Hi, what are you looking for?
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသမှာရှိတဲ့ စစ်သုံ့ပန်းစခန်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာဟာ စစ်ခေါင်းဆောင်တွေက လက်အောက်ငယ်သားစစ်သည်တွေကို ခြိမ်းခြောက်တဲ့ လုပ်ရပ်ဖြစ်ပြီး သူတို့အတွက် အသေခံမတိုက်သူတွေကို အပြတ်ရှင်းမယ်ဆိုတဲ့ သတင်းစကားပေးတာလို့ ပြည်သူ့ပန်းတိုင်က သုံးသပ်ထားပါတယ်။
သုံးကြိမ်တိုင်တိုင် အသုတ်ခွဲပြုလုပ်ခဲ့တဲ့ စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ ပြီးဆုံးသွားခဲ့ပါပြီ။ မကြာခင်ရက်ပိုင်းအတွင်းမှာ စစ်တပ်ကလွှတ်တော်အသီးသီးကို ကျင်းပတော့မှာဖြစ်ပြီး၊ ဆက်တိုက်ဆိုသလိုပဲစစ်တပ်နဲ့ ကြံ့ခိုင်ရေးပါတီတို့ပူးပေါင်းကာစစ်တပ်ကပဲအပေါ်ယံပြောင်းထားတဲ့ ဟန်ပြအစိုးရသစ်တစ်ရပ် ဖွဲ့စည်းတော့မှာ ဖြစ်ပါတယ်။