Connect with us

Hi, what are you looking for?

သတင်း

သရက်ချောင်းမြို့နယ် ၊ဝင်း၀ စစ်တပ်စခန်းကို KNLA နဲ့ ပူးပေါင်းတပ်သိမ်းပိုက်

တနင်္သာရီတိုင်းမြိတ်-ထားဝယ်ခရိုင်၊ကစယ်ဒိုမြို့နယ်(သရက်ချောင်းနယ်မြေ)၊ထားဝယ်-မြိတ် အမှတ်(၈)လမ်းမကြီးရှိ ဝင်း၀ စစ်တပ်စခန်းကို မနေ့က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

(စစ်တပ်က နှစ် ၃၀ ​ကျော်အထိုင်ချတပ်စွဲခဲ့တဲ့ ဝင်းဝစခန်းကို ​တော်လှန်​ရေးတပ်​တွေသိမ်းပိုကိပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-KNU)

■လက်နက်မျိုးစုံ အလက် ၄၀ ထက်မနည်းနဲ့ ခဲယမ်းများသိမ်းဆည်းရရှိ

မတ် -၁၂၊ ၂၀၂၆။ထားမြတ်/People’s Spring

တနင်္သာရီတိုင်းမြိတ်-ထားဝယ်ခရိုင်၊ကစယ်ဒိုမြို့နယ်(သရက်ချောင်းနယ်မြေ)၊ထားဝယ်-မြိတ် အမှတ်(၈)လမ်းမကြီးရှိ ဝင်း၀ စစ်တပ်စခန်းကို မနေ့က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

အမှတ်(၈) လမ်းမ၊မင်းဒပ်ကျေးရွာအတွင်း နှစ်ပေါင်း ၃၀ ကျော် တပ်စွဲထားတဲ့ စစ်တပ်စခန်းကို ဖေဖော်ဝါရီ ၇ရက်မှာ စတင်ထိုးစစ်ဆင်ခဲ့ရာ တလကျော်အကြာ မတ်လ ၁၁ရက် ညနေမှာသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဝင်း၀စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲစဉ် အာဏာသိမ်းစစ်တပ်က လေကြောင်း ပစ်ကူအများအပြား၊ မြေပြင် စစ်အင်အားဖြည့်တင်းမှု တွေလုပ်ဆောင်ခဲ့ပေမယ့် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း KNLA သတင်းရင်းမြစ်က မတ်လ ၁၁ရက် ညနေမှာ အတည်ပြု ပြောပြထားပါတယ်။နယ်မြေရှင်းလင်းရေး ဆက်လက်လုပ်ဆောင်နေဆဲဖြစ်လို့ သတင်းထုတ်ပြန်ဖို့ရှိတယ်လို့ သူက အသိပေးပါတယ်။

ဝင်း၀ စခန်းသိမ်းတိုက်ပွဲကို KNLA ဗျူဟာအမှတ်(၂)ဦးဆောင်မှုဖြင့် K.N.LA တပ်မဟာ(၄) တပ်ရင်း(၁၂)၊ တပ်မဟာ (၆) တပ်ရင်း(၂၇)၊ တပ်မဟာ(၄)အထူးကွန်မိုတော်တပ်ဖွဲ၊ ဗျူဟာ(၃၃) လက်အောက်ခံ T(5)တပ်ရင်း နဲ့ တော်လှန်ရေးတပ်ဖွဲများက ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့​ကြောင်းသိရပါတယ်။

“‎မြိတ်ထားဝယ်ခရိုင်ကရင်အမျိုးသားလွတ်‌မြောက်ရေးတပ်မ‌တော် ဗျူဟာအမှတ်(၂)လက်အောက်ခံတပ်ရင်းများ၏ ရဲရဲရင့်ရင့်စွမ်းစွမ်းတမံ ကြိုးစားအားထုတ်ပေးဆပ်ကြသောခေါင်းဆောင်(အရာရှိ)များ၊ စစ်သည်တော် (ကျား/မ)များအားလုံး၊ မဟာမိတ်အဖွဲများအားလုံးကိုလည်း အသိအမှတ်ပြု တန်ဖိုးထားဂုဏ်ပြုအပ်ပါသည်” လို့ KNU မြိတ်ထားဝယ် ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

