Connect with us

Hi, what are you looking for?

News

CDM ရဲဝန်ထမ်းများဖြင့် ဆောမြို့နယ် ကြားကာလပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့စည်း

အဆိုပါဖွဲ့စည်းမှုကို ပြည်သူ့ဝန်ထမ်းများအဖြစ် ရပ်တည်ခဲ့ကြသည့် CDM ရဲဝန်ထမ်းများဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း ကြေညာချက်၌ ဖော်ပြထားသည်။

(စစ်အာဏာရှင်ကို ဆန့်ကျင်၍ ပြည်သူများဘက်မှ ရပ်တည်ကာ CDM ပြုလုပ်ခဲ့ကြသည့် ကယားပြည်နယ် ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

ဆောမြို့နယ်ကြားကာလ ပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့စည်းကြောင်း ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ယနေ့ ထုတ်ပြန်သည်။

ဆောမြို့နယ်အတွင်း တရားဥပဒေမဲ့လုပ်ရပ်များ မဖြစ်ပွားစေရေး၊ တရားဥပဒေမဲ့ လုပ်ရပ်များ ဖြစ်ပွားခဲ့ပါကလည်း တရားဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး နှင့် ပြည်သူလုံခြုံရေး လုပ်ငန်းများအား ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါဖွဲ့စည်းမှုကို ပြည်သူ့ဝန်ထမ်းများအဖြစ် ရပ်တည်ခဲ့ကြသည့် CDM ရဲဝန်ထမ်းများဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း ကြေညာချက်၌ ဖော်ပြထားသည်။

ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်း ဆောင်နေသည့် ဝန်ထမ်းများ ဖေဖော်ဝါရီ ၅ရက်နောက်ဆုံးထား၍ ပြည်သူနှင့်အတူ ရပ်တည်ရန်သတိပေးထားပြီး ဖေဖော်ဝါရီ ၄ရက်တွင် ဆောမြို့ရှိ ဌာနဆိုင်ရာ ရုံးများအပါအဝင် စစ်ကောင်စီထောက်တိုင်နေရာ ၁၀နေရာကို မီးရှို့ဖျက်ဆီးခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ဆောမြို့နယ်မှာ စစ်တပ်ရဲ့ တပ်မ(၉၉)စစ်ကြောင်းထံက လက်နက်ခဲယမ်းတွေ ထပ်မံသိမ်းရတယ်လို့ တော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူတချို့က ပြောပါတယ်။

သတင်း

လက်နက် ၁၁လက်၊ သုံ့ပန်း ၉ဦး၊ ယာဉ် ၃စီးနဲ့ ခဲယမ်း၊အသုံးအဆောင် ပစ္စည်းများ သိမ်းရ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)နဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) နိုင်ငံ့ဝန်ထမ်းတွေ ဆွေးနွေးပွဲကို ဇူလိုင် ၁၂ရက်က ကျင်းပခဲ့ကြောင်း SCEFနဲ့ CDM အ ဖွဲ့အစည်းတွေက အသိပေးထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်စစ်ကြောင်းထံက လက်နက်ခဲယမ်းတချို့သိမ်းရထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင်တပ်ရင်း (၁၃) တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။