Connect with us

Hi, what are you looking for?

LuduNwayOo

News

ရေဦးမြို့နယ်မှ Non-CDM ဝန်ထမ်းများဆက်တိုက်နှုတ်ထွက်လာ

ရေဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပညာရေးဌာနမှ ဝန်ထမ်း ၄၀ နီးပါးသည် ရာထူးတာဝန်မှနှုတ်ထွက်ကြောင်းကို ပြည်သူလူထုအား လူမှုကွန်ရက်မှ တစ်ဆင့် နည်းမျိုးစုံ အသိပေးလာခြင်းဖြစ်သည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့များ အားကောင်းလာပြီး စစ်ကောင်စီ အထိနာ လာပြီးနောက် ရေဦးမြို့မှ Non CDM ဝန်ထမ်းများ ဆက်တိုက်နှုတ်ထွက်စာ တင်လာသည်ဟု ဒေသခံများကပြောသည်။

ရေဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပညာရေးဌာနမှ ဝန်ထမ်း ၄၀ နီးပါးသည် ရာထူးတာဝန်မှနှုတ်ထွက်ကြောင်းကို ပြည်သူလူထုအား လူမှုကွန်ရက်မှ တစ်ဆင့် နည်းမျိုးစုံ အသိပေးလာခြင်းဖြစ်သည်။

“ဖေဖော်ဝါရီ ၇ ရက်ကနေစပြီး နှုတ်ထွက်စာတွေ တင်နေကြတာ။ အခုဆို နှစ်ရက်အတွင် ၄၀ ခန့်ရှိလာပြီ။ စစ်ကိုင်းမှာစစ်ကောင်စီရှုံးမှာကိုသိလို့ နှူတ်ထွက်နေကြတာ”ဟု ဒေသခံတစ်ဦးကပြောသည်။

စစ်ကိုင်းတိုင်းအတွင်း ဒေသချင်းထိစပ်နေသော ရေဦး၊ မင်းကင်း၊ဒီပဲယင်း၊ကနီနှင့်တန့်ဆည်မြို့တို့တွင် အကြမ်းဖက်စစ်ကောင်စီက နည်းမျိုးစုံ စစ်ကြောင်း ထိုးနေသော်လည်း ပြည်သူ့ကာကွယ်ရေးတပ်များက စနစ်တကျခုခံ တိုက်ခိုက် နေသည်။ အကြမ်းဖက်စစ်ကောင်စီအား အထိနာအောင် တိုက်ထုတ် နေသလို တစ်ချိန်တည်းတွင် ပြည်သူ့အုပ်ချုပ်ရေးယန္တရား လည်ပတ်အောင် ကြိုးစား နေပြီး Non CDM ဝန်ထမ်းများ အပြီးပိုင် ထွက်ခွာသွားရန် ပြည်သူ့ကာကွယ် ရေးတပ်များကသတိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

လွယ်ဂျယ်မြို့ကို ဝိုင်းထားပြီး စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့နှင့် ဝန်ထမ်းများထွက်ခွာခွင့်ကို ယနေ့ ၁ ရက်အချိန်ပေးထားသည်ဟု သိရသည်။

သတင်း

လွိုင်ကော်တက္ကသိုလ်မှ ကယ်တင်ခေါ်ထုတ်လာခဲ့သည့် Non-CDM ဝန်ထမ်းနှင့် ၎င်းတို့၏ မိသားစုဝင်များကို Non-CDM ဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးမှုများ ဖြင့် စိစစ်ဆောင်ရွက်ခဲ့ကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC)က ကနဦး အသိပေးသည်။

သတင်း

Non-CDM ဝန်ထမ်းများ အလင်းဝင်ခြင်းဆိုင်ရာ ကြေညာချက်ကို အင်းတော်မြို့နယ်ပြည်သူ့ချုပ်ရေးအဖွဲ့က ပြီးခဲ့သည့် နိဝင်ဘာ၂၄ရက်က ကြေညာခဲ့ခြင်းဖြစ်သည်။

သတင်း

ကောလင်းမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့မှ Non-CDM ဝန်ထမ်းများ အလင်းဝင်ရောက်ရန် အမိန့်ကြေညာစာထုတ်ပြန်ပြီးနောက် Non-CDM ဝန်ထမ်းများ အလင်းဝင်ရောက်လာမှု အခြေအနေကို ဖော်ပြရာ၌ အထက်ပါအတိုင်း ထည့်သွင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။