Connect with us

Hi, what are you looking for?

သတင်း

ထီးချိုင့်နယ်သို့ဝင်လာသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်၊ စစ်ကောင်စီ တပ် သေဆုံးမှုရှိ

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ သုံးဦးထက်မနည်းသေဆုံး ထိခိုက်နိုင် ကြောင်း ဖော်ပြထားသည်။

ထီးချိုင့်နယ်
ထီးချိုင့်နယ်

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်အတွင်း ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို ယမန်နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိ ကြောင်း Tigyaing Revolution က ဖော်ပြသည်။

ဇူလိုင် ၂၈ရက် နံနက်ပိုင်းက အင်းတော်မြို့နယ် ၊ကျောင်းကုန်းဘက်မှ ထီးချိုင့်မြို့အတွင်း ပြန်ဝင်ရောက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မြို့အဝင်တွင် မိုင်း ၂လုံးဖြင့် တိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်ဟု ဆိုသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ သုံးဦးထက်မနည်းသေဆုံး ထိခိုက်နိုင် ကြောင်း ဖော်ပြထားသည်။

မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်နှင့် ရဲများသည် ရမ်းသမ်းပစ်ခတ် ခဲ့ကြောင်း၊ပြည်သူ့ကာကွယ်ရေးဘက်က အထိအခိုက်မရှိပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။