Connect with us

Hi, what are you looking for?

သတင်း

Myanmar Now သတင်းထောက် ကိုစိုင်းဇော်သိုက် လွတ်မြောက်ရေးအတွက် ဘန်ကောက်က မြန်မာသံရုံးရှေ့မှာ ဆန္ဒပြ

အာဏာသိမ်းစစ်တပ်ရဲ့ဖမ်းဆီး​ထောင်ချတာခံ​နေရသူ Myanmar Now ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ကို လွှတ်ပေးဖို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က မြန်မာသံရုံးရှေ့မှာ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေက ဆန္ဒပြခဲ့ကြပါတယ်။

ဧပြီ-၈၊၂၀၂၆။People’s Spring

အာဏာသိမ်းစစ်တပ်ရဲ့ဖမ်းဆီး​ထောင်ချတာခံ​နေရသူ Myanmar Now ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ကို လွှတ်ပေးဖို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က မြန်မာသံရုံးရှေ့မှာ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေက ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီ ဆန္ဒပြမှုကို Amnesty International Thailand က ဦးဆောင်ကာ ထိုင်းနိုင်ငံသားတွေပါ ပါဝင်ပြီး ဧပြီ ၈ ရက်နေ့က ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေအပြင် သနပ်ခါးလိမ်းပြီး မြန်မာ့ရိုးရာ လုံချည်၊ ထဘီတွေ ဝတ်ဆင်ထားတဲ့ ထိုင်းနိုင်ငံသားတွေကပါ ဆန္ဒပြခဲ့ကြပါတယ်။

သံရုံးရှေ့မှာ ငြိမ်းငြိမ်းချမ်းချမ်း စုဝေးခဲ့တဲ့ ဆန္ဒပြသူတွေထဲက တချို့ဟာ ကိုစိုင်းဇော်သိုက်ရဲ့ အလုပ်ကို ထင်ဟပ်စေတဲ့ ကင်မရာပုံလေးတွေကိုလည်း လည်ပင်းမှာ ဆွဲလာခဲ့တာ တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ကိုစိုင်းဇော်သိုက်ဟာ မိုခါ ဆိုင်ကလုန်း မုန်တိုင်းကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ထိခိုက်ပျက်စီးမှုတွေကို ရခိုင်ပြည်နယ်မှာ သွားရောက် သတင်းယူနေရင်း ၂၀၂၃ ခုနှစ် မေလ ၂၃ ရက်နေ့တုန်းက စစ်တွေမြို့မှာ စစ်တပ်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ အဲဒီနောက်သူဟာသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၇ ၊ ဆူပူအောင် လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ – က၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ)၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၄ တို့နဲ့ တရားစွဲဆို ခံခဲ့ရပါတယ်။

၂၀၂၃ ခုနှစ် စက်တင်ဘာ ၆ ရက်မှာတော့ သူ့ကို အင်းစိန်ထောင်ထဲက စစ်ခုံရုံးမှာ ပထမဆုံးအကြိမ် ရုံးထုတ်ပြီး ခုခံချေပခွင့်လုံးဝမပေးဘဲ ထောင်ဒဏ်
နှစ် ၂၀ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

Amnesty International Thailandက ပြုလုပ်တဲ့ ဆန္ဒပြမှု အစီအစဉ်မှာတော့ ကိုစိုင်းဇော်သိုက်ကို လွှတ်ပေးဖို့ ပြည်သူတွေက တောင်းဆိုထားတဲ့ လက်မှတ်ရေးထိုးမှု ၃၀၀၈ ခုကိုလည်း မြန်မာသံရုံး တာဝန်ရှိသူတွေဆီ လွှဲပြောင်းပေးခဲ့ပါတယ်။

သံရုံးရှေ့ ဆန္ဒပြပွဲမှာတော့ ကိုစိုင်းဇော်သိုက်အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ခံနေရတဲ့ မြန်မာပြည်သူတွေနဲ့အတူရပ်တည်ကြောင်းပြသတဲ့ အနေနဲ့ မြန်မာလက်ဖက်ရည်၊ စမူဆာမုန့်တွေကိုလည်း ဧည့်ခံ ကျွေးမွေးခဲ့ပါတယ်။

ကိုစိုင်းဇော်သိုက်ကို လွှတ်ပေးဖို့ တောင်းဆိုစာပေါင်း ၃၀၀၈ စောင်ကို သံရုံးဆီ အိတ်ဖွင့်ပေးစာအနေနဲ့ ပေးပို့ခဲ့တဲ့ အဲဒီ လှုပ်ရှားမှုကို Write for Rightsလို့ နာမည်ပေးထားကြောင်းလည်း Amnesty International Thailandက ထုတ်ပြန်ပါတယ်။

၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာစစ်တပ်ဟာ သတင်းထောက်နဲ့ မီဒီယာဝန်ထမ်း ၂၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး လက်ရှိ အချိန်ထိတော့ ကိုစိုင်းဇော်သိုက် အပါအဝင် ၂၇ ဦးဟာ အကျဉ်းချခံထားရဆဲလို့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM)က ဇန်န
ဝါရီလမှာထုတ်ပြန်ထားပါတယ်။သတင်း​ထောက်
၇ ဦးဟာ စစ်တပ်ရဲ့ လက်ချက်ကြောင့် အသက်ဆုံးရှုံးခဲ့ရပါတယ်။

နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF)ရဲ့ နိုင်ငံတကာ သတင်းလွတ်လပ်ခွင့် ညွှန်ကိန်းတွေမှာတော့ မြန်မာဟာ စုစုပေါင်း နိုင်ငံ ၁၈၀ ထဲမှာ အဆင့် ၁၆၉ နေရာကနေ ရပ်တည်နေပါတယ်။

ကိုးကား-Amnesty International Thailand

ဆက်စပ်သတင်းများ

သတင်း

ထိုင်းရဲစခန်းတစ်ခုလုံးကို နှင်းဆီပန်းတွေ ဝေခဲ့ဟု​ခေတ္တဖမ်းဆီးစစ်ဆေးခံရသူပြော

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ မှာဘန်ကောက်မြို့က စစ်ကောင်စီသံရုံးကို နှင်းဆီပန်း ၈၁ ပွင့် သွားရောက်ပေးတဲ့ တက်ကြွလှုပ်ရှားသူ ကိုနေရှိုင်းကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တော်မှာမြန်မာအမျိုးသမီးတစ်ဦးသတ်ဖြတ်ခံရပြီးရုပ်အလောင်းကိုအပိုင်းပိုင်းခုတ်ထစ်ဖြတ်တောက်ခံထားရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့သံသယရှိခံရသူခင်ပွန်းဖြစ်သူကိုရဲတွေကအပူတပြင်းလိုက်ရှာနေပါတယ်။

သတင်း

နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF က ၂၀၂၆ ခုနှစ်အတွက် စာနယ်ဇင်းလွတ်လပ်ခွင့်ဆုတွေကို ပေးအပ်ချီးမြှင့်ရာ မြန်မာနိုင်ငံမှ ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်က Courage Prize(ရဲစွမ်းသတ္တိဆု) ရရှိခဲ့ပါတယ်။