သတင်း ဒေါ်အောင်ဆန်းစုကြည်သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြပေးဖို့ “အမေများနေ့”မှာ အမေရိကန်ရောက်မြန်မာတွေ တောင်းဆို အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုဗေးဧရိယာမှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြဖို့ "Proof of life" ဆန္ဒပြတောင်းဆိုမှုကို မေလ ၁၀ ရက်မှာကျရောက်တဲ့ "အမေများနေ့"မှာ ပြုလုပ်ခဲ့ပါတယ်။ ludunwayooမေ 12, 2026
သတင်း ထိုင်းဝန်ကြီးချုပ်တုန်လှုပ်သွားတဲ့မြန်မာတစ်ဦးပိုင် ဘတ်သန်း ၅၀ တန် မှောင်ခိုကုန်စည်ဂိုဒေါင် မြန်မာတစ်ဦးပိုင်ဆိုင်ပြီးတရားမဝင်တင်သွင်းထားတဲ့အီလက်ထရောနစ် ပစ္စည်းတွေအများအပြားသိုလှောင်ထားရာကုန်လှောင်ရုံတစ်ခုကို ဝန်ကြီး ချုပ်အနူတင်ချန်ဝီယာကူကိုယ်တိုင်သွားရောက်စစ်ဆေးခဲ့ကြောင်းထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ludunwayooမေ 12, 2026
သတင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဧပြီမှာ ပြည်သူ ၁၄၀နီးပါး သေဆုံးရဟု NUGထုတ်ပြန် အကျဉ်းသားတွေ လွှတ်ပေးတာအပါအဝင် ဟန်ပြလုပ်ရပ်တွေလုပ်နေတဲ့ စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေလို့ ဧပြီအတွင်းမှာ အရပ်သား ပြည်သူ ၁၃၈ ဦးသေဆုံးခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ludunwayooမေ 12, 2026
နိုင်ငံတကာ သီရိလင်္ကာရဲ့ အထင်ကရ ဘုန်းတော်ကြီးတစ်ပါး သက်ငယ် မုဒိမ်းမှုနဲ့ အဖမ်းခံရ နိုင်ငံရဲ့ ဂုဏ်သတင်း အကြီးမားဆုံး ဘုန်းတော်ကြီးတစ်ပါးက သက်ငယ်မုဒိမ်းမှုနဲ့ အဖမ်းခံရတဲ့ သတင်းဟာ သီရိလင်္ကာ လူ့အဖွဲ့အစည်းကြားမှာ အပြင်းအထန် ဂယက်ရိုက်ခတ်သွားပါတယ်။ ludunwayooမေ 12, 2026
သတင်း ဖရူဆိုမှာ စစ်တပ်စစ်ကြောင်းထိုးလာလို့ ဒေသခံတွေ အရေးပေါ်စစ်ရှောင်၊ ပိတ်မိနေသူတွေရှိနေ ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်စစ် ကြောင်းထိုးလာတာကြောင့် ဒေသခံတွေ အရေးပေါ်စစ်ရှောင်နေရပြီး ပိတ်မိနေသူတွေရှိတယ်လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ CTER-Karenni က ဒီကနေ့ မေလ ၁၁ရက်မှာ ထုတ်ပြန်ပါတယ်။ ludunwayooမေ 12, 2026
နိုင်ငံတကာ အပစ်ရပ် သဘောတူညီမှု ချိုးဖောက်ကြောင်း ရုရှားနဲ့ ယူကရိန်း အပြန်အလှန် စွပ်စွဲ အမေရိကန် ကြားဝင် စေ့စပ်ပေးထားတဲ့ အပစ်ရပ် သဘောတူညီမှုကို ချိုးဖောက်ကြောင်း ယူကရိန်းနဲ့ ရုရှားတို့က အပြန်အလှန် စွပ်စွဲ ပြောကြားခဲ့ကြပါတယ်။ ludunwayooမေ 12, 2026
နိုင်ငံတကာ ဘေဂျင်းလာရောက်မယ့် ထရမ့်ရဲ့ ခရီးစဉ်ကို တရုတ်အစိုးရ တရားဝင် ကြေညာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် လာရောက် လည်ပတ်မယ့် နိုင်ငံတော် ခရီးစဉ်ကို တရုတ် အစိုးရက တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ludunwayooမေ 12, 2026
နိုင်ငံတကာ အီရန်ရဲ့ တုံ့ပြန်တောင်းဆိုချက်တွေက လက်ခံနိုင်စရာ မရှိဘူးလို့ ထရမ့်ဆို စစ်ရပ်စဲရေး သဘောတူညီမှုအတွက် အမေရိကန်ဖက်က ပေးပို့တဲ့ အဆိုပြုချက်ကို အီရန်က တုံ့ပြန် တောင်းဆိုထားတဲ့ ကိစ္စတွေဟာ လက်ခံနိုင်စရာ လုံးဝ မရှိဘူးလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။ ludunwayooမေ 12, 2026
နိုင်ငံတကာ သက်ဆင် ထောင်က ပြန်လွတ်လာ ထိုင်းဝန်ကြီးချုပ် သက်ဆင် ရှီနာဝတ်ထ်ဟာ ထောင်ဒဏ် ကျခံနေရာကနေ ပြန်လည် လွတ်မြောက်လာပြီ ဖြစ်ပါတယ်။ ludunwayooမေ 12, 2026
သတင်း ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း ခိုင်မာတဲ့သက်သေပြပေးဖို့ပြည်သူတွေတောင်းဆိုဆန္ဒပြ စစ်ကိုင်းတိုင်း၊ယင်းမာပင်နဲ့ရွှေဘိုမြို့နယ်ကသပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားနဲ့ ကျန်းကျန်းမာမာရှိကြောင်း ခိုင်လုံတဲ့ သက်သေပြပေးဖို့ "Proof of Life" လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။ ludunwayooမေ 11, 2026