Connect with us

Hi, what are you looking for?

သတင်း

ထီးထဒေသမှ စစ်​ဘေး​ရှောင်​တွေမြေနေရာပြန်ရယူလိုပါက ဆက်သွယ်နိုင်တယ်လို့ KNU တပ်မဟာ(၄)ကြေညာ

ကရင်အမျိုးသားအစည်းအရုံး(KNU)၊မြိတ်-ထားဝယ်ခရိုင်တပ်မဟာ(၄)က မကြာသေးခင်က သိမ်းပိုက်ထားတဲ့ ထီးထဒေသမှာ ​ဒေသခံ စစ်​ဘေးရှောင်ပြည်သူ​တွေအနေနဲ့မြေနေရာ ပြန်ရယူလိုပါက ဆက်သွယ်နိုင်တယ်လို့ KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်က ဇွန်လ ၂၈ရက်နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။

ထီးထစစ်တပ်စခန်းကို၂၀၂၅ခုနှစ်ဧပြီလ၁၉ရက်​နေ့မှာ KNLA ၊KNDO ၊ PDF စတဲ့ပူး​ပေါင်းတပ်ကအပြီးသတ် သိမ်းပိုက်ပြီး​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ- KNU တပ်မဟာ- ၄

ဇွန်-၂၈၊၂၀၂၅။ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU)၊မြိတ်-ထားဝယ်ခရိုင်တပ်မဟာ(၄)က မကြာသေးခင်က သိမ်းပိုက်ထားတဲ့ ထီးထဒေသမှာ ​ဒေသခံ စစ်​ဘေးရှောင်ပြည်သူ​တွေအနေနဲ့မြေနေရာ ပြန်ရယူလိုပါက ဆက်သွယ်နိုင်တယ်လို့ KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်က ဇွန်လ ၂၈ရက်နေ့စွဲနဲ့ ထုတ်ပြန်ပါတယ် ။

ထီးထစစ်တပ်စခန်းကို ၂၀၂၅ခုနှစ် ဧပြီလ ၁၉ရက်​နေ့မှာ KNLA ဦး​ဆောင်တဲ့ပူးပေါင်းတပ်ကအပြီးသတ် သိမ်းပိုက်ခဲ့ပြီး ဒေသတခုလုံးထိန်းချုပ်နိုင်ခဲ့ပါတယ်။ ၁၉၉၇ ကာလကတည်းက စစ်ရှောင်နေကြရတဲ့ ​ဒေသခံပြည်သူ​တွေအ​နေနဲ့ မိမိတို့ရဲ့ မြေ​တွေ ပြန်လည် ရယူလိုပါက KNU တပ်မဟာ(၄) ထားဝယ်ခရိုင် သို့ အကြောင်းကြားနိုင်တယ်လို့ ထားဝယ်ခရိုင် ပြောရေးဆိုခွင့်ရှိသူပဒိုစောအယ်နားကပြောပါတယ်။

“အခုလောလောဆယ် ကျနော်တို့ ပြန်သိမ်းယူနိုင်တဲ့အချိန်မှာ အထူးသဖြင့် အရင်က နေထိုင်နေတဲ့ လူတွေ သူတို့ ပြန်လာချင်ရင် ပြန်လာလို့ရတယ်။ KNU ခရိုင်ရုံးဆီမှာလာအကြောင်းကြားလို့ရတယ်။ ကျနော်တို့ကအဲဒီ သူတို့ မြေကို ပြန်ကြည့်ပြီးတော့ ရှိမယ်ဆိုရင် ကျနော်တို့က ပြန်သတ်မှတ်ပေးလို့ရတယ်။တချိန်ထဲမှာ အခုလောလောဆယ်မှာ အပြင်က ဝင်လာတဲ့သူတွေလည်း ကျနော်တို့က မမောင်းထုတ်ဘူး။ သူတို့အတွက်လည်း သင့်တော်တဲ့နေရာကို ကြည့်ပေးပြီးတော့ ကျနော်တို့က တခုခုတော့ အဖြေရှာပြီးတော့ စီစဉ်ပေးရမယ်” လို့ပဒိုစောအယ်နားက ပြောပါတယ် ။

Public Service Announcement

Public Service Announcement

ထီးထ ခေါ် မယ်သမီးထ ဒေသဟာ အရင်က KNU ထားဝယ်ခရိုင်ရဲ့ ဌာနချုပ် ဖြစ်ပြီး​တော့ ၁၉၉၇ခုနှစ်မှာ စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့အတွက် စွန့်လွှတ်ခဲ့ရတာလို့သိရပါတယ် ။

“မယ်သမီးထက အရင်က အထက်တန်းကျောင်းရှိတယ်။ ဆေးရုံဆေးခန်းတွေရှိတယ်။ KNU ရဲ့ တော်လှန်ရေးမိသားစုတွေရှိတယ်။ အဲဒီအချိန်မှာ တချို့က ထိုင်း၊ တချို့က ဒုက္ခသည်စခန်းကို ရောက်တယ်။ တချို့က တခြားနေရာ ပြည်တွင်းထဲမှာ ရောက်တယ်။ ပြီးတော့ နောက်ပိုင်းမှာ တချို့က တတိယ နိုင်ငံလည်း ရောက်သွားတာရှိတယ်”လို့ပဒိုစောအယ်နားက ဆက်ပြောပါတယ်။

