Connect with us

Hi, what are you looking for?

ဗီဒီယို

ဗီတာမင် Dက ကိုဗစ်ရောဂါ အပြင်းအပျော့ ကွာခြားမှုအတွက် အရေးကြီးတယ်လို့ အစ္စရေး သုတေသီတွေပြော

ဗီတာမင် Dဆေးပြားတွေ သောက်သုံးပြီးလည်း ခန္ဓာကိုယ်အတွက် ဖြည့်တင်းနိုင်ပေမယ့် အဲဒီ ဗီတာမင်ဓာတ် လွန်ကဲလွန်းရင်လည်း ဘေးဥပါဒ် ဖြစ်တတ်တာကြောင့် ဆရာဝန်တွေရဲ့ လမ်းညွှန်မှုကို ခံယူပြီးမှသာ ဆေးပြားတွေ စွဲသောက်တာမျိုး လုပ်သင့်ကြောင်း ကျန်းမာရေး ပညာရှင်တွေက သတိပေးထားပါတယ်။

အစ္စရေး နိုင်ငံမှာ ပြုလုပ်တဲ့ သုတေသန စစ်တမ်း တစ်ခုအရ ကိုဗစ်ရောဂါ လက္ခဏာ ပြင်းထန်နိုင်ခြေဟာ ဗီတာမင် D ချို့တဲ့မှုနဲ့ ဆက်စပ်နေကြောင်း ဖော်ထုတ် တွေ့ရှိခဲ့ပါတယ်။

ရောဂါ မကူးစက်ခင် လူ့ခန္ဓာကိုယ်မှာ ဗီတာမင် D ချို့တဲ့နေတဲ့အခါ ကိုဗစ်ရဲ့ ပြင်းထန်တဲ့ လက္ခဏာတွေ ကြုံတွေ့ ခံစားရနိုင်ခြေ ပိုများသွားနိုင်ကြောင်း သုတေသီတွေက ပြောပါတယ်။ ခန္ဓာကိုယ်မှာ ဗီတာမင် D လုံလောက်မှု ရှိမရှိ ဆိုတာဟာ ရောဂါ အပြင်းအပျော့ ကွဲပြားစေဖို့ အရေးပါတဲ့ ညွှန်ကိန်းတစ်ခု ဖြစ်နိုင်ကြောင်း ပညာရှင်တွေက ယုံကြည်နေပါတယ်။

အစ္စရေးမှာ ပြုလုပ်ခဲ့တဲ့ သုတေသန ရလဒ်တွေကို PLOS One ဆေးပညာ ဂျာနယ်မှာ ဖော်ပြခဲ့ရာမှာ ဗီတာမင် D ချို့တဲ့နေတဲ့သူတွေရဲ့ ၅၀ ရာခိုင်နှုန်းလောက်ဟာ ကိုဗစ် ကူးစက်ခံရရင် ပြင်းထန်တဲ့ ရောဂါ လက္ခဏာတွေ ခံစားရနိုင်ကြောင်း ပါရှိနေပါတယ်။ ဗီတာမင် D လုံလောက်တဲ့ ပမာဏမျိုး ရှိနေသူတွေထဲမှာတော့ ကူးစက်သူရဲ့ ၁၀ ရာခိုင်နှုန်း ဝန်းကျင်လောက်သာ ရောဂါ ပြင်းထန်နိုင်တယ်လို့ ဆိုပါတယ်။

ဗီတာမင် D ဟာ အရိုးကျန်းမာရေးအတွက် လိုအပ်တဲ့ သက်စောင့်ဓာတ် တစ်ခု ဖြစ်တဲ့အပြင် ကိုဗစ်ရောဂါ ပြင်းထန်မှုကို တားဆီးရာမှာလည်း အရေးကြီးတဲ့ အားဖြည့်မှု တစ်ခုလို့ အစ္စရေး သုတေသီတွေက ပြောပါတယ်။ ဂါလီလီ ဆေးသုတေသန စင်တာက သုတေသီ ဒေါက်တာ အေမိုင်းလ် ဒရိုရာက သူတို့ အဖွဲ့ဟာ ရောဂါ မကူးစက်ခံရခင် လူတစ်ဦးချင်းစီရဲ့ ဗီတာမင် D ကြွယ်ဝမှု အခြေအနေတွေနဲ့ နောက်ဆက်တွဲ ရောဂါ လက္ခဏာတွေကို အဓိက နှိုင်းယှဉ် လေ့လာခဲ့ကြောင်း ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

