Connect with us

Hi, what are you looking for?

သတင်း

တစ်ဒေါ်လာ ၂၈၀၀ကျပ်ဖြင့် ဒေါ်လာ​ဈေးစံချိန်တင်တက်

ပြင်ပဈေးကွက်တွင် ​နေရာအချို့တွင် တစ်ဒေါ်လာလျှင် ၂၅၅၀ကျပ်ခန့်ဖြင့် အရောင်းအဝယ်ပြုလုပ်နေသော်လည်း အများစုမှာတစ်ဒေါ်လာကျပ် ၂၈၀၀ကျော်ဖြင့်သာအရောင်းအဝယ်ဖြစ်နေသည်ဟု​ငွေလဲလှယ်​နေသူအချို့က​ပြောသည်။

တစ်ဒေါ်လာ ၂၈၀၀ကျပ်ဖြင့် ဒေါ်လာ​ဈေးစံချိန်တင်တက်
တစ်ဒေါ်လာ ၂၈၀၀ကျပ်ဖြင့် ဒေါ်လာ​ဈေးစံချိန်တင်တက်

●စစ်တပ်အာဏာမသိမ်းခင်နှင့်နှိုင်းယှဥ်လျှင် ​ငွေ​လဲလှယ်​ရေး​ဈေးကွက်တွင်ကျပ်​ငွေတန်ဖိုး၁၀၀ရာခိုင်နှုန်း​ကျော်ကျဆင်း

ပြည်တွင်း​ငွေ​ကြေးဈေးကွက်အတွင်းယ​နေ့ အမေရိကန်တစ်ဒေါ်လာလျှင် ၂၈၀၀ကျပ်ဈေးရှိလာပြီးသမိုင်းတစ်​လျှောက်​စံချိန်အများဆုံးနှုန်းဖြစ်​ကြောင်းငွေလဲလုပ်ငန်းဆောင်ရွက်နေသူများကပြောသည်။

ဒေါ်လာဈေးဆက်တိုက်တက်လာသော်လည်း ပြည်တွင်းဈေးကွက်တွင်ဒေါ်လာဝယ်ယူ၍မရဘဲ ပြတ်လပ်နေကြောင်း လည်းငွေလဲကောင်တာပိုင်ရှင်များကပြောသည်။၂၀၂၁ စက်တင်ဘာလတွင် ပြင်ပ​ငွေလဲ​ဈေးကွက်တွင် ၁ ​ဒေါ်လာစံချိန်တင်နှုန်း ၂၇၀၀ ကျပ်နှုန်းသို့ခတ္တ​ရောက်ခဲ့ဖူးပြီး ယခုအခါစစ်​ကောင်စီကမျိုးစုံထိန်းချုပ်​နေသည့်ကြားမှ ပြင်ပ​ဈေးကွက်တွင် ၂၈၀၀ ကျပ်အထိ့ယခင်စံချိန်တင်​ဈေးထက်ပင်ပိုများလာခြင်းဖြစ်သည်။

တနည်းအားဖြင့် ပြင်ပ​ငွေလဲလှယ်​သော​ဈေးကွက်တွင် ကျပ်​ငွေတန်ဖိုးစံချိန်တင်ကျဆင်း​နေခြင်းဖြစ်သည်။စစ်တပ်အာဏာမသိမ်းမီ​ ၂၀၂၁ ဇန်နဝါရီ ၂၉ ရက်​(သောကြာ်​နေ့)က ၁ ​ဒေါ်လာလျှင် ၁၃၃၇ ကျပ်ဖြစ်သည်။ ထို​ကြောင့် အဆိုပါနှုန်းဖြင့်နှိုင်းယှဥ်လျှင်တစ်နှစ်ခွဲအကြာတွင်ငွေလဲလှယ်​ရေး​ဈေးကွက်တွင် ကျပ်​ငွေတန်ဖိုး ၁၀၀ ရာခိုင်နှုန်း​ကျော်ကျဆင်းသွားခြင်းဖြစ်သည်။