၂၀၁၂ ခုနှစ်မှာKNUကဦးသိန်းစိန်အစိုးရနဲ့အပစ်အခတ်ရပ်စဲရေး လုပ်​နေစဉ် ထီးထမှာ နေထိုင်သူ​တွေ ပြန်လာဖို့ကြိုးပမ်းခဲ့ကြ​ပေမယ့် စစ်တပ်ရဲ့ဗျူဟာစခန်းရှိ​နေတဲ့အတွက် ပြန်လာမ​နေရဲကြပါဘူး။ ဒါအပြင် မူလ ​မြေပိုင်ရှင် ​တွေ စစ်​ဘေး​ရှောင်​နေရချိနိယ်မှာ ကြားမှလာ​နေသူ​တွေလည်းရှိတယ်လို့သိရပါတယ်။

“အရင်က ထွက်ပြေးတဲ့အချိန်မှာ အပြင်က လူတွေဝင်လာတာရှိတယ်။ ဝင်လာတဲ့အတွက်ကြောင့် သူများ မြေကို လာနေတဲ့အတွက်ကြောင့် ပြန်လာနေဖို့ အခက်အခဲဖြစ်တယ်”လို့ ပဒိုစောအယ်နားက ၂၀၁၂ က အခြေအနေကို ရှင်းပြပါတယ်။

ထိုစဥ်က KNU ဘက်က ညှိနှိုင်းပေးခဲ့​ပေမယ့်စစ်တပ်ဘက်က ဟန့်တားခဲ့တဲ့အတွက် အခက်အခဲဖြစ်ခဲ့ရတယ်လို့ဆိုပါတယ် ။ KNU ထိန်းချုပ်ထားတဲ့ နယ်မြေများအတွင်းမှာ မြေယာပြဿနာ​တွေ ဖြေရှင်းတဲ့အခါမှာ ညီတူညီမျှ တရားမျှတစွာဆောင်ရွက်​ပေးမယ်လို့လည်းKNU တပ်မဟာ ၄ က အသိ​ပေးပါတယ်။

ဒါ​ပေမယ့် စစ်အာဏာရှင်​တွေ နဲ့ ပူးပေါင်းပြီး သူဌေး​တွေ ၊ ကုမ္ပဏီ​တွေက ရွာသူရွာသား​တွေရဲ့မြေ​တွေကို လိုက်လံ သိမ်းယူမှု​တွေအပေါ် အသိအမှတ်ပြုမှာ မဟုတ်ဟုလို့လည်း KNU တပ်မဟာ(၄) တာဝန်ရှိသူက ပြောပါတယ် ။

“အခြားအပြင်လူကလည်းဒေသခံနေရာကို ဝင်လာပြီးတော့ သူတို့မြေကို တရားမျှတမှု မရှိဘဲ ယူသွားရင်လည်း ကျနော်တို့က လက်မခံဘူး” လို့ ပဒိုစောအယ်နားကဆိုပါတယ် ။

နယ်မြေအတွင်း မြေယာပြဿနာများနဲ့ပတ်သက်ပြီး မူလပိုင်ရှင်ကို ဦးစားပေးမှာဖြစ်ပြီး အပြင်က ဝင်လာသူ​တွေကိုလည်း ကောင်းမွန်တဲ့အဖြေ ဖြစ်စေဖို့ စီစဉ်ပြီး ပြန်လည်နေရာချထားပေးဖို့ ရှိတယ်လို့ KNUရဲ့ သဘောထားကို ပဒိုစောအယ်နားက ပြောပါတယ် ။

KNLA တပ်မဟာ(၄)၊ KNDO ၊ PDF နဲ့တော်လှန်ရေးပူးပေါင်းတပ်​တွေ က ဧပြီ ၁၉ ရက်​နေ့မှာထီးထ စစ်တပ်ဗျူဟာ၊ ​မေလ ၉ ရက်​နေ့မှာ ထီးခီးနယ်စပ်စစ်စခန်း ၊ ဇွန် ၁၀ ရက်​နေ့မှာ ဘောဒီနယ်စပ်စခန်း​တွေကို သိမ်းပိုက်ကာ ထီးထနယ်မြေတခုလုံး ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ​ယော​ဒေသမှာစစ်ကြောင်းထိုး၊ အရပ်သားတွေကို ဖမ်းဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ​တွေ​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့စစ်ဘေးရှောင်ပြည်သူတစ်သောင်းကျော်ထိ ရှိ နေပြီး စားနပ်ရိက္ခာ​​တွေအကူအညီလိုအပ်​နေပါတယ်။

သတင်း

မကွေးတိုင်း၊ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ကို ရောက်နေတဲ့ စစ်တပ်က နေရာ ၃ခုမှာ တပ်စွဲထားပြီး ဒေသခံ စစ်ဘေးရှောင် ၁၀ဦး ခန့်ကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မြို့အဝင်လမ်းမကြီးနဲ့ ငါးအိုး-ရွှေကူလမ်းမကြီးကို ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်