Connect with us

Hi, what are you looking for?

သတင်း

ကနီတွင် ဒေသခံပြည်သူ ၂၄ဦး အစုလိုက်၊အပြုံလိုက် သတ်ဖြတ်ခံရမှု (၁)နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကျင်းပ

အဆိုပါ အောက်မေ့ဖွယ် အခမ်းအနား၌ ဒီမိုကရေစီအင်အားစုများ ၊ တော်လှန် ပြည်သူများ တက်ရောက်ကြပြီး အမှတ်တရအောက်မေ့ဖွယ်စကားများ ၊ စစ်အာဏာရှင် ဆန့်ကျင်ရေး တရားများ ဟောပြောခဲ့ကြသည်။

ဓာတ်ပုံ - ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစု
ဓာတ်ပုံ - ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစု

စစ်ကိုင်းတိုင်း ကနီမြို့နယ်အတွင်း ဇီးပင်တွင်း တောတိုက်နှင့် ကြက်ချောင်း တောတိုက်တွင် အကြမ်းဖက် စစ်ကောင်စီ၏ အစုလိုက်၊အပြုံလိုက် ဖမ်းဆီး သတ်ဖြတ်ခံရသော ဒေသခံပြည်သူ ၂၄ဦး၏ အောက်မေ့ဖွယ်အခမ်းအနားကို ယနေ့ (ဇူလိုင် ၂၉)နံနက်ပိုင်းက စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်နှင့်အတူ ကျင်းပပြုလုပ်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၁ ဇူလိုင် ၂၇ရက်နှင့် ၂၈ ရက်က ကနီမြို့နယ်အတွင်း စစ်ကြောင်း ထိုးလာသော စစ်ကောင်စီများမှ ကနီမြို့နယ် ဇီးပင်တွင်းရွာ အနီးတွင် ဒေသခံပြည်သူ (၁၂) ဦး ၊ တောင်ပေါက်ရွာ အနီး ကြက်ချောင်း တောတိုက်တွင် ဒေသခံ ပြည်သူ ၁၁ဦး ၊ ကနီမြို့တွင် တစ်ဦး စုစုပေါင်း ၂၄ ဦးတို့ အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ - ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစု
ဓာတ်ပုံ – ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစု

အဆိုပါ အောက်မေ့ဖွယ် အခမ်းအနား၌ ဒီမိုကရေစီအင်အားစုများ ၊ တော်လှန် ပြည်သူများ တက်ရောက်ကြပြီး အမှတ်တရအောက်မေ့ဖွယ်စကားများ ၊ စစ်အာဏာရှင် ဆန့်ကျင်ရေး တရားများ ဟောပြောခဲ့ကြသည်။

NUG ကာကွယ်ရေးအလံအား အလေးပြုခြင်း၊ ခေတ်အဆက်ဆက်နှင့် နွေဦးတော်လှန်ရေးတွင် ကျဆုံး ကြွေလွင့်သွားသော အာဇာနည်များ၊ ရဟန်းရှင်လူ ကျောင်းသားပြည်သူများအား ဦးညွတ်အလေးပြုခြင်း ၊ ကနီနယ်တွင် ကျဆုံးသွားသော နွေဦးသူရဲကောင်း ၂၄ ဦးအား အလေးပြုခြင်း ၊ ကျဆုံးသွားသူများအား လွမ်းဆွတ်တမ်းတသောအားဖြင့် ၈ စက္ကန့်ငြိမ်သက် ခြင်းများ ပြုလုပ်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဆန္ဒပြပြည်သူများက သွေးစည်းညီညွတ်ရေး အာဏာရှင် ဆန့်ကျင်ရေး တေးသီချင်းများ သံပြိုင်သီဆိုခြင်း၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံ များ ကြွေးကြော်ခြင်းများကိုလည်း ပြုလုပ်ခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တော်မှာမြန်မာအမျိုးသမီးတစ်ဦးသတ်ဖြတ်ခံရပြီးရုပ်အလောင်းကိုအပိုင်းပိုင်းခုတ်ထစ်ဖြတ်တောက်ခံထားရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့သံသယရှိခံရသူခင်ပွန်းဖြစ်သူကိုရဲတွေကအပူတပြင်းလိုက်ရှာနေပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ် တစ်ယောက်ဟာ အရုပ်နဲ့ ဖုန်းလုရင်း ညီမကို သတ်ဖြတ်ခဲ့ကြောင်း သိရပါတယ်။ သူနဲ့အတူ တခြား ဆွေမျိုးရင်းခြာ ဆယ်ကျော်သက် တစ်ဦးလည်း အဖမ်းခံခဲ့ရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကမြစ်ခြေမြို့မှာကလေးငယ်တွေအပါအဝင်အရပ်သား၄၀ကျော်သတ်ဖြတ်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တပ်ဖမ်းဆီးထားတဲ့ပြည်သူ​တွေထဲကအနည်းဆုံး၇ဦးအသတ်ခံထားရပြီး၂ဦး​ပျောက်ဆုံး​နေ ၊စစ်​ကြောင်း​တွေခွဲပြီးရွာ​တွေကိုမီးရှို့