Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်ပွဲရပ်ဆိုင်းမယ်ဆိုရင် စစ်လျော်ကြေးပေးဖို့ အပါအဝင် အချက် ၃ ခုကို အီရန်သမ္မတ တောင်းဆို

လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ပွဲကို ရပ်ဆိုင်းစေဖို့အတွက် စစ်လျော်ကြေး အပါ အဝင် အီရန်အစိုးရဖက်က လိုလားတောင်းဆိုချက် ၃ ခုကို သမ္မတ မာဆွတ်ဒ် ပက်ဇက်ရှ်ခန်းက ကြေညာခဲ့ပါတယ်။

မတ် – ၁၂ ၊၂၀၂၆

လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ပွဲကို ရပ်ဆိုင်းစေဖို့အတွက် စစ်လျော်ကြေး အပါ အဝင် အီရန်အစိုးရဖက်က လိုလားတောင်းဆိုချက် ၃ ခုကို သမ္မတ မာဆွတ်ဒ် ပက်ဇက်ရှ်ခန်းက ကြေညာခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အစ္စရေးနဲ့ အ​မေရီကန်တို့ ပူးပေါင်းပြီး အီရန်ကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး အဓိပတိကြီးအယာတိုလာ အလီခါမေနီ အပါအဝင်အီရန်အစိုးရနဲ့ စစ်ဘက်ထိပ်တန်းခေါင်းဆောင်တွေ အများအပြား​​သေဆုံးခဲ့ပါတယ်။

အီရန်ကလည်း အစ္စရေးပိုင်နက်နဲ့ အမေရိကန်ရဲ့ အရှေ့အလယ်ပိုင်းဒေသ အခြေစိုက် စစ်စခန်းတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ အလုံးအရင်း တုံ့ပြန်ပစ်ခတ်ခဲ့ရာက ဒေသတွင်း စစ်ပွဲကြီးအဖြစ် ကျယ်ပြန့်လာပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ရဲ့ ရေတပ်၊ လေတပ်၊ ဒုံးကျည်တိုက်ခိုက်မှု စွမ်းရည်တွေကို အကြီးအကျယ် ဖျက်ဆီးပစ်နိုင်ခဲ့ပြီး ဖြစ်တယ်လို့ ကြွေးကြော်ထားပေမယ့် အီရန်ကလည်း နေ့စဉ်ရက်ဆက် ကြံ့ကြံ့ခံ တိုက်ခိုက်နေဆဲပါ။

မတ်လ ၁၂ ရက်နေ့မှာတော့ အီရန် သမ္မတ ပက်ဇက်ရှ်ခန်းက တကယ်လို့ လက်ရှိ စစ်ရေးပဋိပက္ခကို သံတမန် နည်းလမ်းတွေနဲ့ ရပ်တန့်ချင်တယ်ဆိုရင် ရှင်းလင်းတိကျတဲ့ သတ်မှတ်ချက်တွေ ရှိနေမှသာ ဖြစ်နိုင်လိမ့်မယ်လို့ လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားခဲ့ပါတယ်။

သူက အီရန်ဖက်က အဓိက တောင်းဆိုမယ့် အချက်သုံးခုကိုလည်း တစ်ခါတည်း ကြေညာပေးခဲ့ပါတယ်။

ဇီယွန်နစ်ဝါဒီ အစ္စရေးနဲ့ အပေါင်းအပါ အမေရိကန်က စမွှေးခဲ့တဲ့ စစ်မီးကို ငြှိမ်းသတ်ဖို့ဆိုရင် အီရန်ရဲ့ အချုပ်အခြာအာဏာဆိုင်ရာ အခွင့်အရေးတွေကို အသိအမှတ်ပြုဖို့၊ စစ်လျော်ကြေးပေးဖို့နဲ့ နောက်ထပ် အလားတူ ရန်လိုကျူးကျော်မှုတွေ မကြုံစေရပါဘူးဆိုတဲ့ နိုင်ငံတကာ အသိုက်အဝန်းဆီက ယုံကြည်ရလောက်တဲ့ အာမခံချက်တွေ လိုအပ်မှာဖြစ်ကြောင်း အီရန်သမ္မတ က ဆိုပါတယ်။

သူက လက်ရှိ စစ်ရေးအခြေအနေတွေနဲ့ ပတ်သက်လို့ ရုရှား၊ ပါကစ္စတန်တို့ရဲ့ ခေါင်းဆောင်တွေနဲ့လည်း ဆွေးနွေးခဲ့ပြီး ဖြစ်တယ်လို့ ရေးသားထားပါတယ်။

အဲဒီနှစ်နိုင်ငံရဲ့ အစိုးရတွေနဲ့ ဖုန်းဆက် ဆွေးနွေးမှုတွေဟာ စစ်ပွဲကို ရပ်တန့်နိုင်စေရေးအတွက် သံတမန်ရေးအရ တွန်းအားပေးနေတဲ့ အီရန်ရဲ့ အားထုတ်မှုတွေထဲက အစိတ်အပိုင်း တစ်ခုလည်း ဖြစ်ပါတယ်။

စစ်ပွဲစတင်လာချိန် ကတည်းက အီရန်မှာ အရပ်သား အများအပြား အပါအဝင် ၁,၂၀၀ ကျော်သေဆုံးပြီး ၁၀,၀၀၀ ကျော်ဒဏ်ရာရခဲ့ကြောင်း အီရန်အာဏာပိုင်တွေက ကြေညာထားပါတယ်။

ကိုးကား – First Post ၊ဓာတ်ပုံ – Reuters

အီရန် #အစ္စရေး #ခါမေနီ #ထရမ့် #ရေနံ

ဆက်စပ်သတင်းများ

ဘာသာပြန်ဆောင်းပါး

“အနောက်ဘက်ကမ်းမှာ အခြေချနေထိုင်သူအစွန်းရောက် အစ္စရေးနိုင်ငံသား ယီနွန်လေဗီ ( Yinon Levy)ကို ပါလက်စတိုင်းတက်ကြွလှုပ်ရှားသူ အော်ဒေဟ်ဟာသာလင်း(Awdeh Hathaleen) သေဆုံးမှုအတွက် လူသေမှု နဲ့ အစ္စရေးနိုင်ငံက ၂၀၂၆ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့က စွဲချက်တင် လိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

နိုင်ငံတကာ

သမ္မတ ဒေါ်နယ်လ်ထရမ့် ပိုင်ဆိုင်တဲ့ ဂေါက်ကွင်းနားမှာ လက်နက်ကိုင်ပြီး မသင်္ကာစရာ လှုပ်ရှားနေသူ တစ်ဦးကို ဖမ်းဆီးထားကြောင်း အမေရိကန် အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။