စစ်ဆင်ရေးအတွင်း အသက်နဲ့ ခန္ဓာပေးဆပ်ခဲ့တဲ့ သူရဲကောင်းများ၊ ပြည်သူလူထုများ နဲ့ တိုက်ပွဲအတွက် အဘက်ဘက်မှပံ့ပိုးကူညီအားပေးခဲ့တဲ့ ပြည်သူလူထုများအားလုံးကို အသိအမှတ်ပြု ဂုဏ်ပြုကြောင်းလည်း ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာဝင်း၀တပ်စခန်း တိုက်ခိုက်ခံရတဲ့ ကာလအတွင်း တိုက်ပွဲဖြစ်ပွားရာနေရာကိုသာမက တပ်မဟာ(၄)နယ်မြေအတွင်းကျေးရွာတွေကိုပါ လေကြောင်း တိုက်ခိုက်မှုတွေဆက်တိုက်လုပ်ခဲ့လို့ ကလေးငယ်တွေအပါအဝင် အရပ်သား ပြည်သူများစွာ အသက်ဆုံးရှုံးခဲ့ရပါတယ်။

ဝင်း၀ စခန်းသိမ်းတိုက်ပွဲမှာ လက်နက်မျိုးစုံ အလက် ၄၀နဲ့ ခဲယမ်း ကျည် စစ်အသုံးအဆောင်တွေသိမ်းရခဲ့တာကိုဓာတ်ပုံမှတ်တမ်းမှာတွေ့ရပါတယ်။ လက်နက်၊ ခဲယမ်း၊ စစ်သုံ့ပမ်း သိမ်းပိုက်ရရှိမှု အခြေအနေ အသေးစိတ် သိရနိုင်ဖို့ဆက်လက်စုံစမ်းဆဲပါ။ဝင်းဝ တပ်စခန်းကို KNLA ပူးပေါင်းတပ် တိုက်ခိုက်နေစဉ်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု အပြင် ကော်လားဖိုး ဦးဆောင်တဲ့ KTLA အဖွဲ့ကလည်း KNLA တပ်ဖွဲ့တွေကို ခြုံခို တိုက်ခိုက်မှု လုပ်ခဲ့သလို ၊ KNLA ရဲဘော် တဦးနဲ့ လူငယ်တဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပါသေးတယ်။

၂၀၂၅ ခုနှစ်တနှစ်တာအတွင်းမှာ မြိတ်-ထားဝယ်ခရိုင်၊ အမှတ်(၄)တပ်မဟာနယ်မြေအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ ကရင်အမျိုးသားကာကွယ်ရေးတပ် ပူးပေါင်းတပ်ဖွဲ နဲ့ အာဏာသိမ်းစစ်တပ်တိုအကြား တိုက်ပွဲ(၅၅)ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်တပ် က (၁၇၃)ဦးသေဆုံးကာ (၈၇)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ဟုလည်း အသိပေးပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ ကရင်အမျိုးသားကာကွယ်ရေးတပ် ပူးပေါင်းတပ်ဖွဲက အာဏာသိမ်းစစ်တပ်ရဲ့ တပ်စခန်းများဖြစ်တဲ့ ထီးထာ၊ မယ်သမီခီး၊ အီးသာခေး၊ မောတောင် နဲ့ မောမစား စတဲ့ တပ်စခန်းတွေ သိမ်းပိုက်ရရှိခဲ့ကြောင်း အသိပေးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ရှောက်ပင်ကျေးရွာက စစ်တပ်စခန်းတိုက်ခိုက်ရာ ၃ ဦး သေဆုံးပြီး သေနတ် ၅လက် သိမ်းဆည်းရရှိတယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊​ရေတာရှည်မြို့နယ်၊ဆွာမြို့ ၊ စစ်​တောင်းမြစ်အ​ရှေ့ဘက်ခြမ်းမှ အဓိကစခန်းဖြစ်တဲ့ ဆွာမကြီးစစ်တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ရာစစ်တပ်က ဗိုလ်မှူးအဆင့်အရာရှိ အပါအဝင် ၂၀ ဦးကျော်ဆေသုံး လက်နက်ခဲယမ်းတွေသိမ်းရခဲ့ကြောင်းနေပြည်တော်တိုင်းစစ်ဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

တိုက်ပွဲဝင်ရဲဘော်တွေနဲ့ အားပေးကူညီသူတွေကို KNU မြိတ်ထားဝယ်ခရိုင်နဲ့ တပ်မဟာ(၄) ဂုဏ်ပြု