Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက ရန်ကုန် -ဧရာဝတီလမ်းတွင် ဘန်ကာအသစ်များဆောက်နေ

ဧရာဝတီတိုင်းမြိုနယ်အချို့၌ တိုက်ပွဲများဖြစ်နေစဉ် စစ်ကောင်စီက ရန်ကုန်-ဧရာဝတီအဝေးပြေးလမ်းမှ စစ်ဆေးရေးဂိတ်များ၌ ဘန်ကာအသစ်များ ထပ်ဆောက်နေသည်။

ရန်ကုန်-ပုသိမ်လမ်းရှိ စစ်​ကောင်စီ၏ စစ်​ဆေး​ရေးဂိတ်တစ်ခုကို​တွေ့ရစဥ်/ပုံ​ဟောင်းဖြစ်ပါသည်။ ဓါတ်ပုံ- CJ

ဇွန်-၂၉၊၂၀၂၅။မိထက်/People’s Spring

ဧရာဝတီတိုင်းမြိုနယ်အချို့၌ တိုက်ပွဲများဖြစ်နေစဉ် စစ်ကောင်စီက ရန်ကုန်-ဧရာဝတီအဝေးပြေးလမ်းမှ စစ်ဆေးရေးဂိတ်များ၌ ဘန်ကာအသစ်များ ထပ်ဆောက်နေသည်။

ဧရာဝတီတိုင်း နှင့် ရန်ကုန်တိုင်းအဓိကဝင်ပေါက်မှအကြီးဆုံးစစ်ဆေးရေးဂိတ်ဖြစ်သော ပန်တိုင်ဂိတ်တွင် မျှော်စင်ပါသည့် ဘန်ကာတစ်ခု ဆောက်နေသလို ညောင်တုန်းမြို့ကို ဖြတ်သွားသည့် ဗိုလ်မြတ်ထွန်းတံတား၏ ရန်ကုန်ဘက်အဆင်း၌လည်း ဘန်ကာအသစ်ဆောက်နေသည်ကို ဇွန်လ ၂၈ရက်၌ မြင်တွေ့ခဲ့ရ​ကြောင်း ခရီးသွားအချို့က​ပြောသည်။

ပန်တိုင်ဂိတ်တွင် ရန်ကုန်ဘက်သို့ အဝင်‌ကားရော အထွက်ကားများကိုပါ ရပ်ခိုင်းပြီး စစ်ဆေးနေသည်။ခရီးသွားများအား ပျုစောထီးများက အဓိက စစ်ဆေးပြီး ရဲနှင့်စစ်သားက စောင့်ကြည့်ရေးတာဝန်ယူထားသည်ကို​တွေ့ရ​​ကြောင်းခရီးသွားအချို့က​ပြောသည်။

Public Service Announcement

Public Service Announcement

ဥပဒေမဲ့ငွေတောင်းပါက တိုင်ကြားရန် ဗီနိုင်းဖြင့် စာကပ်ထားသော်လည်း ကားအ​သေးတစ်စီးလျှင် ၁၀၀၀ ကျပ် မှ ၃၀၀၀ ကျပ်ကြား ပေးနေကြရပြီး မှတ်ပုံတင်ဟောင်းနွမ်းနေသည့် ခရီးသည်များထံမှ ငွေကြေး ၅၀၀၀ မှ ၁၅၀၀၀ ကျပ်ကြား တောင်းယူပြီးမှ ပြန်လွှတ်သည်။

ပန်တိုင်ဂိတ်နှင့် ရန်ကုန် -ပုသိမ် -ဟင်္သာတလမ်းခွဲဖြစ်သော ဗိုလ်မြတ်ထွန်းတံတားအထိ စစ်ဆေးရေးဂိတ် သုံးခုရှိသည်။ ထိုတံတားမှ ပုသိမ်မြို့အထိ ပန်းတနော်၊ ကျောင်းကုန်းစသည့် မြို့များကိုဖြတ်သည်။ တံတားမှ ဟင်္သာတမြို့အထိ ညောင်တုန်း၊ ဓနုဖြူ၊ ဇလွန်မြို့တို့ကိုဖြတ်သည်။မြို့အဝင်နေရာများတွင် စစ်ဆေးရေးဂိတ်များရှိသည်။

အဆိုပါဂိတ်များသည်အာဏာသိမ်းပြီးနောက်ပိုင်းမှ ဖွင့်လိုက်ခြင်းဖြစ်သည်။ခရီးသွားကားများ၊ အိမ်စီးကားများအား စစ်‌ဆေးပြီး သံသယရှိသူများကိုဖမ်းဆီးခဲ့သည်။

၂၀၂၃ခုနှစ်တွင် ဂိတ်အချို့ကိုပြန်ရုပ်သိမ်းခဲ့သော်လည်း ၂၀၂၄ နှစ်ကုန်ပိုင်းတွင် ဧရာဝတီတိုင်းအတွင်းတိုက်ပွဲများဖြစ်ပြီးနောက်ဂိတ်များကိုပြန်ဖွင့်ထားပြီးစစ်ဆေးမှုများတင်းကျပ်ထားသည်။ လုံခြုံရေးအကြောင်းပြ၍စစ်ဆေးစဉ် ငွေကြေးခြိမ်းခြောက်တောင်းဆိုမှုများ ပြုလုပ်နေကြသည်။

ဧရာဝတီတိုင်းတွင်ပုသိမ်၊ ဟင်္သာတ၊ဖျာပုံ၊ မြောင်းမြ၊ မအူပင်မြို့အပါအဝင် ၂၆မြို့နယ်ရှိပြီး ရေလမ်းရော ကုန်လမ်းမှပါ ရန်ကုန်တိုင်းနှင့်ဆက်သွယ်ထားသည်။လက်ရှိတွင် ဧရာဝတီတိုင်းအတွင်း ရေကြည်၊ လေးမျက်နှာမြို့နယ်ဆက်စပ်​​ဒေများတွင် အာရက္ခတပ်တော်(AA)ဦး​ဆောင်​သော ပူးပေါင်းတပ်များ နှင့် စစ်​ကောင်စီတပ်တို့ကြားတိုက်ပွဲများဖြစ်နေသည်။

ထို့အပြင်ဧရာဝတီတိုင်းအတွင်း တိုက်ပွဲများ အရှိန်မြှင့်ဖော်ဆောင်သွားမည်ဟုအမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာနနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။