Connect with us

Hi, what are you looking for?

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ချွေးမဖြစ်သူကို ဒဏ်ခတ်အရေးယူဖို့ နိုင်ငံတကာကို JFM တောင်းဆို

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ချွေးမဖြစ်သူ မျိုးရတနာထိုက်ကို နိုင်ငံတကာအစိုးရတွေအနေနဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေပြုလုပ်ဖို့ Justice For Myanmar -JFM က တောင်းဆိုလိုက်ပါတယ်။

ဧပြီ-၈၊၂၀၂၆။ တေဇ/People’s Spring

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ချွေးမဖြစ်သူ မျိုးရတနာထိုက်ကို နိုင်ငံတကာအစိုးရတွေအနေနဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေပြုလုပ်ဖို့ Justice For Myanmar -JFM က တောင်းဆိုလိုက်ပါတယ်။

“အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ အီးယူ၊ ကနေဒါနှင့် ဩစတြေးလျနိုင်ငံများအနေဖြင့် မျိုးရတနာထိုက်အား အရေးယူပိတ်ဆို့ခြင်းဖြင့် ဒဏ်ခတ်ပိတ်ဆို့မှုဟာကွက်များကို ပိတ်ပင်သင့်သည်။ ” လို့ တောင်းဆိုထားပါတယ်။

၂၀၂၁ မှာ အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ သား၊ သမီးတွေဟာ နိုင်ငံတကာကနေ ဒဏ်ခတ်ပိတ်ဆို့မှု‌တွေခံခဲ့ရပေမယ့် ချွေးမဖြစ်တဲ့ မျိုးရတနာထိုက်ကို လက်ရှိအချိန်အထိ ဘယ်နိုင်ငံကမှ ဒဏ်ခတ်ပိတ်ဆို့တာတွေ မပြုလုပ်သေးတာ‌ပါ။

Public Service Announcement

Public Service Announcement

ဒါကြောင့်လည်း မင်းအောင်လှိုင်မိသားစုက မတရားသဖြင့် ရထားတဲ့ ငွေတွေကို ဥပဒေဟာကွက်အနေနဲ့ မျိုးရတနာထိုက်နာမည်သုံးပြီး ပြည်ပနိုင်ငံတွေမှာရင်းနှီးမြှုပ်နှံတာတွေ ကွန်ဒိုဝယ်တာတွေ ပြုလုပ်ခဲ့ပါတယ်။

၂၀၂၂ မှာ မျိုးရတနာထိုက်ရဲ့ နာမည်နဲ့ ဘတ် ၉၈ သန်း (အမေရိကန်ဒေါ်လာ ၃ သန်းနီးပါး)တန်ဖိုးရှိတဲ့ ဇိမ်ခံအိမ်ယာကြီးကိုဝယ် ယူခဲ့တယ်လို့ JFM က ပြီးခဲ့တဲ့ရက်က ဖော်ထုတ်ထားပါတယ်။

မျိုးရတနာထိုက်က အာဏာမသိမ်းခင်ကာလမှာ Steller Seven ကုမ္ပဏီကိုတည်ထောင်ထားပြီးနိုင်ငံတကာအလှမယ်ရွေးချယ်ပွဲအပါအဝင် ဖျော်ဖြေရေးကဏ္ဍတွေမှာလုပ်ဆောင်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လူသားမျိုးနွယ်အပေါ် မြန်မာစစ်တပ် ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သတ်မှု၊ ဒဏ်ခတ်ပိတ်‌ဆို့မှု‌တွေကို ချိုးဖောက်မှုနဲ့ တယ်လီနော ASA ကို စွဲချက်တင်တဲ့အပေါ် Justice For Myanmar(JFM) နဲ့ ICJ Norway က ကြိုဆိုကြောင်း အသိပေးထားပါတယ်။

အတွေးအမြင်

မင်းအောင်လှိုင်ရဲ့ နိုင်ငံခြားခရီးစဉ်တွေဟာ သံတမန်ရေးထိုးစစ်လို ပုံဖော်နေပေမဲ့ လက်တွေ့မှာတော့ ဘာတရားဝင်မှုမှ မရဘဲ အိမ်နီးချင်းတွေရဲ့ ကိုယ်ပိုင်အကျိုးစီးပွားနဲ့ နိုင်ငံရေးအရ ရှောင်လွှဲလိုတဲ့ လှည့်ကွက်တွေကြားက အဖော်မဲ့ခရီးတစ်ခုသာ ဖြစ်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်အရှိန်မြှင့်တင်အကောင်အထည်ဖော်နေတဲ့ ရတနာပုံနည်းပညာမြို့သစ်စီမံကိန်း ဧရိယာထဲပါနေတဲ့ဘာသာရေးဆိုင်ရာအဆောက်အဦးတွေကို အခုလ စက်တင်ဘာလ ၁၈ ရက်နောက်ဆုံးထားပြီးဖယ်ရှားပေးဖို့ ပြင်ဦးလွင်ခရိုင် မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက စာထုတ်ထားတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အသိအမှတ် မပြုဖို့၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)က ဖမ်းဆီးပေးဖို့ တောင်းဆိုလာရင် သူ့ရဲ့ ခရီးစဉ် အတောအတွင်း မင်းအောင်လှိုင်ကို ဖမ်းဆီးပေးဖို့ ကမ္ဘောဒီးယား အစိုးရကို လူ့အခွင့်အရေး တက်ကြွလှုပ်ရှားမှုအဖွဲ့ Fortify Rightsက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

Facebook