Connect with us

Hi, what are you looking for?

ludunwayoo

သတင်း

စစ်ကောင်စီတပ်မှ မတရားဖမ်းဆီးပြီး ပြည်သူ့စစ်မှုထမ်းခိုင်းစေခံရသည့် တပ်သားသစ် သုံးဦး လက်နက်များနှင့်အတူ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက ယနေ့(ဖေဖော်ဝါရီ ၁၇ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီဒေသမှာ လူကုန်ကူးခံရတဲ့ တရုတ်နိုင်ငံသားတွေကို တရုတ်အစိုးရက တိုက်ရိုက်လေယာဉ်နဲ့ တစ်ရက် သုံးခေါက်နှုန်း လာခေါ်မှာဖြစ်ပြီး လာမယ့်ရက်အတွင်း အဲဒီအစီအစဉ်စတင်မယ်လို့ ကရင်နယ်ခြားစောင့်တပ်(BGF) ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီးနိုင်မောင်ဇော်က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိထန်းပင်ကုန်းကျေးရွာ စစ်ဆေးရေးဂိတ်မှ စစ်‌ကောင်စီတပ်သား အောင်တင်မြင့် ကဖေဖော်ဝါရီ၁၇ရက် မနက်တွင်အလင်းဝင်လာကြောင်းသာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅က သတင်းထုတ်ပြန်သည်။

သတင်း

ဆိုင်းမင်း/People’s Spring မန္တလေးတိုင်း ၊ မတ္တရာမြို့ ရဲ့အနောက်တောင်ဘက် ဧရာဝတီမြစ်ဘေးအနီးက ဘိုကုန်းကျေးရွာ မနေ့ ဖေဖော်ဝါရီ ၁၆ ရက်မနက်ပိုင်းက လက်နက်ကြီးနဲ့ပစ်ခတ်ခံရပြီး ဒေသခံ အချို့ ထိခိုက်သေဆုံးမှု ရှိတယ်လို့စုံစမ်းသိရပါတယ်။ မနေ့ မနက်ပိုင်း ၉ နာရီ ခန့်က လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာဖြစ်ပြီး...

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အရှေ့ခြမ်းမှာ မနေ့ကညနေပိုင်းက တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒီနေ့(ဖေဖော်ဝါရီ ၁၇ရက်)မနက်မှာ စစ်ကောင်စီကလေကြောင်းတိုက်ခိုက်တာတွေပြုလုပ်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်တောင်ပိုင်းရှိစစ်ကောင်စီတပ်စခန်း ငါးခုကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်လိုက်ကြောင်း ဒေသခံစစ်ရေးသတင်းရင်း မြစ်နှင့် တာဝန်ရှိသူအချို့က လူထုနွေဦးသို့ ပြောကြားသည်။

သတင်း

စစ်ပွဲများတွင် သမားရိုးကျလက်နက်များဖြင့်သာမကဘဲ အဆိပ်သင့်စေသော ဓာတုပစ္စည်းများကို စစ်လက်နက်များတွင် တပ်ဆင်ပစ်ခတ်ခြင်းကြောင့် စစ်ဘက်ဆိုင်ရာပစ်မှတ်များအပြင် အရပ်သားများပါ သေကျေဒဏ်ရာရလေ့ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့(ဖေဖော်ဝါရီ ၁၇ရက်) ထုတ်ပြန်ခဲ့ပြီးဓါတုလက်နက်များ၏ ဘေးအန္တရာယ်ကာကွယ်နိုင်ရေး အကြံပြုချက်များ အသိပေးဖော်ပြသည်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ၊ ကမမောင်းမြို့ ရဲ့ အနီးတဝိုက်ကျေးရွာ တွေ လက်နက်ကြီး ပစ်ခတ်ခံရတာနဲ့ လေကြောင်းတိုက်ခိုက်ခံရတာတွေကြောင့် ဒေသခံတွေဟာ သံလွင်မြစ် တဖက်ကမ်း လှိုင်းဘွဲမြို့နယ်ထဲက မြိုင်ကြီးငူ ဒေသဘက်ဆီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း

စစ်လက်နက်ပစ္စည်းထုတ်လုပ်​ရေးစက်ရုံများရှိသည့် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်မှ စစ်ကောင်စီစခန်းများကို အာရက္ခတပ်တော် AA နှင့် ပူးပေါင်းတပ်များက ဆက်လက်တိုက်ခိုက်ပြီး အင်အား၂၀၀ကျော်ဖြင့် ခုခံနေသော ပုဂံကွဲစခန်းကို ထပ်မံသိမ်းယူတာကြောင်း စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောသည်။

သတင်း

ကျားဖြန့်အရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန လက်​ထောက်ဝန်ကြီး Mr. Liu Zhongyi ဟာ ဒီကနေ့ မနက်မှာ ကရင်ပြည်နယ်၊ မြဝတီမြို့ကို ရောက်ရှိနေပါတယ်။

Facebook