Connect with us

Hi, what are you looking for?

သတင်း

စမ်းချောင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်က လူငယ်အချို့အား သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီး

စစ်ကာင်စီတပ်အနေဖြင့် မည်သည့်အတွက်ကြောင့် လူငယ်အချို့အား အကြောင်းမဲ့ ပစ်ခတ်ဖမ်းဆီးခြင်းကိုမူ သိရှိရခြင်း မရှိသေးပေ။

ဓာတ်ပုံ - ပြီးခဲ့သည့် ဇူလိုင် ပထမပတ်က စမ်းချောင်းမြို့နယ် မြေနီကုန်းတံတားအောက်၌ စစ်ကောင်စီဝင်ကားများ ရပ်တန့်၍ စစ်ဆေးနေစဥ် (ပုံအဟောင်းကို အသုံးပြုထားပါသည်)
ဓာတ်ပုံ - ပြီးခဲ့သည့် ဇူလိုင် ပထမပတ်က စမ်းချောင်းမြို့နယ် မြေနီကုန်းတံတားအောက်၌ စစ်ကောင်စီဝင်ကားများ ရပ်တန့်၍ စစ်ဆေးနေစဥ် (ပုံအဟောင်းကို အသုံးပြုထားပါသည်)

▪️လူငယ်တစ်ဦး သေနတ်ကျည်ထိမှန်ဒဏ်ရာ ပြင်းထန်ဟုဆို

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ဗဟိုလမ်းမပေါ်တွင် ယနေ့ (ဇူလိုင် ၂၉) နံနက်ပိုင်း၌ အကြမ်းဖက် စစ်ကောင်စီက လူငယ်အချို့အား အကြောင်းမဲ့ သေနတ်ဖြင့် ပစ်ခတ်၍ဖမ်းဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယနေ့ နံနက် ၁၀ နာရီခွဲဝန်းကျင်တွင် ဗဟိုလမ်းမပေါ်၌ စစ်ကောင်စီက လူငယ် ၅ဦးခန့်အား ကားဖြင့် လိုက်လံဖမ်းဆီးစဥ် လူငယ်တစ်ဦးက Twin Center ရှေ့ မျက်နှာချင်းဆိုင် ကွန်ဒိုတစ်ခုသို့ တက်ပြေးရာ အကြမ်းဖက်စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံ သတင်းရင်းမြစ် What’s Happening in San Chaung က ဖော်ပြခဲ့သည်။

“မနက်က အာရှတော်ဝင်နား စစ်သားတွေက သေနတ်တွေနဲ့ ကလေးတွေကို လိုက်ပစ်ခတ်ဖမ်းနေတယ်လို့ သိရတယ်။ ဘာကြောင့်မှန်းတော့ မသိဘူး။ သေနတ်သံ ၃၊ ၄ ချက် ကြားလိုက်ရတယ်။ တိုက်ပေါ်တက်ပြေးတဲ့ ကလေးတစ်ယောက် ထိသွားပြီး သေနတ်ဒဏ်ရာနဲ့ လမ်းပေါ်ဒီတိုင်းချထားတယ် ပြောတယ်။ လမ်းတွေပိတ်ထားတော့ သွားမကြည့်ရဲကြဘူး။ အခုတော့ ဆေးရုံကားတွေ လာခေါ်သွားပါပြီ “ဟု ရပ်ကွက်နေပြည်သူ တစ်ဦးက ပြောသည်။

ထို့အပြင် သေနတ်ဒဏ်ရာရရှိသော လူငယ်တစ်ဦးသာ ဖမ်းဆီးခံရကြောင်း စုံစမ်းသိရှိရသည်။

Public Service Announcement

Public Service Announcement

ယင်းဖြစ်စဥ်အပြီးနောက် စမ်းချောင်းမြို့ ဗဟိုလမ်း မင်းလမ်းထိပ်မှ အာရှတော်ဝင် မီးပွိုင့်ထိပ်အထိ စစ်ကောင်စီက လမ်းများပိတ်ဆို့ခဲ့ပြီး မင်းလမ်းနှင့် ခတ္တာလမ်းတို့တွင် ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများကပြောသည်။

