သတင်း အရာတော်မှာ စစ်တပ်က ဘုန်းကြီးကျောင်း ၃ကျောင်းကို အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သံဃာတော် ၂ပါး ဒဏ်ရာရ၊ သာသနိက အဆောက်အအုံတွေ ပျက်စီး စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်က ကမ်းပြူကျေးရွာမှာ စစ်တပ်က အသေခံဒရုန်းတွေနဲ့ ဘုန်းကြီးကျောင်း ၃ကျောင်းကို ဗုံးကြဲတိုက်ခိုက်လို့ သံဃာတော် ၂ ပါး ဒဏ်ရာရရှိပြီး သာသနိကအဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။ LuduNwayOoဧပြီ 10, 2026
သတင်း လူသေဆုံးမှုများတဲ့ စက်ရုံပေါက်ကွဲမှု စုံစမ်းစစ်ဆေးပြီးထုတ်ပြန်မယ်လို့ ဝတပ်UWSAထုတ်ပြန် ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP/UWSA) ဌာနချုပ် ပန်ဆန်း(ပန်ခမ်း)မြို့နယ် ယုံပန်းရွာက စက်ရုံပေါက်ကွဲမှု ဖြစ်စဉ်ကို စုံစမ်းစစ် ဆေးရေးကော်မတီ ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးကာ ရလဒ်ကို ထုတ်ပြန်သွားမယ်လို့ ၀တပ်ဖွဲ့ကကြေညာပါတယ်။ LuduNwayOoဧပြီ 10, 2026
သတင်း ရွှေကျင်နယ်မှာ စစ်တပ်လေကြောင်း တိုက်ခိုက်လို့ ပြည်သူ တစ်ဦးသေဆုံး ကရင်အမျိုးသားအစည်းအရုံး(KNU) ဆောထိ(ရွှေကျင်)မြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁ဦးသေဆုံးပြီး ၃ဦးဒဏ်ရာရရှိခဲ့ကြောင်း KNUဗဟိုက ထုတ်ပြန်ပါတယ်။ LuduNwayOoဧပြီ 10, 2026
သတင်း သံဖြူဇရပ်မြို့နယ်က စစ်တပ်စခန်းကို RMA ပူးပေါင်းတပ် တိုက်ခိုက်၊ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်က ထင်းရှုးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ခဲ့ရာ ၆ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရာမညမွန်တပ်တော်(RMA)က သတင်းထုတ်ပြန်ပါတယ်။ LuduNwayOoဧပြီ 10, 2026
နိုင်ငံတကာ အီရန်နဲ့ အချိန်မရွေး စစ်ပြန်တိုက်ဖို့ အသင့်ရှိကြောင်း အစ္စရေး ဝန်ကြီးချုပ်ပြော အပစ်ရပ်ထားပေမယ့် အီရန်နဲ့ စစ်ပြန်တိုက်ရမယ် ဆိုရင်လည်း အသင့်ပဲလို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောကြားခဲ့ပါတယ်။ LuduNwayOoဧပြီ 10, 2026
နိုင်ငံတကာ လက်ဘနွန်ကို အစ္စရေးက ဆက်ပြီး တိုက်ခိုက်နေရင် လက်တုံ့ပြန်မယ်လို့ အီရန် သတိပေး လက်ဘနွန်ကို အစ္စရေးက ဆက်ပြီး တိုက်ခိုက်နေမယ်ဆိုရင် နောင်တရသွားလောက်အောင် လက်တုံ့ပြန်ရလိမ့်မယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။ LuduNwayOoဧပြီ 10, 2026
သတင်း Myanmar Now သတင်းထောက် ကိုစိုင်းဇော်သိုက် လွတ်မြောက်ရေးအတွက် ဘန်ကောက်က မြန်မာသံရုံးရှေ့မှာ ဆန္ဒပြ အာဏာသိမ်းစစ်တပ်ရဲ့ဖမ်းဆီးထောင်ချတာခံနေရသူ Myanmar Now ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ကို လွှတ်ပေးဖို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က မြန်မာသံရုံးရှေ့မှာ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေက ဆန္ဒပြခဲ့ကြပါတယ်။ LuduNwayOoဧပြီ 10, 2026
သတင်း စစ်ခေါင်းဆောင်မင်းအောင်လှိုင် ချွေးမဖြစ်သူကို ဒဏ်ခတ်အရေးယူဖို့ နိုင်ငံတကာကို JFM တောင်းဆို စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ချွေးမဖြစ်သူ မျိုးရတနာထိုက်ကို နိုင်ငံတကာအစိုးရတွေအနေနဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေပြုလုပ်ဖို့ Justice For Myanmar -JFM က တောင်းဆိုလိုက်ပါတယ်။ LuduNwayOoဧပြီ 10, 2026
သတင်း အာဏာသိမ်းခေါင်းဆောင်ရဲ့ ဝန်ကြီးစာရင်းမှာ စစ်ဗိုလ်ချုပ်ဟောင်း ၂၁ ဦးပါဝင် ၊အရပ်သားတွေကိုယုံကြည်မှုမရှိတဲ့အာဏာရှင်ဟုဖော်ညွှန်း အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ သမ္မတရာထူးယူပြီး အရပ်သားအမည်ခံ အစိုးရအဖွဲ့ကိုဖွဲ့ပြနေပေမယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီထဲက အရပ်သားတွေအပါအဝင် အရပ်သားနိုင်ငံရေးသမားတွေကို အယုံအကြည်မရှိတဲ့ အာဏာရှင်ပဲလို့ နိုင်ငံရေးစောင့်ကြည့်သူတွေကသုံးသပ်ကြပါတယ်။ LuduNwayOoဧပြီ 10, 2026
သတင်း တော်လှန်ဒေသတွေက တော်လှန်သင်္ကြန်သံချပ်များ တော်လှန်ဒေသအသီးသီးမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်သင်္ကြန်သံချပ်တွေ ပြုလုပ်ခဲ့ကြပါတယ်။ LuduNwayOoဧပြီ 10, 2026