Connect with us

Hi, what are you looking for?

News

အာဏာသိမ်းပြီးနောက် တိုက်ပွဲနှင့်ပဋိပက္ခဖြစ်စဉ်များတွင် စစ်ကောင်စီတပ်မှ ၈ထောင်ခန့်သေဟု NUGထုတ်ပြန်

၂၀၂၁ ဇွန်လ ၁ရက်မှ ၂၀၂၂ ဇန်နဝါရီ ၃၁ရက်အထိ ၈လတာကာလအတွင်း စစ်ကောင်စီ တပ်သား သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှု၊ အရပ်သားသေဆုံး၊ ဒဏ်ရာရရှိမှု၊ အရပ်သား ဖမ်းဆီးထိန်းသိမ်းခံရမှု အခြေအနေများကို ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြလိုက်ခြင်း ဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲနှင့်ပဋိပက္ခ ဖြစ်စဉ်များအတွင်း စစ်ကောင်စီတပ်သား ၈ထောင်ခန့် သေဆုံးပြီး ၂,၇၀၀ ကျော် ဒဏ်ရာရရှိ ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

၂၀၂၁ ဇွန်လ ၁ရက်မှ ၂၀၂၂ ဇန်နဝါရီ ၃၁ရက်အထိ ၈လတာကာလအတွင်း စစ်ကောင်စီ တပ်သား သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှု၊ အရပ်သားသေဆုံး၊ ဒဏ်ရာရရှိမှု၊ အရပ်သား ဖမ်းဆီးထိန်းသိမ်းခံရမှု အခြေအနေများကို ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြလိုက်ခြင်း ဖြစ်သည်။

အဆိုပါ ကာလအတွင်း စစ်ကောင်စီတပ်သား ၇,၉၅၁ ဦးသေဆုံးပြီး ၂,၇၈၆ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း၊ အရပ်သားသေဆုံးသူ ၁,၆၀၄ ဦးရှိပြီး ၈၄၀ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း၊ အရပ်သား ၄,၃၉၈ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ထုတ်ပြန်သည်။

အဆိုပါ အချက်အလက်များကို သတင်းဌာနများနှင့် မြေပြင်မှ တိုက်ရိုက်ရရှိသော သတင်းအချက်အလက်များကို စုစည်းထားခြင်းဖြစ်ပြီး မြေပြင်တွင် ယခုထက် အရေအတွက် ပိုမိုနိုင်ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။