စစ်ကာင်စီတပ်အနေဖြင့် မည်သည့်အတွက်ကြောင့် လူငယ်အချို့အား အကြောင်းမဲ့ ပစ်ခတ်ဖမ်းဆီးခြင်းကိုမူ သိရှိရခြင်း မရှိသေးပေ။

ပြည်သူများအနေဖြင့် စမ်းချောင်းမြို့နယ် ဘက်သို့ သွားလာခြင်း မပြုသေးဘဲ ရှောင်ရှားကြရန်နှင့် စမ်းချောင်းမြို့နယ်နေ ပြည်သူများ အနေဖြင့်လည်း မလိုအပ်ဘဲ အပြင်သွားလာခြင်း မပြုကြရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းခဲ့သည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ခါကာဘို ရေးသားသည်။ “ဂျပန်မှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတယ်၊ လစာကောင်းတယ်၊ အနာဂတ်ရှိတယ်” ဆိုတာ မြန်မာလူငယ်အများစု ကြားဖူးနေကျ စကားပါ။ အထူးသဖြင့်မြန်မာနိုင်ငံရဲ့လက်ရှိ အခြေအနေအရ ဂျပန်နိုင်ငံကို အလုပ်သွားလုပ်ဖို့၊ ကျောင်းသွားတက်ဖို့၊ ဒါမှမဟုတ် အခြေချနေထိုင်ဖို့ စဉ်းစားနေသူတွေ တိုးလာနေပါတယ်။ ဒါပေမယ့်တစ်ဖက်မှာစိတ်ဝင်စားစရာကောင်းတဲ့ အပြောင်းအလဲတစ်ခု ဂျပန်နိုင်ငံအတွင်း ဖြစ်ပေါ်နေပါတယ်။ ဂျပန်ဟာ...

ဆောင်းပါး

စစ်အာဏာသိမ်းမှုကြောင့် လူ့ဘဝတစ်ခုလုံး စုတ်ပြတ်သွားလိမ့်မယ်လို့ မထင်ခဲ့မိကြောင်း အ သက် ၃၀စွန်းစအရွယ် စာရင်းကိုင်လူငယ်တစ်ဦးက ပြောတယ်။

ဆောင်းပါး

​အရင်က ကျေးလက်ဒေသတွေ၊ မြို့ငယ်တွေနဲ့ တိုင်းရင်းသားဒေသတွေမှာသာ ကြားလေ့ရှိတဲ့ "ပေါ်တာဆွဲတယ်" ဆိုတဲ့ ကြောက်မက်ဖွယ် စကားလုံးဟာ အခုဆိုရင် ရန်ကုန်မြို့ပြကြီးရဲ့ နေအိမ်တွေထဲအထိ ဝင်ရောက်လာပြီး ဧည့်ခန်းမှာ မိန့်မိန့်ကြီး နေရာယူလိုက်ပါပြီ။ မိဘတွေဟာ ကိုယ့်အိမ်ထဲမှာတင် ကိုယ့်သားသမီး ဘယ်အချိန် အဖမ်းခံရမလဲဆိုတဲ့ သောကနဲ့ ညစဉ် အိပ်မပျော်နိုင်ကြတော့ပါဘူး။

သတင်း

ကရင်လူငယ်မျိုးဆက်သစ်တွေအနေနဲ့ တော်လှန်ရေးဦးဆောင်မှု ကဏ္ဍမှာ တွေ့ရတာ အနစ်နာခံ ပေးဆပ်ကြတာတွေဟာ လေးစားထိုက်တဲ့ လူငယ်တွေရဲ့ အားထုတ်မှု ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) တွဲဖက်အတွင်းရေးမှူး(၂) ပဒိုစောလှထွန်းက ပြောပါတယ်။