Connect with us

Hi, what are you looking for?

သတင်း

AAအကျဉ်းစခန်းဗုံးကြဲမှုဟာ စစ်ခေါင်းဆောင် တွေအတွက် အသေခံမတိုက်ခဲ့သူတွေကို အပြတ်ရှင်းခြင်းဟု ပြည်သူ့ပန်းတိုင် သုံးသပ်

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသမှာရှိတဲ့ စစ်သုံ့ပန်းစခန်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာဟာ စစ်ခေါင်းဆောင်တွေက လက်အောက်ငယ်သားစစ်သည်တွေကို ခြိမ်းခြောက်တဲ့ လုပ်ရပ်ဖြစ်ပြီး သူတို့အတွက် အသေခံမတိုက်သူတွေကို အပြတ်ရှင်းမယ်ဆိုတဲ့ သတင်းစကားပေးတာလို့ ပြည်သူ့ပန်းတိုင်က သုံးသပ်ထားပါတယ်။

(အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသမှာရှိတဲ့ စစ်သုံ့ပန်းစခန်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - AA)

မတ်-၁၂၊၂၀၂၆။ ထားမြတ်/People’s Spring

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသမှာရှိတဲ့ စစ်သုံ့ပန်းစခန်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာဟာ စစ်ခေါင်းဆောင်တွေက လက်အောက်ငယ်သားစစ်သည်တွေကို ခြိမ်းခြောက်တဲ့ လုပ်ရပ်ဖြစ်ပြီး သူတို့အတွက် အသေခံမတိုက်သူတွေကို အပြတ်ရှင်းမယ်ဆိုတဲ့ သတင်းစကားပေးတာလို့ ပြည်သူ့ပန်းတိုင်က သုံးသပ်ထားပါတယ်။

မတ်လ ၈ ရက်မှာ စစ်ကောင်စီဟာ အမ်းမြို့နယ် ဒါးလက်ချောင်းဒေသက အာရက္ခတပ်တော်(AA) ရဲ့ အကျဉ်းစခန်းနေရာကို လေကြောင်းတိုက်ခိုက်ခဲ့ရာ AAက ဖမ်းဆီးထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်သေဆုံးခဲ့ပြီး ၃၀ ကျော်ဒဏ်ရာရခဲ့ပါတယ်။

“သုံးနာရီခွဲနီးပါးအကြာ လေကြောင်းကနေ အငြှိုးတကြီးနဲ့ ကိုယ့်လူကိုယ် ဗုံးကြဲသတ်ဖြတ်ခဲ့တာကြောင့် (ကနဦးစာရင်းအရ) စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံးခဲ့ရပြီး ၃၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း AA Info Desk ရဲ့ ယနေ့ထုတ်ပြန်ချက်အရ သိရှိရပါတယ်။ ဒီဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့် စစ်ခေါင်းဆောင်တွေဟာ သူတို့အတွက် အသေခံပြီး မတိုက်သူတွေကို အပြတ်ရှင်းပစ်ခြင်းနည်းလမ်းနဲ့ (မနိုင်လို့) လက်နက်ချသူအောက်ခြေစစ်သည်တွေကို တိုက်ရိုက်ခြိမ်းခြောက်လိုက်တာလို့ ဆိုနိုင်ပါတယ်” ပါတယ်လို့ ပြည်သူ့ပန်းတိုင်က မနေ့က မတ်လ ၁၁ရက်မှာ ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် တဖက်မှာလည်း စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှု၊ လူမျိုးတုံး သတ်ဖြတ်မှုတွေအတွက် လူသက်သေတွေကို တမင်တကာ လက်စတုံး ဖျောက်ဖျက်ပစ်နေတာဖြစ်တယ်လို့ ယူဆနိုင်ကြောင်းလည်း ပြည်သူ့ပန်းတိုင်က ရေးသားထားပါတယ်။

