှောက်ပြေးကုန်ပြီ။ ရွာထဲမှာ အိမ်ခြေတော်တော် များများမှာ လူဦးရေက မပြေးနိုင်တော့တဲ့ အဘိုးအဘွားတွေပဲ ကျန်တော့တယ်။ ကျန်တဲ့ ကလေးတွေ၊ အမျိုးသမီးတွေက တောထဲကို ပြေးကုန်ကြတာပေါ့။ ဘယ်ပြေးမှန်းမသိတဲ့၊ လုံခြုံတယ်ထင်တဲ့ တောထဲကို ပြေးသွားတာပေါ့။ ဒီရွာထဲမှာ မနေရဲတော့ဘူးလေ” ဟု မိုင်းကိုင် TNP ပါတီ တာဝန်ရှိသူတစ်ဦးက ပြောသည်။

RCSSသည် တအာင်းလူမျိုးများကို ကွက်ပြီး တပ်သားသစ်စုဆောင်းသော လုပ်ရပ်သည် တအာင်းလူမျိုးနှင့် ရှမ်းလူမျိုးတို့၏ ပဋိပက္ခကို ရှည်လျားစေသော သမိုင်းတရားခံဖြစ်သည့်အတွက် တအာင်းနှင့် ရှမ်းတို့၏ ကြီးမားသော လူမျိုးရေး ပဋိပက္ခ ဖြစ်မည်ကို အထူးစိုးရိမ်ရကြောင်း မိုင်းတိုင် TNPက ထုတ်ပြန်သည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်ကလည်း နောင်လှိုင် ကျေးရွာ မှ ရွာသား ၁၉ဦးကို RCSSက ဖမ်းဆီးသွားပြီး ယနေ့အချိန်ထိ ပြန်မလွှတ်သေးဘဲ သတင်းအစအန ပျောက်ကာ ၎င်းတို့ အသက်အန္တရာယ် အတွက် မိသားစုများက စိုးရိမ်နေကြရကြောင်း ဖော်ပြထားသည်။

RCSS သည် မကြာသေးမီကလည်း မိုင်းကိုင် TNP ပါတီ ဥက္ကဋ္ဌ မိုင်းနုမ်းဟန်နှင့် ဇနီး၊သမီးငယ်တို့ကို ဖမ်းဆီးပြီးသတ်ဖြတ်ခဲ့ရာ တအာင်း အဖွဲ့အစည်းများအပါအဝင် ပါတီအဖွဲ့အစည်းများစွာက ၎င်းလုပ်ရပ်အပေါ် ကန့်ကွက်ကြောင်း ကြေညာထားသည်။

တအာင်းလက်နက်ကိုင်တပ်(TNLA)နှင့် RCSS တို့သည်လည်း ၂၀၁၅ ခုနှစ်မှစ၍ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ တစ်ဖက်တွင် ရှမ်းလက်နက်ကိုင်အဖွဲ့(SSPP)နှင့် RCSS တို့အကြားတွင်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

လက်ရှိတွင် RCSSသည် စစ်ကောင်စီတပ်နှင့် ထိတွေ့ဆက်ဆံနေသည့် လက်နက်ကိုင်တပ်ဖွဲ့လည်းဖြစ်ပြီး RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်သည် ပြည်သူ့ကာကွယ်ရေးတပ်(PDF)များကို ဝေဖန်ထားသူတစ်ဦးဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ် ခိုလမ်ဒေသ ခိုအွတ်ကျေးရွာအုပ်စု ဝမ့်နန်းကျေးရွာကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်နဲ့အဖွဲ့ ရောက်ရှိပြီး ဒေသခံတွေနဲ့ တွေ့ဆုံစဉ် စစ်တပ်က တိုက်လေယာဉ်နဲ့ အနီးကပ်ပျံသန်းခြိမ်းခြောက်ခဲ့ကြောင်း RCSSက ဒီကနေ့ မေလ ၂၈ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က တပ်သား ငါးဦးဟာ ကားနဲ့ လက်နက်တွေယူလာပြီး အလင်းဝင်လာတယ်လို့ ပခုက္ကူခရိုင် အမှတ်(၈)တပ်ရင်းက ဒီကနေ့ ဧပြီ ၂၉ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ရှမ်း(သျှမ်း)လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ ရှမ်းလူထုတွေရဲ့တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ လူမှုဘဝလုံခြုံရေးကို ကာကွယ်စောင့်ရှောက်ပေးတဲ့ အဖွဲ့အစည်းဖြစ်ပေမယ့် ယနေ့အချိန် အခါမှာ ရှမ်းလူထုတွေ မတရားဖိနှိပ်အနိုင်ကျင့်ခံနေရတာကို သိမြင်နေလျက် မည်သည့် ရှမ်းလက်နက်ကိုင်အဖွဲ့ကမှ ထိရောက်တဲ့ ကာကွယ်စောင့်ရျောက်မှု ပေးနိုင်ခြင်းမရှိဟု ရှမ်းလူငယ်နေ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

သတင်း

မကွေးတိုင်း၊ဂန့်ဂေါမြို့အခြေစိုက် အမှတ်(၃၇၁) အမြောက်တပ်က တပ်သားတစ်ဦး လက်နက်နဲ့အလင်းဝင်လာတယ်လို့ Yaw Revolution Army(YRA ထီးလင်း)တာဝန်ရှိသူက ပြောပါတယ်။