News ကိုးတောင်ဘို့တိုက်ပွဲတွင်စစ်ကောင်စီကဒရုန်းဖြင့်ထောက်လှမ်းပြီးလက်နက်အင်အားအပြည့်အစုံဖြင့်တိုက်ခိုက်မှုကို PDFများကတူမီးဖြင့်ခုခံခဲ့ရပြီးဆုံးရှုံးမှုများခဲ့ခြင်းဖြစ် လက်နက်အင်အားမမျှ၍ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်လူငယ်များ ကျဆုံးခဲ့ရခြင်းဖြစ်ပြီး လက်နက်အမြန်ဆုံးတပ်ဆင်ပေးရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက တောင်းဆိုခဲ့သည်။ LuduNwayOoဖေဖော်ဝါရီ 9, 2022
News ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ့်ကံကြမ္မာကို ဖန်တီးခွင့်အပြည့်အဝရှိသည့် ဖက်ဒရယ်ဒီမိုကရေစီ စနစ်ထူထောင်ရန် ကတိပိုင်းဖြတ်ထားဟု NUG ယာယီသမ္မတပြော NUG အစိုးရအဖွဲ့အစည်းအဝေးကို ယနေ့(ဖေဖော်ဝါရီ ၈ ရက်) နံနက်ပိုင်းတွင် ကျင်းပရာ ယာယီသမ္မတက မိန့်ခွန်းတွင်ထည့်သွင်းပြောကြားခဲ့ကာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများ တက်ရောက်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန် သည်။ LuduNwayOoဖေဖော်ဝါရီ 8, 2022
News ဘားအံမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့များနှင့် ဝန်ထမ်းများအချိန်မနှောင်းမီ ပြည်သူနှင့်အတူ ရပ်တည်ရန်သတိပေးချက် KNU ထုတ်ပြန် KNU သထုံခရိုင်၊ ဘားအံမြို့နယ်၊ တပ်ရင်း (၁)ထိန်းချုပ်နယ်မြေအတွင်း နယ်ခြားစောင့်တပ် BGF နှင့် ပြည်သူ့စစ်များ မိမိလက်ရှိ လုပ်ငန်းတာဝန်မှ ထွက်ပေးရန်နှင့် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် ထုတ်ပြန်ချက်၌ ပါရှိသည်။ LuduNwayOoဖေဖော်ဝါရီ 8, 2022
News CDM ရဲဝန်ထမ်းများဖြင့် ဆောမြို့နယ် ကြားကာလပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့စည်း အဆိုပါဖွဲ့စည်းမှုကို ပြည်သူ့ဝန်ထမ်းများအဖြစ် ရပ်တည်ခဲ့ကြသည့် CDM ရဲဝန်ထမ်းများဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း ကြေညာချက်၌ ဖော်ပြထားသည်။ LuduNwayOoဖေဖော်ဝါရီ 8, 2022
News ဗန်းမော်ရှိ စစ်ကောင်စီစုပေါင်းဂိတ်တစ်ခုကို KIA/PDF တိုက်ခိုက်ကြောင်း KIAအတည်ပြု တိုက်ပွဲဖြစ်ပွားရာသို့ စစ်ကောင်စီ၏ ခလရ(၄၇)တပ်မှ လက်နက်ကြီးဖြင့်ပစ်ခတ်၍ ဖန်းခါးကုန်းရွာရှိ အမျိုးသားတစ်ဦးကျည်စထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။ LuduNwayOoဖေဖော်ဝါရီ 8, 2022
News ဂန့်ဂေါ-ကလေးလမ်းပိုင်းတွင် စစ်တပ်ထုတ်ကုန်များသည်လာသောကားကို PDF(ဂန့်ဂေါ)ဖမ်းဆီးအရေးယူ လူသားချင်းစာနာသောအားဖြင့် အဆိုပါယာဉ်၊ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်တို့အား PDF-GanGaw ပြန်လည်လွှတ်ပေးခဲ့သည်ဟုထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ LuduNwayOoဖေဖော်ဝါရီ 8, 2022
News မုံရွာ-ယင်းမာပင်-ပုလဲကားလမ်းကို ဖြတ်သန်းသွားလာခြင်း မပြုကြရန် မြောက်ယမားအဖွဲ့က အရေးပေါ်ထုတ်ပြန် ယနေ့ နံနက်ပိုင်းကလည်း ယင်းမာပင်မြို့နယ် ကျေးစာကျရွာကို အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များဝင်ရောက်စီးနင်းရာ ဒေသခံများကိုဖမ်းဆီးသွားကြောင်း ဒေသခံတို့က ပြောသည်။ LuduNwayOoဖေဖော်ဝါရီ 8, 2022
News အာဏာသိမ်းပြီးနောက် တိုက်ပွဲနှင့်ပဋိပက္ခဖြစ်စဉ်များတွင် စစ်ကောင်စီတပ်မှ ၈ထောင်ခန့်သေဟု NUGထုတ်ပြန် ၂၀၂၁ ဇွန်လ ၁ရက်မှ ၂၀၂၂ ဇန်နဝါရီ ၃၁ရက်အထိ ၈လတာကာလအတွင်း စစ်ကောင်စီ တပ်သား သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှု၊ အရပ်သားသေဆုံး၊ ဒဏ်ရာရရှိမှု၊ အရပ်သား ဖမ်းဆီးထိန်းသိမ်းခံရမှု အခြေအနေများကို ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြလိုက်ခြင်း ဖြစ်သည်။ LuduNwayOoဖေဖော်ဝါရီ 8, 2022
News ရေဦးမြို့နယ်မှ Non-CDM ဝန်ထမ်းများဆက်တိုက်နှုတ်ထွက်လာ ရေဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပညာရေးဌာနမှ ဝန်ထမ်း ၄၀ နီးပါးသည် ရာထူးတာဝန်မှနှုတ်ထွက်ကြောင်းကို ပြည်သူလူထုအား လူမှုကွန်ရက်မှ တစ်ဆင့် နည်းမျိုးစုံ အသိပေးလာခြင်းဖြစ်သည်။ LuduNwayOoဖေဖော်ဝါရီ 8, 2022
ဗီဒီယို ဗီတာမင် Dက ကိုဗစ်ရောဂါ အပြင်းအပျော့ ကွာခြားမှုအတွက် အရေးကြီးတယ်လို့ အစ္စရေး သုတေသီတွေပြော ဗီတာမင် Dဆေးပြားတွေ သောက်သုံးပြီးလည်း ခန္ဓာကိုယ်အတွက် ဖြည့်တင်းနိုင်ပေမယ့် အဲဒီ ဗီတာမင်ဓာတ် လွန်ကဲလွန်းရင်လည်း ဘေးဥပါဒ် ဖြစ်တတ်တာကြောင့် ဆရာဝန်တွေရဲ့ လမ်းညွှန်မှုကို ခံယူပြီးမှသာ ဆေးပြားတွေ စွဲသောက်တာမျိုး လုပ်သင့်ကြောင်း ကျန်းမာရေး ပညာရှင်တွေက သတိပေးထားပါတယ်။ LuduNwayOoဖေဖော်ဝါရီ 8, 2022