စစ်​ကောင်စီက သတ်မှတ်​ပေး​​သောနှုန်းမှာ ၁၈၅၀ ကျပ်သာဖြစ်၍ ပြင်ပလက်​တွေ့​ရောင်းဝယ်​သော​ဈေးနှင့် တစ်​ထောင်နီးပါးကွာဟလာခြင်းဖြစ်သည်။ သို့​သော်အဆိုပါနှူန်းဖြင့်မည်သူမျှအ​ရောင်းအဝယ်မလုပ်ကြဘဲညပြင်ပ​ဈေးကွက်တွင် ​ဈေးကွက်​ပေါက်​ဈေးဖြင့်သာအ​ရောင်းအဝယ်လုပ်ကြခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“လက်ကြီးသမားတွေစီမှာ တဒေါ်လာကို ၂၈၀၀လောက်ခေါ်ရောင်းနေတယ်။”ဟု ငွေလဲကောင်တာပိုင်ရှင်တစ်ဦးကပြောသည်။

ပြင်ပဈေးကွက်တွင် ​နေရာအချို့တွင် တစ်ဒေါ်လာလျှင် ၂၅၅၀ကျပ်ခန့်ဖြင့် အရောင်းအဝယ်ပြုလုပ်နေသော်လည်း အများစုမှာတစ်ဒေါ်လာကျပ် ၂၈၀၀ကျော်ဖြင့်သာအရောင်းအဝယ်ဖြစ်နေသည်ဟု​ငွေလဲလှယ်​နေသူအချို့က​ပြောသည်။

​ဒေါ်လာ​ဈေးစံချိန်တင်တက်​နေ​သော်လည်း အဆိုပါ​ဈေးဖြင့်ဝယ်လျှင်ပင် ပမာဏအမြောက်အများဝယ်မရဘဲ ဒေါ်လာ ၁၀၀၀ အောက်သာ အများဆုံးဝယ်ရောင်းဖြစ်နေသည်ဟု ငွေလဲကောင်တာပိုင်ရှင်များကပြောသည်။

ဒေါ်လာဈေးဆက်တိုက်မြင့်တက်လာခြင်းကြောင့်အရောင်းအဝယ်သတိထားဆောင်ရွက်နေရပြီးဝယ်လိုအားလည်းမြင့်တက်နေသည်ဟု ၎င်းတို့ကဆက်​ပြောသည်။

ဒေါ်လာဈေးနည်းတူ အခေါက်ရွှေဈေးမှာလည်း တစ်ကျပ်သားကို ၂၃ သိန်းအထိ့တက်လာသည်။သို့​သော်စစ်ကောင်စီလက်​အောက်ခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက အခေါက်ရွှေတစ်ကျပ်သားကို ၂၀၆၀၀၀၀ကျပ်ဖြင့်သာ နှုန်းသေသတ်မှတ်ထားသည်။

စစ်တပ်အာဏာမသိမ်းခင်က ၂၀၂၁ ဇန်နဝါရီ ၂၉ ရက်က ရွှေတစ်ကျပ်သားကို ကျပ်၁၃ သိန်း​ကျော်(၁,၃၂၀,၀၀၀)ဈေး​ပေါက်ခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ မျက်နှာပုံပါတဲ့ တစ်ဒေါ်လာတန် ဒင်္ဂါးတွေ သွန်းလောင်း ထုတ်ဝေသွားမယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန လက်အောက်ခံ ကြေးသွန်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

လွှတ်တော်ဆီက ခွင့်ပြုချက်ရရင် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ပုံ ရိုက်နှိပ်ထားတဲ့ ဒေါ်လာ ၂၅၀ တန် ငွေစက္ကူ အသစ်တွေ ထုတ်ဝေလာနိုင်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်။

သတင်း

ပြည်တွင်းမှာ ဒေါ်လာစျေးနဲ့ အတူ နိုင်ငံခြားငွေလဲနှုန်းတွေပါ တပြိုင်တည်း ဈေးတက်နေတယ်လို့ ငွေကြေးစျေးကွက်ကတဆင့် သိရပါတယ်။

သတင်း

ပြည်တွင်း စက်သုံးဆီတစ်လီတာကျပ်၁၀၀ကျော်စျေးခုန်တက်ပြီးရွှေစျေးလည်းတစ်ကျပ်သား သိန်း ၈၀ ကျော်နေဆဲဖြစ်သည်။