Connect with us

Hi, what are you looking for?

News

ဂန့်​ဂေါ-က​လေးလမ်းပိုင်းတွင် စစ်တပ်​ထုတ်ကုန်များ​သည်လာ​သောကားကို PDF(ဂန့်​ဂေါ)ဖမ်းဆီးအ​ရေးယူ

လူသားချင်းစာနာသောအားဖြင့် အဆိုပါယာဉ်၊ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်တို့အား PDF-GanGaw ပြန်လည်လွှတ်ပေးခဲ့သည်ဟုထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

(ဖမ်းဆီးရမိ​​သောစစ်တပ်ထုတ်ကုန်များကို​တွေ့ရစဥ်။ ဓါတ်ပုံ-PDF(ဂန့်​​ဂေါ) )

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်၊ ဂန့်ဂေါ-ကလေးလမ်းပိုင်းတွင် ရှောင်တခင်စစ်ဆေးမှုများပြုလုပ်နေစဥ် စစ်ကောင်စီထောက်တိုင်ထုတ်ကုန်များသိမ်းဆည်းရမိကြောင်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ -ဂန့်ဂေါ က ယနေ့(ဖေဖော်ဝါရီ ၈ ရက်)တွင် ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီထုတ်ကုန်များကို စစ်ဆေးတွေ့ရှိမှုမှာ ဖေဖော်ဝါရီလ(၅)ရက်နေ့ နံနက် ၁၀ နာရီက YGN 9L-5382 ယာဉ်နှင့် SGG 1I-6026ယာဉ် နှစ်စီးပေါ်မှ ဖြစ်သည်။ ​​ဂေါ်ဇီလာလက်သန့်​ဆေး၊ နို့ဆီ၊​ကော်ဖီမစ်၊အချိုရည် အပါအဝင် စစ်တပ်ထုတ်ကုန်များကို စစ်​ဆေး​တွေ့ရှိ၍ ဖမ်းဆီးအ​ရေးယူခဲ့​ကြောင်း​ PDF (ဂန့်​ဂေါ)ကပြောသည်။

“အကြမ်းဖက်စစ်တပ်နဲ့ ဆက်နွယ်နေတဲ့ ကုန် ပစ္စည်း တွေချည်းပါပဲ။ဂေါ်ဇီလာ ဆပ် ပြာ၊ အချိုရည်ဘူး၊နို့ဆီ အများစုပါတယ်။ကားကြီး နှစ်စီးတိုက်စာ အပြည့်ပဲ။ပစ္စည်းတွေကိုလောလောဆယ် ထိန်းသိမ်းထားဆဲပဲဗျ။ဘယ်လိုဆက်လုပ်မယ်ဆိုတာ ကျွန်တော်တို့ ဆုံးဖြတ်တဲ့အဆင့် မရောက်သေးဘူး”ဂန့်ဂေါ ပ.က.ဖ မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

လူသားချင်းစာနာသောအားဖြင့် အဆိုပါယာဉ်၊ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်တို့အား PDF-GanGaw ပြန်လည်လွှတ်ပေးခဲ့သည်ဟုထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ယာဉ်ပိုင်ရှင်၊ယာဉ်မောင်း၊ယာဉ်နောက်လိုက်နှင့်ကုန်စည်ကူးသန်းရောင်းဝယ်လျှက်ရှိကြသော မိဘပြည်သူများအနေဖြင့် စစ်ကောင်စီနှင့်ပတ်သက်လျှက်ရှိသောပစ္စည်းများ၊၎င်း၏ထောက်တိုင်များဖြစ်သည့်ထုတ်ကုန်များကို သယ်ယူ​​ခြင်း၊ကူးသန်းရောင်းဝယ်ခြင်းများမပြုလုပ်ကြရန် လည်း တိုက်တွန်းသည်။

စစ်ကာင်စီကနိုင်ငံ့အာဏာ မတရားသိမ်းယူခဲ့ပြီးငြိမ်းချမ်းစွာဆန္ဒပြ​တောင်ဆိုသူများကိုလည်းပစ်ခတ်​သတ်ဖြတ်အကြမ်းဖက်ခဲ့ပြီးနောက်ပိုင်း စစ်တပ်ထုတ်ကုန်များကို ပြည်သူအများစုကသပိတ်​မှောက်လာသလို၊ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များ၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကပြည်သူများကို စစ်တပ်ထုတ်ကုန်များကိုမသုံးစွဲရန်နှင့် တွေ့ရှိပါက ဖျက်ဆီးခြင်းနှင့် အရေးယူခြင်းများကို တင်းတင်းကြပ်ကြပ် ပြုလုပ်လာကြသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။