လူတစ်ယောက်မှာ ရောဂါ စွဲကပ်လာတဲ့အခါ လက္ခဏာ ပြင်းမပြင်း ဆိုတာကို အဆုံးအဖြတ်ပေးမယ့် အကြောင်းတရားတွေ တော်တော်များများ ရှိနိုင်ကြောင်း၊ အဲဒီထဲမှာ ဗီတာမင် Dကလည်း တစ်ခု အပါအဝင်ဖြစ်ကြောင်း၊ ဒီတွေ့ရှိချက်ဟာ ရောဂါ တုံ့ပြန် ကုသရေးအတွက် အတော်လေး အသုံးဝင်လာနိုင်ကြောင်း ဒေါက်တာ ဒရိုရာက ဆိုပါတယ်။

သုတေသီတွေဟာ ဂါလီလီ ဆေးသုတေသန စင်တာမှာ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလကနေ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း လာရောက် ကုသမှု ခံယူတဲ့ ကိုဗစ်လူနာ ၂၅၃ ဦးရဲ့ ဆေးမှတ်တမ်းတွေကို နှိုင်းယှဉ် လေ့လာခဲ့ကြပါတယ်။ အဲဒီကာလတုန်းက ကူးစက်နှုန်းမြန် Omicron ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲကို မတွေ့ရသေးပါဘူး။

လေ့လာမှုတွေအရ ဗီတာမင် Dဟာ ကိုဗစ်ကို ခုခံတဲ့ လူ့ကိုယ်ခံအား စနစ်ကို ပိုမို အားကောင်းအောင် ပံ့ပိုးပေးနိုင်ကြောင်း ဒေါက်တာ ဒရိုရာက ပြောကြားခဲ့ပါတယ်။ ဗီတာမင် Dဟာ လူ့ခန္ဓာကိုယ် အရေပြားပေါ် နေရောင်ခြည် ကျရောက်မှုကနေ တိုက်ရိုက် ရရှိနိုင်ပါတယ်။ ဒါ့အပြင် ငါးကြီးဆီ၊ မှို၊ ဥအနှစ်လို အစားအစာတွေကနေလည်း ဖြည့်တင်းနိုင်ပါတယ်။

ဗီတာမင် Dဆေးပြားတွေ သောက်သုံးပြီးလည်း ခန္ဓာကိုယ်အတွက် ဖြည့်တင်းနိုင်ပေမယ့် အဲဒီ ဗီတာမင်ဓာတ် လွန်ကဲလွန်းရင်လည်း ဘေးဥပါဒ် ဖြစ်တတ်တာကြောင့် ဆရာဝန်တွေရဲ့ လမ်းညွှန်မှုကို ခံယူပြီးမှသာ ဆေးပြားတွေ စွဲသောက်တာမျိုး လုပ်သင့်ကြောင်း ကျန်းမာရေး ပညာရှင်တွေက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အဖွဲ့ရဲ့ လက်နက်ဖျက်သိမ်းရေး သဘောတူညီမှုကို လက်တွေ့ အကောင်အထည် မဖော်ခင် အစ္စရေးဖက်က အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကြိုတင်ထားရှိတဲ့ ကတိတွေကို တည်ပြဖို့ လိုလိမ့်မယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့က သတိပေး ပြောကြားလိုက်ပါတယ်။

ဆောင်းပါး

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးကို နည်းနည်းလေး ရန်စရင်တောင် အီရန်ကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောကြားခဲ့ပါတယ်။