Connect with us

Hi, what are you looking for?

LuduNwayOo

News

CDM ရဲဝန်ထမ်းများဖြင့် ဆောမြို့နယ် ကြားကာလပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့စည်း

အဆိုပါဖွဲ့စည်းမှုကို ပြည်သူ့ဝန်ထမ်းများအဖြစ် ရပ်တည်ခဲ့ကြသည့် CDM ရဲဝန်ထမ်းများဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း ကြေညာချက်၌ ဖော်ပြထားသည်။

(စစ်အာဏာရှင်ကို ဆန့်ကျင်၍ ပြည်သူများဘက်မှ ရပ်တည်ကာ CDM ပြုလုပ်ခဲ့ကြသည့် ကယားပြည်နယ် ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

ဆောမြို့နယ်ကြားကာလ ပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့စည်းကြောင်း ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ယနေ့ ထုတ်ပြန်သည်။

ဆောမြို့နယ်အတွင်း တရားဥပဒေမဲ့လုပ်ရပ်များ မဖြစ်ပွားစေရေး၊ တရားဥပဒေမဲ့ လုပ်ရပ်များ ဖြစ်ပွားခဲ့ပါကလည်း တရားဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး နှင့် ပြည်သူလုံခြုံရေး လုပ်ငန်းများအား ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါဖွဲ့စည်းမှုကို ပြည်သူ့ဝန်ထမ်းများအဖြစ် ရပ်တည်ခဲ့ကြသည့် CDM ရဲဝန်ထမ်းများဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း ကြေညာချက်၌ ဖော်ပြထားသည်။

ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်း ဆောင်နေသည့် ဝန်ထမ်းများ ဖေဖော်ဝါရီ ၅ရက်နောက်ဆုံးထား၍ ပြည်သူနှင့်အတူ ရပ်တည်ရန်သတိပေးထားပြီး ဖေဖော်ဝါရီ ၄ရက်တွင် ဆောမြို့ရှိ ဌာနဆိုင်ရာ ရုံးများအပါအဝင် စစ်ကောင်စီထောက်တိုင်နေရာ ၁၀နေရာကို မီးရှို့ဖျက်ဆီးခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

မေးမြန်းခန်း

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ကရင်နီ​တော်လှန်​ရေးအဖွဲ့များ၏ ခုခံတိုက်ခိုက်မှု​ကြောင့် စစ်သား ၂၀၀၀ ​ကျော်​သေဆုံးခဲ့​ကြောင်းသိ့ရသည်။

သတင်း

ယနေ့ (အောက်တိုဘာ ၅ရက်)တွင် လကျရောက်သည့် (၂၉)နှစ်မြောက် ကမ္ဘာ့ဆရာများနေ့ကိုမြန်မာနိုင်ငံတွင် CDM ဆရာ၊ ဆရာများအနေဖြင့် စစ်အာဏာရှင်စနစ်ဆိုးကို ခုခံတော်လှန်ရင်း ဖြတ်ကျော်နေကြရကြောင်း ဖော်ပြသည်။

ဆောင်းပါး

အာမခံချက်မရှိတော့သော အဖွဲ့အစည်း နှင့် နေ့စဥ်အပေါ်ဖား အောက်ဖိနေရသည့် တပ်တွင်း ​နေ့စဥ်ဘဝကို သူ စိတ်ကုန်လာခြင်းဖြစ်သည်ဟုဖွင့်ဟသည်။

သတင်း

ယနေ့ အခမ်းအနားတွင် တပ်နှင့်ရဲ CDM သူရဲကောင်း ၁၆ဦးအတွက် တစ်ဦးလျင် ခုနစ်သောင်းကျပ်စီ ထောက်ပံ့ငွေ ပေးအပ်ခဲ့ကြောင်း အသိပေးသည်။