AAက ဖမ်းမိထားတဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းဟာလည်း စစ်ကောင်စီက အကျဉ်းစခန်းကို လေကြောင်း လာတိုက်တဲ့အချိန် ကိုယ်တိုင် ကြုံတွေ့ခဲ့ရာတာတွေကို အခုလို ထုတ်ဖော်ပြောဆိုထားပြီး ဒါဟာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်တယ်လို့ မှတ်ချက်ပြုထားပါတယ်။ စစ်ကောင်စီဟာ လေကြောင်းမတိုက်ခိုက်မီ မတ်လ ၆ရက်မှာ လေကြောင်း ကင်းထောက်ခဲ့ပြီး ထောင်ဆိုတာ သိသာတဲ့နေရာလို့ ပြောပါတယ်။

” လေကြောင်းလည်း ကင်းထောက်ထားတယ်ဆိုတော့ မသိစရာတော့ မရှိဘူး လို့ ကျနော်ထင်တယ်။ သိသိကြီးနဲ့ ကြဲပစ်လိုက်တဲ့သဘော ပဲပေါ့။ ရက်စက်တဲ့ သဘောဖြစ်သွားတာပေါ့” လို့ ဗိုလ်မှူးချုပ် သောင်းထွန်းက ပြောပါတယ်။

လေကြောင်း တိုက်ခိုက်မှုကြောင့် အရာရှိတွေ အများအပြားလည်းသေဆုံးခဲ့ကြောင်း ဗိုလ်မှူးချုပ် သောင်းထွန်းက ပြောပါတယ်။

“ဗိုလ်မှူးချုပ်မြင့်ရွှေကတော့ မီးလောင်တဲ့အဆောင်ထဲမှာ သူရှိပါတယ်။ ဗိုလ်မှူးချုပ်မြင့်ရွှေပါသွားတယ်။ နောက် ဗိုလ်မှူးအဆင့်တွေ ပါသွားတယ်။ နောက် ကျနော်တို့ကို ထိန်းသိမ်းထားတဲ့ဘေးမှာရှိတဲ့ဆေးခန်းပေါ့ ဆေးခန်းကျနော်တို့ စစ်သည်တွေထဲကနေပြီးတော့မှ တချို့ အရာရှိ ဆရာဝန် လေးတွေ ပါသွားတယ်။ တချို့ ဆရာဝန်တချို့ လည်းပါတာပေါ့။ နောက် CMA တွေ ပါသွားတာတွေရှိတယ်။ တချို့ဆိုရင် စစ်ဦးစီးမှူး ဒုတိယတန်းအဆင့် ဗိုလ်မှူးအဆင့်နှစ်ယောက်သုံးယောက် လောက် ပါသွားတာ ကျနော်သိရပါတယ်”လို့ AA ဆီမှာ စစ်သုံ့ပန်းဖြစ်နေတဲ့ နပခဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေက စစ်တပ်ရဲ့ စခန်းငယ်တခုကို AAထပ်မံသိမ်းပိုက်

သတင်း

ကျောက်တော်မြို့ဗုံးကြဲမှုမှာ ကျူးလွန်သူ အာဏာသိမ်းစစ်တပ်နဲ့ ပါဝင်ပတ်သက်သူတယောက်ချင်းစီကို ဖော်ထုတ်ပြီးလက် တုံံ့ပြန်တိုက်ခိုက်သွားမယ်လို့ အာရက္ခတပ်တော်(AA)ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားလိုက်ပါတယ်။

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်​ကျော်လာပါပြီ။သုံးပါတ်​ကျော် ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်း​နေပါတယ် ။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)ရဲ့ လောက်ကိုင်မြို့မှာ ကျင်းပတဲ့ လမုန့်စားပွဲကို ​မြောက်ပိုင်းမဟာမိတ်ညီ​နောင်သုံး​ဖော်ဖြစ်တဲ့ အာရက္ခတပ်တော်(AA)၊ တအာင်တပ်မတော်(TNLA)နဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်တွေ အတူတကွတက်ရောက်ခဲ့ကြပါတယ်။

Trending

Facebook