Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းမြို့နယ် မြောက်ခြမ်းတိုက်ပွဲဖြစ်ပြီး စစ်သားသေဆုံးထိခိုက်မှုများ

စစ်ကိုင်းမြို့ရဲ့ မြောက်ဘက်ရွာသာယာရွာကို တပ်စွဲထားတဲ့ စစ်တပ် ဒရုန်းနဲ့ဗုံးကြဲခံရပြီး ဆည်လေးတောလမ်းဆုံကို စစ်ကြောင်းထိုးလာတာမို့ တော်
လှန်ရေးတပ်တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ကာစစ်အုပ်စုက အလောင်းတွေ သယ်ထုတ်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က​ပြောပါတယ်။

အမှတ် (၁) စစ်​ဒေသလက်​အောက်ခံPDF တပ်ဖွဲ့ဝင်များကျုတွေ့ရစဥ်။ဓာတ်ပုံ-အမှတ်(၁)စစ်​​ဒေသ

■စစ်တပ်ကလက်နက်ကြီးပစ်ကူပြီးအလောင်းတွေသယ်ထုတ်

မတ်-၁၂၊၂၀၂၆။ရှိန်း/People’s Spring

စစ်ကိုင်းမြို့ရဲ့ မြောက်ဘက်ရွာသာယာရွာကို တပ်စွဲထားတဲ့ စစ်တပ် ဒရုန်းနဲ့ဗုံးကြဲခံရပြီး ဆည်လေးတောလမ်းဆုံကို စစ်ကြောင်းထိုးလာတာမို့ တော်
လှန်ရေးတပ်တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ကာစစ်အုပ်စုက အလောင်းတွေ သယ်ထုတ်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က​ပြောပါတယ်။

မတ်လ ၁၁ရက်ညနေပိုင်းမှာရွာသာယာရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်တပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲခဲ့ရာမှာ မျက်မြင် ‌‌‌‌‌‌‌‌‌‌‌‌‌‌၄ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာတွေရှိတယ်လို့ စုံစမ်းသိရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက် ဒီနေ့မနက်မှာ အဲဒီစစ်တပ်က အင်အား ၃၀၀ ခန့်နဲ့ မြောက်ဘက်က ဆည်လေးတောလမ်းဆုံကို စစ်ကြောင်းထိုးလာတာမို့ မနက် ၇နာရီက
တည်းကတိုက်ပွဲဖြစ်ခဲ့ပါတယ်။

“အခုထိတော့ စကစ ကျဆုံးအရေအတွက် မသိရဘူး။ ဒါပေမဲ့ dead body ‌(အလောင်း)တွေ ထမ်းထုတ်နေကြတယ်။ အခုလည်း ၆၀၀၅ အုန်းတောတပ်ကနေ လက်နက်ကြီး ပစ်ကူတွေပေးနေတယ်”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ကအင်အား ၃၀၀ ကျော်နဲ့ ဝက်လက်နယ်ဘက်အထိ စစ်ကြောင်းထိုးမယ်လို့ ခန့်မှန်းရပြီး ဒီနေ့မှာစစ်ကြောင်းစထွက်လာတာလို့ သိရပါတယ်။

“အစက ရွာသာယာကနေ တပ်မ၃၃ကို ပြန်ခေါက်မယ်ထင်တာဗျ။ အခုပုံစံက ဝက်လက်ကို ထိုးမယ့်ပုံမို့ ကိုယ့်ဘက်နဲ့အထိ တွေ့ဖြစ်သွားတယ်”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

စစ်တပ်စစ်ကြောင်းဟာ လက်ရှိမှာ အလောင်းတွေကို ရွာသာယာရွာဘက် သယ်ထုတ်နေတယ်လို့ စုံစမ်းသိရပါတယ်။စစ်အုပ်စုက ဒီရက်ပိုင်းမှာ စစ်ကိုင်းမြို့နယ်အတွင်း စစ်ရေးပြင်ဆင်မှုတွေ ရှိနေပြီး ပဒူတိုက်နယ်အတွင်း အထိုင်ချစခန်းထပ်မံချဖို့ကြိုးစားနေတယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ချောက်မြို့နယ်ထဲမှာစစ်ကြောင်းထိုးနေတဲ့အာဏာသိမ်းစစ်တပ်ကနရွဲတောရွာကိုမီးရှို့ဖျက်ဆီးလိုက်တာကြောင့် ရွာလုံးကျွတ်နီးပါးအပျက်အဆီးတွေများနိုင်သလို ရွာခံတွေလည်း ထွက်ပြေးနေရတယ်လို့ ဒေသခံအချို့ ဆီကသိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။