Connect with us

Hi, what are you looking for?

News

မုံရွာ-ယင်းမာပင်-ပုလဲကားလမ်းကို ဖြတ်သန်းသွားလာခြင်း မပြုကြရန် ​မြောက်ယမားအဖွဲ့က အ​ရေး​ပေါ်ထုတ်ပြန်

ယနေ့ နံနက်ပိုင်းကလည်း ယင်းမာပင်မြို့နယ် ကျေးစာကျရွာကို အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များဝင်ရောက်စီးနင်းရာ ဒေသခံများကိုဖမ်းဆီးသွားကြောင်း ဒေသခံတို့က ပြောသည်။

(မုံရွာ-ယင်းမာပင်-ပုလဲ ကားလမ်းတွင်ဖြတ်သန်းသွားလာ​နေ​သောကားအချို့။ ပုံအ​ဟောင်းဖြစ်ပါသည်။ဓာတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ မုံရွာ-ယင်းမာပင်-ပုလဲ ကားလမ်းကို ဖြတ်သန်းသွားလာခြင်း မပြုကြရန် မြောက်ယမားတပ်ဖွဲ့က အရေးပေါ်ထုတ်ပြန်ကြေညာသည်။

ယနေ့(ဖေဖော်ဝါရီ ၈ ရက်) ညနေပိုင်းတွင် စစ်ကိုင်းတိုင်း၊ယင်းမာပင် ခရိုင်အတွင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့်အကြမ်းဖက်စစ်ကောင်စီတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေရာ မုံရွာ-ယင်းမာပင်-ပုသိမ် ကားလမ်းကို ဖြတ်သန်းသွားလာခြင်း မပြုကြရန် မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က အရေးပေါ်ထုတ်ပြန်ကြေညာသည်။

“စစ်ကောင်စီတပ်နဲ့ ဒေသခံပူးပေါင်း PDF တပ်ဖွဲ့ဝင်တွေအကြား ထိတွေ့ တိုက်ပွဲဖြစ်ပွားနေကြတဲ့အတွက် မိဘပြည်သူများအနေနဲ့ မုံရွာ-ယင်းမာပင်-ပုလဲသွားကားလမ်းမကို အသုံးပြုပြီး ခရီးမသွားလာကြဖို့ အရေးပေါ် အသိပေးနှိုးဆော်အပ်ပါသည်”ဟု မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးကြေညာသည်။

ယနေ့ နံနက်ပိုင်းကလည်း ယင်းမာပင်မြို့နယ် ကျေးစာကျရွာကို အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များဝင်ရောက်စီးနင်းရာ ဒေသခံများကိုဖမ်းဆီးသွားကြောင်း ဒေသခံတို့က ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနက လမ်းဘေးစျေးသည်တွေကို ရှင်းလင်းရာမှာ လိုင်းကြေးမပေးနိုင်တဲ့ စျေးသည်တွေကို အဓိက ဖယ်ရှားနေကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့က ဒုရဲအုပ်လင််မယား ပစ်သတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

မုံရွာမြို့မှာ ဩဂုတ်၃၀ရက် ညက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အသက် ၈၀ ကျော်အရွယ် အဘိုးအို ၁ ဦး နေအိမ်အတွင်းပိတ်မိပြီး မီးလောင်သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

နေ့စဥ်လူငယ်အများအပြားကို ဖမ်းဆီးပေါ်တာဆွဲနေတဲ့ မုံရွာမြို့ပေါ်မှာ လူငယ် ၁ဦးကို ကားနဲ့တိုက်ဖမ်းကာ ပေါ်တာဆွဲသွားကြောင်း မြို့ခံအချို့က ပြောပါတယ်။

Facebook