Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ မဲဆောက်၌ ပြုလုပ်

အဆိုပါ ဆန္ဒပြပွဲကို ၈၈မျိုးဆက် ကျောင်းသားများဦးဆောင်ပြီး မဲဆောက်ရှိ စက်ရုံ၊ အလုပ်ရုံ၊ အထွေထွေလုပ်သားများပူးပေါင်းပါဝင်ခဲ့ကြောင်း ဦးဆောင်သူတစ်ဦးက ပြောသည်။

ဓာတ်ပုံ - AAMIJ
ဓာတ်ပုံ - AAMIJ

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ထိုင်းရောက်မြန်မာများက ထိုင်း-မြန်မာ နယ်စပ်မြို့ မဲဆောက်၌ ယနေ့ ပြုလုပ်ခဲ့သည်။

အဆိုပါ ဆန္ဒပြပွဲကို ၈၈မျိုးဆက် ကျောင်းသားများဦးဆောင်ပြီး မဲဆောက်ရှိ စက်ရုံ၊ အလုပ်ရုံ၊ အထွေထွေလုပ်သားများပူးပေါင်းပါဝင်ခဲ့ကြောင်း ဦးဆောင်သူတစ်ဦးက ပြောသည်။

‘ဖမ်းဆီးထောင်ချသတ်ဖြတ်နေသော မြန်မာစစ်အာဏာရှင်ကို ရှုတ်ချပါသည်’ ဟူသော ဘန်နာနှင့်အတူ ‘ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေးရေး၊ မတရားသေဒဏ်ခံရသူများ တရားမျှတမှုရရှိရေး’ တို့ကို ဆန္ဒပြသူများက တောင်းဆိုခဲ့ကြသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၆ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်နှင့် ချင်းမိုင်မြို့များ၌ ထိုင်းရောက် အလုပ်သမားများအပါအဝင် မြန်မာများက စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီသူရဲကောင်းလေးဦးကို ကွပ်မျက်မှုအားရှုတ်ချခြင်း ဆန္ဒပြပွဲများကို ပြုလုပ်ခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆန္ဒပြပွဲတွေကနေ အဓိကရုဏ်း အခြေအနေတွေအသွင် ကူးပြောင်းသွားပြီးတဲ့နောက် အင်ဒိုနီးရှားရဲ့ မြို့တော် ဂျကာတာမှာ ပို့ဆောင်ဆက်သွယ်ရေး ပြဿနာတွေ ကြုံတွေ့နေရကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ဆောင်းပါး

ကျောင်းခန်းထဲကနေ တညီတညွတ်ထဲမဟုတ်ဘဲ လုံးထွေးနေတဲ့ အသံတစ်ချို့ ပျံလွင့်လို့နေပါတယ်။ ကျောင်းသူတစ်ယောက်က နံရံပေါ်မှာ ကပ်ထားတဲ့ ကျောင်းစည်းကမ်းတွေကို ဦးဆောင်ဖတ်ပြနေတာဖြစ်ပြီးကျန်တဲ့ကျောင်းသူကျောင်းသားတွေက နောက်ကနေ လိုက်ဆို နေကြတာပါ။

သတင်း

ကတ်ထုတ်​ပေးတဲ့ ထိုင်းအရာရှိအချို့ပါဖမ်းဆီးခံရ

နိုင်ငံတကာ

ကျောင်းသား လူငယ်တွေ ဦးဆောင်ပြီး ဆန္ဒပြမှုတွေ အရှိန်အဟုန် မြင့်တက်လာတဲ့နောက် အိန္ဒိယ အစိုးရရဲ့ ပညာရေး ဝန်ကြီးဟာ ရာထူးကနေ နုတ်ထွက်စာ တင်ခဲ့ပါတယ်။

Facebook