Connect with us

Hi, what are you looking for?

သတင်း

သန်လျင် ရေတပ်သင်္ဘောကျင်းဌာနချုပ်မှ ရေတပ်ဗိုလ်ကြီးတစ်ဦး CDM ပြုလုပ်

အဆိုပါ ဗိုလ်ကြီးအား ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF ) မှ အစစအရာရာစီစဉ်မှုဖြင့် ယခုတွင်မူ လုံခြုံစိတ်ချရသော လွတ်မြောက် နယ်မြေတစ်ခုသို့ ပို့ဆောင်ထားကြောင်း အသိပေး သည်။

သန်လျင် ရေတပ်သင်္ဘောကျင်းဌာနချုပ်မှ ရေတပ်ဗိုလ်ကြီးတစ်ဦး CDM ပြုလုပ်
သန်လျင် ရေတပ်သင်္ဘောကျင်းဌာနချုပ်မှ ရေတပ်ဗိုလ်ကြီးတစ်ဦး CDM ပြုလုပ်

ရန်ကုန်မြို့၊ သန်လျင်မြို့နယ်ရှိ ရေတပ်သင်္ဘောကျင်းဌာနချုပ်မှ ရေတပ် ဗိုလ်ကြီးတစ်ဦး ပြည်သူနှင့်ပူးပေါင်း၍ CDM ပြုလုပ်လာကြောင်း ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF) က ယနေ့(ဇူလိုင် ၂၉ ရက်) ထုတ်ပြန်သည်။

အဆိုပါ ဗိုလ်ကြီးသည် ရေတပ်သင်္ဘောကျင်းဌာနချုပ်မှ ထွက်ခွာလာခြင်းဖြစ်ပြီး မိမိတို့ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF)ထံသို့ Job For Kayah မှတဆင့်ဆက်သွယ်ကာ လာရောက်ခိုလှုံလာခဲ့ခြင်းဟု ဆိုသည်။

အဆိုပါ ဗိုလ်ကြီးအား ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF ) မှ အစစအရာရာစီစဉ်မှုဖြင့် ယခုတွင်မူ လုံခြုံစိတ်ချရသော လွတ်မြောက် နယ်မြေတစ်ခုသို့ ပို့ဆောင်ထားကြောင်း အသိပေး သည်။

သို့သော် CDM ဗိုလ်ကြီး၏ လုံခြုံရေးအရ အချို့သောကိုယ်ရေးအချက်လက်များ အားချန်လှပ်ထားဆဲဟု BPDF က ပြောသည်။

Public Service Announcement

Public Service Announcement

ယခုလ ပထမပတ်ကလည်း ကျည်ဆံ ၃၀၀ကျော် အပါအဝင် လက်ပစ်ဗုံး ခြောက်လုံးနှင့်အတူ မှုခင်းနှိမ်နှင်းရေးရဲ တပ်ဖွဲ့ဝင်နှစ်ဦးသည် ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံသို့ CDM ပြုလုပ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)နဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) နိုင်ငံ့ဝန်ထမ်းတွေ ဆွေးနွေးပွဲကို ဇူလိုင် ၁၂ရက်က ကျင်းပခဲ့ကြောင်း SCEFနဲ့ CDM အ ဖွဲ့အစည်းတွေက အသိပေးထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့၊သန်လျင်မြို့နယ်က ကန်နီရေကန်မှာ လူငယ်ခြောက်ဦး ရေဆင်းကူးရာက နှစ်ဦးရေနစ်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်း‌တွေက အသိပေးထားပါတယ်။

သတင်း

တော်လှန်ရေး (၅)နှစ်ကျော်တဲ့အထိ စိတ်ဓာတ်မကျဘဲပါဝင်နေတဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM)ဝန်ထမ်းတွေ စည်းလုံးကြဖို့ ဂုဏ်ပြုတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ကရင်နီပြည်နိုင်ငံ့ဝန်ထမ်းအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ (KSCSC-CDM) တာဝန်ရှိသူက ပြောပါတယ်။