Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်ကျောက်စိမ်းလုပ်ကွက်အတွင်း တောင်ကမ်းပါးယံပဲ့ကျမှု ရေမဆေး ၁ဦး သေဆုံး

ဖားကန့်မြို့နယ်တွင် ကျောက်စိမ်းလုပ်ကွက်အတွင်း တောင်ကမ်းပါးယံပဲ့ကျပြီးကျောက်ရှာနေသူနှစ်ဦးပြုတ်ကျကာ တစ်ဦး သေဆုံးခဲ့သည်။

​သေဆုံးသူ၏ ရုပ်အ​လောင်းကို ဆယ်ယူလာစဥ်။ ဓါတ်ပုံ-CJ

ဇွန်-၂၉၊၂၀၂၅။ဇော်ရမ်း/People’s Spring

ဖားကန့်မြို့နယ်တွင် ကျောက်စိမ်းလုပ်ကွက်အတွင်း တောင်ကမ်းပါးယံပဲ့ကျပြီးကျောက်ရှာနေသူနှစ်ဦးပြုတ်ကျကာ တစ်ဦး သေဆုံးခဲ့သည်။

ကုဋေမှော်ရပ်ကွက်မှကျောက်စိမ်းလုပ်ကွက်အတွင်း တောင်ကမ်းပါးယံပဲ့ကျမှု ဇွန်လ၂၇ရက်က ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ရုပ်အလောင်းကိုဇွန်လ ၂၉ရက်နံနက်တွင် ဆယ်ယူနိုင်ခဲ့သည်။

​သေဆုံးသူ၏ ရုပ်အ​လောင်းကို ဆယ်ယူလာစဥ်။ ဓါတ်ပုံ-CJ

“လူငယ်နှစ်ယောက်ပြုတ်ကျသွားတာ။တစ်ယောက်က ဒဏ်ရာရလို့ ဆေးရုံမှာ။ တစ်ယောက်ကတော့အလောင်းပြန်ရပါပြီ”ဟုရေမဆေးကျောက်ရှာ ‌ဖွေသူတဦးကပြောသည်။

Public Service Announcement

Public Service Announcement

ဖားကန့်တွင် ယခုရက်ပိုင်း မိုးကောင်းနေပြီး ဇွန်လ၂၃ရက်ကလည မှော်စီစာရွာတွင် တောင်ကမ်းပါးယံပဲ့ကျပြီး ရေမဆေးတစ်ဦး ရေကန်အတွင်းပြုတ်ကျခဲ့သည်။ အချိန်မီကယ်ဆယ်နိုင်ခဲ့၍ အသက်မ​သေခဲ့​ပေ။

ဖားကန့်တွင်ဇွန်လ ၂၀ရက်ကလည်း ဆိပ်မူကျေးရွာအုပ်စု၊ မှော်ရှန်ကျေးရွာမှစွန့်ပစ်မြေစာပုံဟောင်းပြိုကျပြီး နှစ်ဦးသေဆုံးခဲ့သည်။ဖားကန့် မြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းများရှိနေ၍ စစ်ရေးတင်းမာနေ​သော​ကြောင့်ဒေသခံများ၊ရေမဆေးကျောက်ရှာဖွေသူများလုံခြုံရေးသတိပြုကြရန် KIA၊PDFက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က လုံးခင်းဆေးရုံကုန်းနဲ့ ဂေါက်ကွင်းအနီးမှာ စက်တင်ဘာ ၁၁ရက် ညနေကစပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲက ဧရာဝတီမြစ်ကြောင်းတိုက်ပွဲမှာ KIAနဲ့ KPDFတိုက်ခိုက်လို့ ထိခိုက်သေဆုံးမှုတွေများပြားနေချိန်မှာပဲ စစ်တပ်က ဖားကန့်မှာ စစ်ရေးလှုပ်ရှားမှုရှ်ိလာပြီး လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိနေပါတယ်။

သတင်း

စက်တင်ဘာမှာ ကျင်းပမယ့် (၈၁)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာပြည်သူတွေကို ကိုယ်စားပြုတဲ့ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုဆက်လက်အသိအမှတ်ပြုဖို့ တိုက်တွန်းတဲ့ လူထုလှုပ်ရှားမှုကို ကချင်ပြည်နယ် ဖားကန့်မြို့ မှာ ဒီနေ့(စက်တင်ဘာ၂) ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဖားကန့်မှာ စစ်ကောင်စီနဲ့ဝါရာဇွပ် ပြည်သူ့စစ်၊ရှမ်းနီတပ်(SNA)အဖွဲ့ ကာလရှည်တပ်စွဲထားတဲ့ နေရာကို ဒေသခံတွေပြန်ဝင်ဖို့ရှင်းလင်းစဉ် သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်း၂၅ လောင်း မြှုပ်နှံထားတဲ့နေရာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

Facebook